သရက်ခရိုင်ထဲက ရပ် / ကျေး အုပ်ချုပ်ရေးမှုတွေ ဒီရက်ပိုင်းအတွင်း ပစ်သတ်ခံရလို့ ခြောက်ယောက်သေဆုံး

 

နိုဝင်ဘာ ၊ ၂၈ ၊ ၂၀၂၃

SP( VOM)

မကွေးတိုင်း ၊ သရက်ခရိုင်အတွင်းက အထက် မင်းလှမြို့နယ်နဲ့ မင်းတုန်းမြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတွေ တပြိုင်တည်း ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ဖြစ်ပွားတာက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက် ညဦးပိုင်းကဖြစ်တယ် ၊ ဖြစ်ပွားတဲ့နေရာက အထက်မင်းလှနဲ့ မင်းတုန်းမြို့နယ် အစပ်က ရွာတွေမှာဖြစ်တယ် ၊ ၂၆ ရက် ညပိုင်း ၇ နာရီဝန်းကျင်လောက်မှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက မင်းတုန်မြို့နယ် ၊ တောင်ယံကျေးရွာက ရပ် / ကျေး အုပ်ချုပ်ရေးမှူး နေအိမ်ကို ဝင်ရောက်ပြီး အုပ်ကြီးကို ပစ်သတ်သွားတယ် ၊ အဲ့ဒီညက တခြား ရွာက အုပ်ကြီးတွေ လေးငါးယောက် အသတ်ခံရတယ် ” လို့ မင်းတုန်းမြို့ခံ လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ် ။

ဒါ့အပြင် အထက် မင်းလှမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်ကလည်း ” ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက် ၊ ညပိုင်းက လင်းကယ်ကျေးရွာ ၊ မီးလောင်ကုန်းကျေးရွာ ၊ ပေတောကုန်းကျေးရွာ ၊ ကဒေါင်းစောက်ကျေးရွာနဲ့ ကံ(အလယ်)ရွာ စတဲ့ကျေးရွာတွေမှာ ရပ် / ကျေး အုပ်ချုပ်ရေးမှူးတွေကို တချိန်တည်း တပြိုင်းတည်း ဆိုသလို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက နေအိမ်တွေမှာ ဝင်ရောက် ပစ်သတ်သွားတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဉ်တွေကြောင့် အထက်မင်းလှမြို့နယ်နဲ့ မင်းတုန်းမြို့နယ်ထဲက တချို့ ရပ် / ကျေး အုပ်ချုပ်ရေးမှူးတွေဟာ နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ကြတယ်လို့ သိရပါတယ်။

သရက်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အခုဖြစ်ပွားတဲ့ နေရာတွေက ရခိုင်ရိုးမတောင်တန်းတွေနဲ့ အလွန်နီးစပ်တယ် ၊ ပြီးခဲ့တဲ့ အောက်တိုဘာ လကတည်းက ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေဆီ ရခိုင်ဘက်က လက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက်လာတယ်လို့ သိရတယ် ၊ အဲ့ဒါကြောင့် လုံခြုံရေး အသိ သတိရှိကြဖို့ နှိုးဆော်ထားတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ဆင်ပေါင်းဝဲမြို့နယ် ၊ ကြက်မွှေးနုတ် တဲတိုက်ကျေးရွာမှာ အမျိုးသမီး ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW