ကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ငြိမ်းချမ်းရေးနိုဘယ်ဆုရင် ဟန်နရီကစ်ဆင်ဂျာ ကွယ်လွန်

 

ဝါရှင်တန်၊ နိုဝင်ဘာ-၃၀-၂၀၂၃

မျိုးဆက်(VOM)

အမေရိကန်နိုင်ငံခြာရေးဝန်ကြီးဟောင်း ဟန်နရီကစ်ဆင်ဂျာဟာ ကွန်နက်တီကတ်ရှိ နေအိမ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင့် သူ့မိသားစုက အတည်ပြုပြောဆိုပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၁၀၀ ရှိပြီဖြစ်တဲ့ ကစ်ဆင်ဂျာဟာ ၁၉၆၈ ခုနှစ် သမ္မတရစ်ချက်နစ်ဆင်လက်ထက်မှာ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ၁၉၇၃ ခုနှစ်မှာတော့ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာခဲ့ပြီး သမ္မတနစ်ဆင်နဲ့ သမ္မတဂျရယ်ဖို့ဒ်လက်ထက်ထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမှုထမ်းခဲ့ပါတယ်။

ကစ်ဆင်ဂျာဟာ အမေရိကန်နဲ့ တရုတ်တို့အကြား တင်းမာမှုရှိနေချိန် ၁၉၇၁ ခုနှစ်မှာ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒအပေါ် လွှမ်းမိုးမှုရှိခဲ့ကြောင်း တရုတ်နိုင်ငံသတင်းဌာနတွေက ဖော်ပြထားပါတယ်။

သူဟာ ဗီယက်နမ်မှာ အမေရိကန်ရဲ့ စစ်ရေးပါဝင်ပတ်သက်မှုကို တရားဝင်အဆုံးသတ်နိုင်ခဲ့တဲ့ ပါရီငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ပါဝင်ကူညီမှုတွေကြောင့် ၁၉၇၃ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံ့ခဲ့ရပါတယ်။

ကစ်ဆင်ဂျာဟာ မကြာသေးမီအချိန်ကထိ အမေရိကန်ရဲ့ သံတမန်ရေးရာမှာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေကို ဖြေလျော့ဖို့ ကြိုးပမ်းမှုအဖြစ် ဇူလိုင်လမှာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဂျာမနီမှာမွေးဖွားခဲ့တဲ့ ကစ်ဆင်ဂျာဟာ ၁၉၃၈ ခုနှစ်မှာ အမေရိကန်ကို ရောက်ရှိခဲ့ပြီး ၁၉၄၃ ခုနှစ်မှာ အမေရိကန်နိုင်ငံသားဖြစ်လာကာ အမေရိကန်စစ်တပ်မှာ သုံးနှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Ref:NHK

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW