ဂျကာတာ၊ နိုဝင်ဘာ-၂၁-၂၀၂၃
မျိုးဆက်(VOM)
ပြီးခဲ့တဲ့ခြောက်ရက်အတွင်း အင်ဒိုနီးရှားနိုင်ငံမြောက်ဘက်စွန်း အာချေးပြည်နယ်ကို မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည် ၁၀၀၀ နီးပါး စက်လှေတွေနဲ့ ရောက်ရှိခဲ့တယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေက ပြောပါတယ်။
သူတို့ဟာ ရက်ပေါင်းများစွာ ပင်လယ်ပြင်မှာနေခဲ့ရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်တဲ့ အဖွဲ့ငါးဖွဲ့နဲ့ လာခဲ့ကြတာလို့ဆိုပါတယ်။ အာချေးဥတာရာခရိုင်က ဒေသခံတွေကတော့ နောက်ဆုံးရောက်ရှိလာတဲ့ ရိုဟင်ဂျာ ၂၄၀ ကမ်းကပ်မယ့် ကိစ္စကို နှစ်ကြိမ်တိုင် ငြင်းဆိုခဲ့ပြီး နောက်ဆုံးမှာတော့ ရိုဟင်ဂျာတွေဟာ ဘိုင်ယူအန်ခရိုင်မှာ ကမ်းကပ်ခဲ့ကြပါတယ်။
ဒုက္ခသည်တွေ အတွက် ဆင်းသက်ခွင့်လက်မှတ်တွေရရှိထားလို့ အာဏာပိုင်တွေနဲ့ ဒေသခံတွေကို ကျေးဇူးတင်ကြောင်း၊ အနာဂါတ်မှာလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဆက်လက်ပေးမယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ပါတယ်။
ဒုက္ခသည်တွေဟာ မလေးရှားနိုင်ငံကို သွားရောက်ဖို့ ကြိုးပမ်းကြသူတွေဖြစ်ပေမယ့် သူတို့ခရီးစဉ်ဟာ အင်ဒိုနီးရှားမှာ အဆုံးသတ်ခဲ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အင်ဒိုနီးရှားဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂဒုက္ခသည်ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံမဟုတ်တာကြောင့် ဒုက္ခသည်တွေ လက်ခံရေး တာဝန်မရှိသူလို လက်ခံထားနိုင်တဲ့ စွမ်းရည်မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
အင်ဒိုနီးရှားအနေနဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကြောင်းပြချက်တခုတည်းနဲ့ တည်းခိုနေထိုင်ခွင့်ပေးထားတာဖြစ်ပြီး နိုင်ငံအချို့ကတော့ အစည်းအဝေးတွေ တံခါးပိတ်လုပ်ပြီး ဒုက္ခသည်အရေးဦးတည်တဲ့ တွန်းအားပေးမှုတွေ လုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref:TRT World
Photo: Reuters