အစ္စရေးနဲ့ ဟားမတ်စ်တို့ အပစ်ရပ်ကာလ နှစ်ရက်သက်တမ်းတိုး

 

တဲလ်အဗစ်၊ နိုဝင်ဘာ-၂၈-၂၀၂၃

မျိုးဆက်(VOM)

ဟားမတ်စ်အဖွဲ့ဟာ သုံးနှစ်သားအမွှာကလေးတွေအပါအဝင် အစ္စရေးဓါးစာခံ ၁၁ ယောက်ကို လွှတ်ပေးခဲ့တာကြောင့် ပြန်လည်လွှတ်မြောက်လာတဲ့ အစ္စရေးဓါးစာခံဦးရေ ၅၀ ထိရှိလာပြီဖြစ်ပါတယ်။

အစ္စရေးကလည်း အပြန်အလှန်အားဖြင့် ပါလက်စတိုင်း ၃၃ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကလေးအယောက် ၃၀ နဲ့ အမျိုးသမီး သုံးယောက်ပါဝင်ခဲ့ပါတယ်။

လေးရက်ကြာ ယာယီအပစ်အခတ်ရပ်စဲရေး သက်တမ်းမကုန်မီနာရီပိုင်းအလိုမှာ အစ္စရေးနဲ့ဟားမတ်စ်တို့ဟာ အပစ်အခတ်ရပ်စဲရေးကို နှစ်ရက်ကြာ သက်တမ်းတိုးဖို့ သဘောတူလိုက်ကြကြောင်း ကြားဝင်ညှိနှိုင်းပေးနေတဲ့ ကာတာတာဝန်ရှိသူတွေက ပြောပါတယ်။

မနေ့က နိုဝင်ဘာ ၂၇ ရက်မှာတော့ ဂါဇာကမ်းမြှောင်ဒေသကို လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကုန်တင်ကားကြီးတွေ ဝင်ရောက်လာပြီး အစားအစာ လောင်စာနဲ့ ဆေးဝါးတွေ ဖြန့်ဖြူးပေးနေကြပါတယ်။

ဂါဇာရှိ ဒေသခံတွေဟာ သူတို့ဘယ်ကိုဦးတည်ရမယ်ဆိုတာ သေချာမသိကြသေးပေမယ့် ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ ညွှန်ကြားချက်အရ ဂါဇာတောင်ပိုင်းကို ဆက်လက်ရှောင်တိမ်းနေကြပါတယ်။

ဟားမတ်စ်တို့နဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ ဖြစ်နိုင်ဖွယ်မရှိကြောင်း ဗြိတိန်ဆိုင်ရာ အစ္စရေးသံအမတ်ဟောင်း မာ့ခ်ရီဂတ်ဗ်က သုံးသပ်ထားပြီး အပစ်ရပ်ကာလနှစ်ရက်တိုးတာကနေ ကာလရှည်ကြာ အပစ်ရပ်ဖို့ကို နိုင်ငံရေးအကဲခတ်တွေက စောင့်ကြည့်နေကြပါတယ်။

နိုဝင်ဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁၂၀၀ သေဆုံးပြီး ၂၄၀ ပြန်ပေးဆွဲခံခဲ့ရကာ အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာမှာတော့ လူပေါင်း ၁၄၅၀၀ ကျော်သေဆုံးခဲ့ပြီဖြစ်ပါတယ်။

Ref:BBC

Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW