မြန်မာ့အရေးဖြေရှင်းဖို့ အဓိကပါဝင်နေသူတွေရဲ့ အစည်းအဝေး အင်ဒိုနီးရှားမှာ ကျင်းပခဲ့

  ဂျကာတာ၊ နိုဝင်ဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) မြန်မာ့အရေးနဲ့ပတ်သက်ပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေကျင်းရေးအတွက် အဓိကပါဝင်နေသူတွေ တက်ရောက်ခဲ့တဲ့ အစည်းအဝေးကို အင်ဒိုနီးရှားမှာ ကျင်းပခဲ့ပြီး အပြုသဘောဆောင်တဲ့ အလားအလာတွေရှိတယ်လို့ အင်ဒိုနီးရှားနိုင်ငံက ပြောပါတယ်။ အစည်းအဝေးကို နိုဝင်ဘာ ၂၀ ရက်ကနေ ၂၂ ရက်ထိ ဂျကာတာမှာကျင်းပခဲ့တာဖြစ်ပြီး ဒီမိုကရေစီလိုလားတဲ့ အဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ NUG တက်ရောက်ခဲ့ပြီး နစကဘက်က တိုက်ရိုက်ကိုယ်စားပြုသ ူမပါဝင်ပေမယ့် ကြားခံတဆင့်ပြန်ပြောနိုင်သူတွေ တက်ရောက်ခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြမထားပါဘူး။ ဒီဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနဲ့ အာဆီယံအကြားရရှိထားတဲ့ ဘုံသဘောတူညီချက်နဲ့အညီ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းမှုတွေကို ပံ့ပိုးကူညီဖို့ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အာဆီယံအထူးသံတမန်ရုံးဟာ ဖြစ်နိုင်ချေရှိတဲ့ ပဏာမတွေ့ဆုံဆွေးနွေးမှုတခုအတွက် တက်ရောက်ခဲ့တဲ့ အဖွဲ့တွေရဲ့ သတင်းစကားနဲ့ အပြန်အလှန်ဖလှယ်မှုတွေအတွက် အဆင်ပြေချောမွေ့အောင်…

Read More

ဆန်စျေးတည်ငြိမ်ဖို့အတွက် စျေးကစားနေသူတွေကို အရေးယူမယ်

  ရန်ကုန်၊ နိုဝင်ဘာ ၂၅ – ၂၀၂၃ GG(VOM) ပြည်တွင်းဆန်စျေးကွက် ပြန်လည်မြင့်တက်လာတာနဲ့ပတ်သက်ပြီး စျေးကစားသူတွေကို ဖော်ထုတ်ပြီး ဥပဒေအရ အရေးယူသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချပ်MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ ဆန်အရောင်းဆိုင်တွေရဲ့ ဆန်ရောင်းချတဲ့စျေးနူန်းအ​ခြေအနေတွေကို လိုက်လံစစ်ဆေးတာတွေလုပ်နေပြီး ဆန်ရည်ညွှန်းစျေးနဲ့ ပြင်ပစျေးကွက်ပေါက်စျေး ကွာဟမှု အနည်းဆုံး ဖြစ်အောင်လုပ်နေတယ်လို့သိရပါတယ်။ “ရည်ညွှန်းစျေးနဲ့ ေစျးကွက်ပေါက်စျေးနီးနီးစပ်စပ်ရှိအောင် ဆောင်ရွက်သွားဖို့အစီအစဥ်ရှိပါတယ် မကြာခင် ဆန်အဟောင်းတွေအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့စျေးနူန်းတွေပြောဖို့ရှိတယ်၊ ပြီးတော့ စျေးကစားတဲ့သူတွေကိုဖော်ထုတ်ပြီးတော့ တားမြစ်တာ စည်းရုံးတာ ပညာပေးတာလုပ်မယ် မရဘူးဆိုရင်တော့ဥပဒေနဲ့အညီအရေးယူဖို့စီစဥ်တာတွေလုပ်ရမယ့်အနေအထားဖြစ်ပါတယ် ” လို​့ ဦးရဲမင်းအောင်က ပြောပါတယ်။ ဒီဇင်ဘာလမှာ မိုးဆန်အသစ်တွေရဲ့ ရည်ညွှန်းစျေး အပြင် ဆန်အဟောင်းတွေကိုပါ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရည်ညွှန်စျေး ထုတ်ပြန်ဖို့ရှိကြောင်း ၊ ဆန်အရောင်းဆိုင်တေ​ွအနေနဲ့ ဆန်ရည်ညွှန်းစျေးထက် ၁၀ ရာခိုင်နူန်းအထိသာ ကွာဟပြီးရောင်းချမှုကိုသာ လက်ခံမှာဖြစ်တယ်လို့သိရပါတယ်။ အကယ်၍ သတ်မှတ်ဆန်ရည်ညွှန်းစျေးထက်…

Read More

မြန်မာ – အိန္ဒိယ ချစ်ကြည်ရေးလမ်းမကြီးပေါ်က အရေးကြီး တာဝါစတေရှင် စခန်းကို ဒေသတွင်း လက်နက်ကိုင်တွေက ထိန်းချုပ်ထား

  နိုဝင်ဘာ ၊ ၂၅ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ် ၊ ယာကြီးကျေးရွာနဲ့ လာပို့ကျေးရွာကြား မြန်မာ – အိန္ဒိယ ချစ်ကြည်ရေး လမ်းမကြီးမှာရှိတဲ့ အရေးကြီး တာဝါစတေရှင် စခန်းကို မနေ့ နိုဝင်ဘာ ၂၄ ရက်က ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက တိုက်ခိုက် ထိန်းချုပ်လိုက်တယ်လို့ ကနီမြို့နယ်မှာ နေတဲ့ ဒေသခံတွေဆီက သိရပါတယ်။ ” မုံရွာ – ယာကြီး – ကလေးဝ ( မြန်မာ အိန္ဒိယ ချစ်ကြည်ရေး)ကားလမ်းပေါ်က ယာကြီးရွာဆိုတာရှိတယ် ၊ အဲ့ဒီရဲ့အထက် ကွမ်းပင်ရေ နတ်ထိပ် တောင်ဆိုတာရှိတယ် ၊ မဟူနောင်တန်းလို့လည်း ခေါ်တယ် ၊ အဲ့ဒီမှာ ဆက်သွယ်ရေး လုပ်ငန်းအတွက်…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၅ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၀၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၀၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

ရန်ကုန်တိုင်းအခြေစိုက် ပြည်တွင်းဘုရားဖူးလုပ်ငန်းတွေ အသိအမှတ်ပြုလက်မှတ် လျှောက်ရမယ်

  နိုဝင်ဘာ ၂၅ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်းအခြေစိုက် ပြည်တွင်းဘုရားဖူး ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူတွေအနေနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပေးတဲ့ “ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အသိအမှတ်ပြုလက်မှတ်” ကို လျှောက်ထားကြဖို့ ပြည်တွင်းဘုရားဖူးအသင်းက အသိပေးထုတ်ပြန်ပါတယ်။ ပြည်တွင်းဘုရားဖူးလုပ်ငန်းတွေ အသိအမှတ်ပြုလက်မှတ် ရယူလျှောက်ထားဖို့ တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားတာဖြစ်ပြီး အသိအမှတ်ပြုလက်မှတ်ကို ပြည်တွင်းဘုရားဖူးအသင်းဝင်ဖြစ်မှ လျှောက်ထားလို့ရမှာဖြစ်တယ်လို့ သိရပါတယ်။ “စည်းကမ်းတကျ‌လေး ဖြစ်အောင် နိုင်ငံတော်က လုပ်ပေးနေတာပါ။ ပြည်တွင်းခရီးသွားလုပ်ငန်းကို လုပ်မယ်ဆိုရင် တနိုင်တပိုင် လိုင်စင်လေးတွေဖြစ်တဲ့ ပြည်တွင်းအသိအမှတ်ပြုလိုင်စင် လျှောက်ကိုလျှောက်ရမယ်။ လိုင်စင်မရှိဘဲနဲ့ ဒီအလုပ်တွေကို လုပ်လို့မရဘူး။ အဲ့ဒါက ဘယ်မှာလျှောက်ရမလဲဆိုတော့ အသင်းကနေ ထောက်ခံချက်ယူပြီးတော့ ဟိုတယ်/ခရီးမှာ ပုံစံတွေထုတ်ရမယ်။ ဟိုတယ်/ခရီးက သတ်မှတ်တဲ့ပုံစံအတိုင်း ထောက်ခံစာတွေယူပြီးတော့ လိုအပ်တာတွေ ဖြည့်စွက်ပြီး ဟိုတယ်/ခရီးမှာပဲ ပြန်တင်ရတာ။ ဟိုတယ်/ခရီးကနေမှ ဒေသဆိုင်ရာ ခရီးသွားကော်မတီကို ပြန်တင်ပေးတာ။…

Read More

မဟာမိတ်ဖွဲ့လိုက်တဲ့ ထိုင်ဝမ်အတိုက်အခံပါတီနှစ်ခု သမ္မတလောင်းရွေးချယ်မှု သဘောကွဲလွဲ

  တိုင်ပေ၊ နိုဝင်ဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) မဟာမိတ်ဖွဲ့လိုက်တဲ့ ထိုင်ဝမ်အဓိကအတိုက်အခံပါတီနှစ်ခုဟာ ဇန်နဝါရီလရွေးကောက်ပွဲအတွက် သမ္မတလောင်းတယောက်ကို ပူးတွဲရွေးချယ်ဖို့ ဆွေးနွေးမှုမှာ သဘောကွဲလွဲမှုကြောင့် သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို သီးခြားစီ စာရင်းပေးသွင်းခဲ့ကြပါတယ်။ တိုင်ပေရှိ ဗဟိုရွေးကောက်ပွဲကော်မရှင်ဟာ သမ္မတလောင်းကိုယ်စားလှယ်လောင်းတွေ အမည်စာရင်း တင်သွင်းမှုကို ဒေသစံတော်ချိန် နိုဝင်ဘာ ၂၄ ညနေ ၅ နာရီ ၃၀ မိနစ်မှာ ပိတ်သိမ်းခဲ့ပြီဖြစ်ပါတယ်။ အဓိကအတိုက်အခံ ကူမင်တန်ပါတီမှ နယူးတိုင်ပေမြို့တော်ဝန် ဟိုယူအိုင်က သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ထိုင်ဝမ်ပြည်သူ့ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ကိုဝန်ဂျီက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ တရုတ်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ အတိုက်အခံကူမင်တန်ပါတီနဲ့ ထိုင်ဝမ်ပြည်သူ့ပါတီ နှစ်ပါတီပေါင်းပြီး သမ္မတလောင်းတယောက်ယှဉ်ပြိုင်မှုဟာ အာဏာရဒီမိုကရက်တစ်တိုးတက်ရေးပါတီအတွက် စိန်ခေါ်မှုအဖြစ် အကဲခတ်တွေက ရှုမြင်ထားခဲ့ကြပါတယ်။ ထိုင်ဝမ်ဒုသမ္မတ လိုင်ကျင်းတီဟာ အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီအတွက် ကိုယ်စားလှယ်လောင်းအဖြစ် နိုဝင်ဘာ ၂၁ ရက်ကတည်းက ရွေးကောက်ပွဲကော်မရှင်မှာ အမည်စာရင်းတင်သွင်းခဲ့ပါတယ်။ Ref:NHK…

Read More

တိုက်ပွဲတွေကြောင့် တလအတွင်း မြန်မာဒုက္ခသည် သုံးသိန်းသုံးသောင်းကျော်ထိ တိုးလာ

  ကုလသမဂ္ဂ၊ နိုဝင်ဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အောက်တိုဘာနှောင်းပိုင်းမှစပြီး နေရပ်စွန့်ထွက်ပြေးနေရတဲ့ ဒုက္ခသည် ၃၃၅၀၀၀ နီးပါးရှိလာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ်အပါအဝင် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ကျယ်ပြန့်လာနေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေဟာ စစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၂၀၀ ဝန်းကျင်သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ နေရပ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။ ယခုနှစ်အတွက် အကူအညီရန်ပုံငွေ ၂၈ ရာခိုင်နှုန်းသာ ရရှိထားသေးတာကြောင့် အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေအတွက် ထည့်ဝင်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေဟာ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ စစ်ရေးအသာစီးရယူနေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ မကြာသေးမီက ထိုးစစ်ဆင်မှုဟာ နိုင်ငံရေးအပြောင်းအလဲကို ချက်ချင်းဦးတည်သွားမှာ မဟုတ်သေးကြောင်း…

Read More

CNG ဆိုင်တွေမှာ မိုဘိုင်းအက်ပလီကေးရှင်း တုံကင်စနစ် ကျင့်သုံးမယ်

  နိုဝင်ဘာ ၂၅ – ၂၀၂၃ SN (VOM) CNG သဘာဝဓာတ်ငွေ့သုံး အရောင်းဆိုင်တွေမှာ ကားတွေ အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းရတာတွေကို လျှော့ချနိုင်ဖို့အတွက် မိုဘိုင်းအက်ပလီကေးရှင်း တုံကင်စနစ်ကို ကျင့်သုံး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနက သိရပါတယ်။ ဒီအက်ပလီကေးရှင်းမှာ CNG အရောင်းဆိုင်တွေရဲ့ ကြေညာချက်တွေ၊ နောက်ဆုံးရသတင်းတွေနဲ့ ခန့်မှန်းစောင့်ဆိုင်းရမယ့် ကြာချိန်တွေကို သိရှိရမှာဖြစ်ပြီး လက်ရှိမှာ ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီတခုနဲ့ ညှိနှိုင်းနေပြီး ကနဦးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ YBS ယာဉ်မောင်းတယောက်က “ဂက်စ်မကောင်းလို့ ကားတန်းရှည်တာ။ ဂက်စ်ကောင်းတဲ့အချိန်ဆို ဘယ်အချိန်မှ အကြာကြီးတန်းမစီရဘူး။ ဂက်စ်ကောင်းနေရင် ဘာအက်ပလီကေးရှင်းမှ လုပ်နေစရာမလိုဘူး။ ဂက်စ် အရည်အသွေးကောင်း၊ မီးမှန်၊ တွဲဆိုင်တွေ ခုထက်ပိုပေးနိုင်ရင် အဆင်ပြေပြီးသားလို့” လို့ ပြောပါတယ်။ မော်တော်ယာဉ်သုံး…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၂၅ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၂၅ ကျပ် ဝယ်ဈေး – ၃၃၇၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၄၀ ကျပ် ဝယ်ဈေး – ၂၄၉၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၅၂ ကျပ် ဝယ်ဈေး – ၃၆၆၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၅၆ ကျပ် ဝယ်ဈေး – ၉၅.၂၃ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၈ ကျပ် ဝယ်ဈေး – ၄၆၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၅ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။    

Read More
VOM News

FREE
VIEW