မြန်မာ့အရေးဖြေရှင်းဖို့ အဓိကပါဝင်နေသူတွေရဲ့ အစည်းအဝေး အင်ဒိုနီးရှားမှာ ကျင်းပခဲ့

 

ဂျကာတာ၊ နိုဝင်ဘာ-၂၅-၂၀၂၃

မျိုးဆက်(VOM)

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေကျင်းရေးအတွက် အဓိကပါဝင်နေသူတွေ တက်ရောက်ခဲ့တဲ့ အစည်းအဝေးကို အင်ဒိုနီးရှားမှာ ကျင်းပခဲ့ပြီး အပြုသဘောဆောင်တဲ့ အလားအလာတွေရှိတယ်လို့ အင်ဒိုနီးရှားနိုင်ငံက ပြောပါတယ်။

အစည်းအဝေးကို နိုဝင်ဘာ ၂၀ ရက်ကနေ ၂၂ ရက်ထိ ဂျကာတာမှာကျင်းပခဲ့တာဖြစ်ပြီး ဒီမိုကရေစီလိုလားတဲ့ အဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ NUG တက်ရောက်ခဲ့ပြီး နစကဘက်က တိုက်ရိုက်ကိုယ်စားပြုသ ူမပါဝင်ပေမယ့် ကြားခံတဆင့်ပြန်ပြောနိုင်သူတွေ တက်ရောက်ခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြမထားပါဘူး။

ဒီဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနဲ့ အာဆီယံအကြားရရှိထားတဲ့ ဘုံသဘောတူညီချက်နဲ့အညီ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းမှုတွေကို ပံ့ပိုးကူညီဖို့ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အာဆီယံအထူးသံတမန်ရုံးဟာ ဖြစ်နိုင်ချေရှိတဲ့ ပဏာမတွေ့ဆုံဆွေးနွေးမှုတခုအတွက် တက်ရောက်ခဲ့တဲ့ အဖွဲ့တွေရဲ့ သတင်းစကားနဲ့ အပြန်အလှန်ဖလှယ်မှုတွေအတွက် အဆင်ပြေချောမွေ့အောင် လုပ်နိုင်ခဲ့ပြီး မကြာခင်မှာ စစ်မှန်တဲ့ဆွေးနွေးပွဲတွေအတွက် အပြုသဘောဆောင်တဲ့ အရိပ်အယောင်တွေ ပြသခဲ့တယ်လို့ ဆိုပါတယ်။

အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်အလဲဖြစ်ပွားပြီးနောက် အကျပ်အတည်းကို ဖြေရှင်းရေးမှာ အားလုံးပါဝင်ဖို့ တွန်းအားပေးနေပေမယ့် တိုးတက်ဖြစ်ထွန်းမှုကတော့ အနည်းငယ်သာရှိပါတယ်။

Ref:Reuters

Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW