မဟာမိတ်ဖွဲ့လိုက်တဲ့ ထိုင်ဝမ်အတိုက်အခံပါတီနှစ်ခု သမ္မတလောင်းရွေးချယ်မှု သဘောကွဲလွဲ

 

တိုင်ပေ၊ နိုဝင်ဘာ-၂၅-၂၀၂၃

မျိုးဆက်(VOM)

မဟာမိတ်ဖွဲ့လိုက်တဲ့ ထိုင်ဝမ်အဓိကအတိုက်အခံပါတီနှစ်ခုဟာ ဇန်နဝါရီလရွေးကောက်ပွဲအတွက် သမ္မတလောင်းတယောက်ကို ပူးတွဲရွေးချယ်ဖို့ ဆွေးနွေးမှုမှာ သဘောကွဲလွဲမှုကြောင့် သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို သီးခြားစီ စာရင်းပေးသွင်းခဲ့ကြပါတယ်။

တိုင်ပေရှိ ဗဟိုရွေးကောက်ပွဲကော်မရှင်ဟာ သမ္မတလောင်းကိုယ်စားလှယ်လောင်းတွေ အမည်စာရင်း တင်သွင်းမှုကို ဒေသစံတော်ချိန် နိုဝင်ဘာ ၂၄ ညနေ ၅ နာရီ ၃၀ မိနစ်မှာ ပိတ်သိမ်းခဲ့ပြီဖြစ်ပါတယ်။

အဓိကအတိုက်အခံ ကူမင်တန်ပါတီမှ နယူးတိုင်ပေမြို့တော်ဝန် ဟိုယူအိုင်က သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ထိုင်ဝမ်ပြည်သူ့ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ကိုဝန်ဂျီက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

တရုတ်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ အတိုက်အခံကူမင်တန်ပါတီနဲ့ ထိုင်ဝမ်ပြည်သူ့ပါတီ နှစ်ပါတီပေါင်းပြီး သမ္မတလောင်းတယောက်ယှဉ်ပြိုင်မှုဟာ အာဏာရဒီမိုကရက်တစ်တိုးတက်ရေးပါတီအတွက် စိန်ခေါ်မှုအဖြစ် အကဲခတ်တွေက ရှုမြင်ထားခဲ့ကြပါတယ်။

ထိုင်ဝမ်ဒုသမ္မတ လိုင်ကျင်းတီဟာ အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီအတွက် ကိုယ်စားလှယ်လောင်းအဖြစ် နိုဝင်ဘာ ၂၁ ရက်ကတည်းက ရွေးကောက်ပွဲကော်မရှင်မှာ အမည်စာရင်းတင်သွင်းခဲ့ပါတယ်။

Ref:NHK

Photo:Bloomberg

 

Related posts

Leave a Comment

VOM News

FREE
VIEW