နိုဝင်ဘာ ၊ ၁၂ ၊ ၂၀၂၃
SP ( VOM)
ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ်မှာ မနေ့ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းကလေယာဥ်မှူး နှစ်ဦး မောင်းနှင်တဲ့ တိုက်ခိုက်ရေးသုံးလေယာဥ်တစီး စက်ချို့ယွင်းပြီး ပျက်ကျသွားတယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောပါတယ်။
” ကယားပြည်နယ်ဘက်မှာ လေ့ကျင့်ရေး တိုက်ခိုက်ရေးသုံး အပေါ့စား လေယာဥ် တစ်စီး စက်ချို့ယွင်းစွာ ပျက်ကျသွားတယ် ၊လေယာဥ်မှူးနဲ့ တွဲဘက်လေယာဥ်မှူးနဲ့ ဆက်သွယ်မှုရရှိထားပြီဖြစ်တယ် ” လို့ သတင်းမီဒီယာတွေကို ဖြေထားပါတယ်။
ဖရူဆိုဒေသခံတွေဆီတယောက်ကလည်း သိရသလောက်ကို ခုလိုပြောပါတယ်။
” ညနေ ၅ နာရီဝန်းကျင်လောက်မှာ လေယာဥ်ပျက်ကျတာဖြစ်တယ် ၊ အဲ့ဒီ လေယာဥ်ပေါ်မှာ လေယာဥ်မှူး နှစ်ယောက်ပါတယ် ၊သူတို့က လေယာဥ်ပေါ်ကနေ လေထီးနဲ့ မြေပြင်ပေါ် ခုန်ချတယ် ၊ တယောက်က ဖရူဆိုမြို့ထဲကျတယ် ၊ ကျန်တယောက်က ဖရူဆိုမြို့နားမှာ ကျတယ် ”
ပြီးခဲ့တဲ့ ၂၀၂၁ တုန်းက လေ့ကျင့်ရေးသုံး တိုက်ခိုက်ရေး လေယာဥ်တစီးဟာ စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဆားတောင်မြို့နယ်ခွဲထဲက ရေခါးအင်းအတွင်း စက်ချို့ယွင်းပြီး ပျက်ကျလို့ လေယာဥ်မှူးနဲ့ တွဲဘက် လေယာဥ်မှူး တဦး သေဆုံးတာဖြစ်ခဲ့ဘူးပါတယ်။
မနေ့ နိုဝင်ဘာ ၁၁ ရက် မနက်အစောပိုင်းကစလို့ ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ၊ မြို့အပြင်ဘက်ရပ်ကွက်တွေဖြစ်တဲ့ ထေးငှားလျားရပ်ကွက်၊ ချီကယ်ရပ်ကွက်၊ နာနတ်တော်ရပ်ကွက် ၊ ရေယိုရွာ နဲ့ လွိုင်ကော်စက်မှုဇုံတို့ဘက်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်တယ်လို့ သိရပါတယ်။
ကယားပြည်နယ်မှာ တိုက်ပွဲတွေဖြစ်တဲ့အခြေအနေတွေအပြင် စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအကြောင်းကိုလည်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နေ့စဉ်လို ပြောပြလာတာတွေ့ရပါတယ်။
#voiceofmyanmar #VOM # တပ်မတော်သတင်းမှန် ပြန်ကြားရေး #ဗိုလ်ချုပ် ဇော်မင်းထွန်း #ကယားမှာတပ်လေယာဉ်ပျက်