မင်းကင်းနယ် အင်ကြင်းတောင်ရွာမှာ တိုက်ခိုက်ခံရလို့ ရွာခံ ခြောက်ယောက်သေဆုံး ၊ ဘုန်းကြီးတပါးဒဏ်ရာရ

  နိုဝင်ဘာ ၊ ၂၈ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ် ၊ အင်ကြင်းတောင်ရွာမှာ မနေ့ နိုဝင်ဘာ ၂၇ ရက် ၊မနက်အစောပိုင်း ၃ နာရီဝန်းကျင်က အ မည်မသိ လက်နက်ကိုင်အဖွဲ့က ရွာကို ဝင်ရောက် တိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူတွေနဲ့ လူနေအိမ် တွေ မီးလောင်ပျက်စီးရတယ်လို့ မင်းကင်းမြို့ခံ နိုင်ငံရေး အသိုင်းအဝိုင်းဆီက သိပါရတယ်။ ” မနေ့က ရွာမှာ စုပေါင်း ကထိန်ပွဲရှိတယ်ဆိုတော့ ချက်ရေးပြုတ်ရေးအတွက် အိပ်ယာထတဲ့ သူတွေထကြပြီဖြစ်တယ် ၊ မနက် ၃ နာရီဝန်းကျင်လောက်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့ လူအင်အား ၂၀၀ ကျော်လောက်က ရွာကို ဝင်ရောက်တိုက်ခိုက်တယ် ၊ မနက် ၉ နာရီလောက်အထိ…

Read More

This Day in History

  Voice of Myanmar အမေရိကန်သမ္မတ ရုစဗဲ့၊ ဗြိတိန်၀န်ကြီးချုပ် ၀င်စတန်ချာချီနှင့် ဆိုဗီယက်ခေါင်းဆောင် ဂျိုးဆက်စတာလင်တို့သည် ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေတွင် ကမ်းတက်တိုက်ပွဲဆင်ကာ ဂျာမနီကို အပြီးသတ်တိုက်ခိုက်ရန် အစီအစဉ်နှင့်ပတ်သက်၍ ၁၉၄၃ ခုနှစ် နို၀င်ဘာ ၂၈ ရက်တွင် တီဟီရန်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။  

Read More

ကျွန်မတို့ငယ်ငယ်က နှင့် လွမ်းဖွယ့် မွေးနေ့ပွဲများ

  ဆူးငှက် ၁၉၉၄ခုနှစ် လူထုကြီးပွားရေး စာအုပ်တိုက်ကို ရောက်တော့ ကျွန်တော် ပထမဆုံး ပရု(ပ်)ဖတ်ရသည့် စာအုပ်က ဒေါ်ဒေါ်၏ ကျွန်မတို့ ငယ်ငယ်က စာအုပ်ဖြစ်သည်။ သည်စာအုပ်က စန္ဒာမဂ္ဂဇင်း၊ သဘင်မဂ္ဂဇင်းနှင့် လုံမလေး မဂ္ဂဇင်းတို့တွင် ဒေါ်ဒေါ်ရေးခဲ့သော ဆောင်းပါးများကို စုစည်းထားခြင်းဖြစ်၏။ “ကျွန်မတို့ ငယ်ငယ် က” စာအုပ်မှာ ဒေါ်ဒေါ်ရေးနေကျ စာပေအနုပညာ ယဉ်ကျေးမှု မဟုတ်ဘဲ ဒေါ်ဒေါ့် ငယ်ဘ၀ အစိပ်အပိုင်း ဖြစ်လေတော့ စိတ်ဝင်စားစရာ ကောင်းလှသည်။ ငယ်ဘဝကို ရေးသားရင်း ကိုလိုနီခေတ် မန္တလေး၏ ပုံရိပ်တွေကို အထင်းသားမြင်လာရသည်။ အထူးသဖြင့် ဒေါ်ဒေါ်က သူ့မိခင်၏ မိဘများဇာတိ လက်တောင်းကြီးက အမျိုးတွေအကြောင်း ရေးရာတွင် သရုပ်ပီလွန်းလှသည်။ ဒေါ်ဒေါ့်အဘွား ဒေါ်ရုပ်ဆိုးနှင့် လက်တောင်းကြီးက အဘွား ညီအစ်မဝမ်းကွဲ ဒွေးခုံ၊ ဒွေးဆုံနှင့် ဒွေးလုံတို့ အကြောင်း။ ဒေါ်ဒေါ်ပြောပြသော…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၇ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၀၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၀၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ရွှေ၊ ငွေနဲ့ စက်သုံးဆီ တပတ်တာဈေးကွက်

    နိုဝင်ဘာ ၂၇ – ၂၀၂၃ SN (VOM) လက်ရှိ နိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေကြောင့် ပြည်တွင်းရွှေဈေး၊ ဒေါ်လာဈေးနဲ့ စက်သုံးဆီဈေးနှုန်းတွေဟာလည်း အတက်အကျမငြိမ် ဖြစ်နေခဲ့ပါတယ်။ နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ တပတ်တာကာလအတွင်း ပြည်တွင်းရွှေဈေးဟာ ၃၆ သိန်းကျော်ဝန်းကျင်နဲ့ အမြင့်ဈေးမှာ အတက်အကျ အနည်းငယ်ဖြစ်ပေါ်နေပြီး အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကတော့ ၃၅၀၀ အောက်ကို ပြန်လည် ရောက်ရှိနေပါတယ်။ ကားတန်းရှည်တွေနဲ့ အချိန်ပေး စောင့်ဆိုင်းပြီး တန်းစီဝယ်ယူနေရတဲ့ စက်သုံးဆီဈေးတွေကတော့ အနည်းငယ် ပြန်လည်မြင့်တက်လာပါတယ်။ နိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဘဏ်တွေမှာ ငွေထုတ်မရတဲ့ ပြဿနာတွေ ဖြစ်ပေါ်ခဲ့ခြင်း၊ ဘဏ်ခွဲတချို့ ပိတ်သိမ်းခြင်းနဲ့ စက်သုံးဆီ ဝယ်ယူလို့မရခြင်း စတဲ့ အခက်အခဲတွေကြောင့် လုပ်ငန်းရှင်တချို့ ရွှေဝယ်ယူစုဆောင်းလာကြတဲ့အတွက် ပြည်တွင်း ရွှေဈေးနှုန်းဟာ အခု…

Read More

ကျွန်မတို့ငယ်ငယ်က နှင့် လွမ်းဖွယ့် မွေးနေ့ပွဲများ

  ဆူးငှက်       ၁၉၉၄ခုနှစ် လူထုကြီးပွားရေး စာအုပ်တိုက်ကို ရောက်တော့ ကျွန်တော် ပထမဆုံး ပရု(ပ်)ဖတ်ရသည့် စာအုပ်ကဒေါ်ဒေါ်၏ ကျွန်မတို့ ငယ်ငယ်က စာအုပ်ဖြစ်သည်။ သည်စာအုပ်က စန္ဒာမဂ္ဂဇင်း၊ သဘင်မဂ္ဂဇင်းနှင့် လုံမလေး မဂ္ဂဇင်းတို့တွင်ဒေါ်ဒေါ်ရေးခဲ့သော ဆောင်းပါးများကို စုစည်းထားခြင်းဖြစ်၏။     “ကျွန်မတို့ ငယ်ငယ် က” စာအုပ်မှာ ဒေါ်ဒေါ်ရေးနေကျ စာပေအနုပညာ ယဉ်ကျေးမှု မဟုတ်ဘဲ ဒေါ်ဒေါ့် ငယ်ဘ၀ အစိပ်အပိုင်းဖြစ်လေတော့ စိတ်ဝင်စားစရာ ကောင်းလှသည်။ ငယ်ဘဝကို ရေးသားရင်း ကိုလိုနီခေတ် မန္တလေး၏ ပုံရိပ်တွေကို အထင်းသားမြင်လာရသည်။ အထူးသဖြင့် ဒေါ်ဒေါ်က သူ့မိခင်၏ မိဘများဇာတိ လက်တောင်းကြီးက အမျိုးတွေအကြောင်း ရေးရာတွင်သရုပ်ပီလွန်းလှသည်။ ဒေါ်ဒေါ့်အဘွား ဒေါ်ရုပ်ဆိုးနှင့် လက်တောင်းကြီးက အဘွား ညီအစ်မဝမ်းကွဲ ဒွေးခုံ၊ ဒွေးဆုံနှင့် ဒွေးလုံတို့အကြောင်း။ ဒေါ်ဒေါ်ပြောပြသော…

Read More

ထိုင်းက မင်္ဂလာပွဲတခုမှာ သတို့သားက သတို့သမီးပါအဝင် လူလေးယောက်ကို ပစ်သတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်

    ဘန်ကောက်၊ နိုဝင်ဘာ-၂၇-၂၀၂၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ မင်္ဂလားပွဲတခုမှာ သတို့သားက သတို့သမီးအပါအဝင် လူလေးယောက်ကို ပစ်သတ်မှုပြီးနောက် သူ့ကိုယ်သူလည်း အဆုံးစီရင်သွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သတို့သားဟာ အသက် ၂၉ နှစ်အရွယ် ချာတူရွန်ဆိုသူဖြစ်ပြီး သူဟာ မသန်စွမ်းအားကစားလက်ရွေးစင်နဲ့ ထိုင်းစစ်သားဟောင်းတယောက်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ သူဟာ အသက် ၄၄ နှစ်အရွယ် ကန်ချနာပါချွန်သက်နဲ့ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ စနေ့နေ့က လက်ထပ်ခဲ့ကြပြီး ညပိုင်းဧည့်ခံပွဲလုပ်ချိန်မှာ သတို့သမီးနဲ့ အခြားသူတွေကို ပစ်သတ်ခဲ့တာြ်ဖစ်ပါတယ်။ ချာတူရွန်ဟာ ဧည့်ခံပွဲကနေ ရုတ်တရက်ထွက်သွားပြီးနောက် သေနတ်တလက်နဲ့ ပြန်ရောက်လာခဲ့ပြီး သတို့သမီး၊ သူမရဲ့အမေဖြစ်သူ အသက် ၆၂ နှစ်အရွယ်အမျိုးသမီးနဲ့ ၃၈ နှစ်အရွယ်ညီမဖြစ်သူတို့ကို ပစ်သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ပွဲလာတက်တဲ့ ဧည့်သည်တွေထဲက နှစ်ယောက်ဟာလည်း သေနတ်ထိမှန်ခဲ့ပြီး ဆေးရုံအရောက်မှာတော့ တယောက်သေဆုံးခဲ့ပါတယ်။ အခင်ဖြစ်ပွားချိန်မှာတော့…

Read More

နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်းမှာ လက်နက်ကိုင်ဓါးပြတွေက လူ ၁၀၀ ကျော်ကို ပြန်ပေးဆွဲ

  အဘူဂျာ၊ နိုဝင်ဘာ-၂၇-၂၀၂၃ မျိုးဆက်(VOM) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ လက်နက်ကိုင်ဓါးပြတွေက လူ ၁၀၀ ကျော်ကို ပြန်ပေးဆွဲသွားကြောင်း ဒေသခံတွေကပြောပါတယ်။ ဇာမ်ဖာရာပြည်နယ်ရှိ ရွာတွေကို မော်တော်ဆိုင်ကယ်စီးလက်နက်ကိုင်တွေက ဝင်ရောက်စီးနှင်းခဲ့ပြီး သူတို့ကို အခွန်ပေးဆောင်ဖို့ ပျက်ကွက်တာကြောင့် ဒေသခံတွေကို ပြန်ပေးဆွဲသွားတာဖြစ်ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။ အခွန်ပေးဆောင်ဖို့ ငွေစုနေကြချိန်မှာ သေနတ်သမားတွေက ရုတ်တရက်ရောက်လာရောက် လုယက်မှုတွေ ပြုလုပ်ကာ လူ ၁၀၀ ကျော်ကို ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူ အများစုကတော့ အမျိုးသမီးများနဲ့ ကလေးငယ်တွေဖြစ်ကြပါတယ်။ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူတယောက်သေဆုံးသွားကြောင်း သိရပါတယ်။ လုံခြုံရေးအခြေအနေ ယိုယွင်းနေတဲ့ နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ မကြာသေးမီနှစ်တွေ အတွင်း ပြန်ပေးဆွဲခံရမှုတွေ တိုးပွားလာနေပါတယ်။ လက်နက်ကိုင်ဂိုဏ်းတွေနဲ့ ဓါးပြဂိုဏ်းတွေဟာ ကျေးရွာတွေ ၊ ကျောင်းတွေရှိ ကျောင်းသားကျောင်းသူတွေနဲ့ ခရီးသွားတွေကို ပြန်ပေးဆွဲပြီး ရွေးနှုတ်ငွေသန်းပေါင်းများစွာ တောင်းခံလေ့ရှိပါတယ်။ Ref:BBC…

Read More

အစ္စရေးနဲ့ဟားမတ်စ်တို့ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖွယ်ရှိ

  ဂါဇာစီးတီး၊ နိုဝင်ဘာ-၂၇-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးနဲ့ လေးရက်ကြာ အပစ်အခတ်ရပ်စဲထားမှုကို သက်တမ်းတိုးဖို့နဲ့ ပြန်လွှတ်ပေးတဲ့ ဓါးစာခံအရေအတွက်ကို ဒီထက်တိုးမြှင့်ဖို့ လုပ်ဆောင်နေတယ်လို့ ဟားမတ်စ်အဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မူလသဘောတူညီချက်ကို သက်တမ်းတိုးနိုင်တယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကလည်း ပြောဆိုထားပေမယ့် အပစ်ရပ်ကာလပြီးသွားရင်တော့ ဂါဇာမှာ စစ်ဆင်ရေးတွေ အင်ပြည့်အားပြည့် ပြန်လည်စတင်မယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်း လက်ရှိအပစ်အရပ်သဘောတူညီချက် နောက်ဆုံးနေ့ဖြစ်တဲ့ တနင်္လာနေ့မှာ အစ္စရေးဓါးစာခံတွေနဲ့ ပါလက်စတိုင်းအကျဉ်းသားတွေကို အပြန်အလှန်လွှတ်ပေးဖို့ရှိနေပါတယ်။ မနေ့ကတော့ အစ္စရေးဓါးစာခံ ၁၄ ယောက်နဲ့ နိုင်ငံခြားသားသုံးယောက်ကို ဟားမတ်စ်တို့က ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးဘက်ကလည်း ပါလက်စတိုင်းအကျဉ်းသား ၃၉ ယောက်ကို လွှတ်ပေးခဲ့ပါတယ်။ ဂါဇာရှိ ပါလက်စတိုင်းတွေအတွက် လောင်စာဆီ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြားသောထောက်ပံ့ရေးပစ္စည်းတွေ ဝင်ရောက်နိုင်ရေးအတွက် အစ္စရေးနဲ့ဟားမတ်စ်တို့အကြား လေးရက်ကြာ ယာယီအပစ်အခတ်ရပ်စဲခဲ့ကြတာဖြစ်ပါတယ်။ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၇ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၂၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More
VOM News

FREE
VIEW