ငပလီက ဦးတေဇပိုင် ဟိုတယ်မီးလောင်

 

ရန်ကုန်၊ နိုဝင်ဘာ ၂၈ -၂၀၂၃

GG(VOM)

ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေက စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင်တဲ့ ထူးဟိုတယ်(ခေါ် ) Aureum Palace Hotel မှာ မနေ့ကနိုဝင်ဘာလ ၂၇ ရက်နေ့ညက မီးလောင်မှုဖြစ်ပွားပြီး အဆောက်အဦ အချို့မီးလောင်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။

မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိပေမယ့် ဟိုတယ်ရဲ့ ပစ္စည်းသိုလှောင်ထားတဲ့ စတိုခန်း သုံး ခန်း၊ လူနေဧည့်ခန်း နှစ် ခန်း မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

” စတိုခန်းကဝါယာရှော့ဖြစ်တာလို့ သိရတယ်။ဟိုတယ်ဝန်ထဲက အဆောင်တချို့ပါသွားတယ်၊ဟိုတယ် ဝင်ဝင်ချင်းပေါ့ ။ည ၈ နာရီလောက်မှာတော့ မီးကငြိမ်းပါတယ်။သံတွဲမီးသတ်လာတယ်။နယ်မြေခံ တာဝန်ရှိသူ တွေလည်းပါတယ်။” လို့ ငပလီ ကမ်းခြေက ခရီးသွားအခြေပြုလုပ်ငန်းလုပ်ကိုင်နေသူတယောက်ကပြောပါတယ်။

မီးလောင်ကျွမ်းမှုအနေနဲ့ ညနေ ၆ နာရီ ကျော်လောက်မှာစတင် လောင်ကျွမ်းပြီး ၈ နာရီ လောက်အထိငြှိမ်းသတ်ခဲ့ရတာကြောင့် မီးသတ်ချိန် ၁ နာရီလောက်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။

ဟိုတယ်က ပိတ်ထားတာကြောင့် မီးလောင်မှုဖြစ်ပွားချိန် ခရီးသွားဧည့်သည် တွေမရှိတဲ့အတွက် လူထိခိုက်မှုမရှိသလို မီးကိုလည်း အချိန်မှီငြှိမ်းနိုင်ခဲ့တာဖြစ်ကြောင်း၊ ပျက်စီးဆုံးရှူံးမှုတန်ဖိုးကိုတော့ သက်ဆိုင်ရာမီးသတ်ဌာနမှ တွက်ချက်နေဆဲဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တုန်းကလည်း ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ ဦးတေဇပိုင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်ပျက်စီးခဲ့ပြီး သေဆုံးသူနှစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။

အဲ့ဒီ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင်မှုကတော့ ဟိုတယ်တခုလုံးနီးပါး မီးလောင်ပျက်စီးခဲ့တာဖြစ်လို့ level ၄ အဆင့်နဲ့အချိန်ကြာမြင့်စွာငြှိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW