မူဆယ် ၁၀၅ မိုင်မှာ တိုက်ပွဲ​တွေ ဆက်လက်ဖြစ်ပွား ၊ကုန်သွယ်ရေးဇုန်ထဲက အဆောက်အဦးနဲ့ ကားအချို့ ထိခိုက်ပျက်စီးပြီး ကုန်ကားသမား တယောက်သေဆုံး

  နိုဝင်ဘာ ၂၇၊ ၂၀၂၃ Shy V(VOM) မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးစခန်း ရှိရာ မူဆယ် ၁၀၅ မိုင်မှာ တိုက်ပွဲ ဖြစ်ပွားပြီး ကုန်သွယ်ရေးဇုန်ထဲက အဆောက်အဦး အချို့နဲ့ ကား အချို့ ထိခိုက်ပျက်စီးပြီး ကုန်ကားသမား တယောက် သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ည ၈ နာရီ လောက်ကတည်းက တိုက်ပွဲ ပြင်းထန်လာတာ။ ကားသမား ၁ ဦးတော့ သူငှားနေတဲ့ အခန်းပေါ် လက်နက်ကြီးကျလာလို့ ထိသွားတယ်။ ကူဖို့သွားတာ အသက် မမီ လိုက်ဘူး။ ကုန်သွယ်ရေး ဇုန်ထဲတော့ လူ မထိဘူး။ ကားတွေနည်းနည်း ပါးပါးထိတယ်။ ကုန်စစ်စ်နဲ့ အဆောက်အဦးတွေထိတယ်။ လမ်းဆုံနားက တိုက်တန်းလျားထိတယ်။ ရွာထဲတော့ ဘယ်လောက်ထိထားလဲ အကုန် မသိရသေးဘူး” လို့ဘဒေသခံ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၂၇ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၂၅ ကျပ် ဝယ်ဈေး – ၃၃၇၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၃၅ ကျပ် ဝယ်ဈေး – ၂၄၈၅ ကျပ် -ယူရို ရောင်းဈေး – ၃၇၃၃ ကျပ် ဝယ်ဈေး – ၃၆၄၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၀၈ ကျပ် ဝယ်ဈေး – ၉၄.၇၈ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၈ ကျပ် ဝယ်ဈေး – ၄၆၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

မြန်မာပြည်တွင်း ပဋိပက္ခတွေ ချက်ချင်းရပ်ဖို့ တရုတ်စစ်တပ် တိုက်တွန်း

  ပေကျင်း၊ နိုဝင်ဘာ-၂၇-၂၀၂၃ မျိုးဆက်(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နားက နယ်စပ်ကုန်သွယ်ရေးစခန်းကို ထိန်းချုပ်လိုက်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထုတ်ပြန်ကြေညာပြီးနောက်မှာ မြန်မာနိုင်ငံမှာ ကျယ်ပြန့်လာတဲ့ ပြည်တွင်းပဋိပက္ခတွေ ချက်ချင်းရပ်ဖို့ တရုတ်စစ်တပ်က တိုက်တွန်းလိုက်ပါတယ်။ တရုတ်စစ်တပ်အနေနဲ့ နယ်စပ်လုံခြုံရေးကို အကာအကွယ်ပေးဖို့ ဆုံးဖြတ်ထားကြောင်း တရုတ်စစ်တပ်ရဲ့ ပီအယ်လ်အေနေ့စဉ်သတင်းစာက ဖော်ပြထားပါတယ်။ တရုတ်-မြန်မာ နယပ်စပ်တည်ငြိမ်ရေးကို ထိန်းသိမ်းတာဟာ နှစ်နိုင်ငံပြည်သူတွေရဲ့ ဘုံသဘောဆန္ဒနဲ့ အကျိုးစီးပွားဖြစ်ပြီး ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို တရုတ်နိုင်ငံ အာရုံစိုက်နေပြီး တင်းမာမှုတွေမြင့်တက်လာတာကို ရှောင်ရှားဖို့ သက်ဆိုင်ရာအင်အားစုတွေကို အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းစွာ အဖြေရှာဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။ တရုတ်နဲ့ မြန်မာစစ်တပ်တို့ဟာ နှစ်နိုင်ငံနယ်စပ်တလျှောက်မှာ လေးရက်ကြာစစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့ စနေနေ့က စတင်နေပြီးဒါဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ဒါဟာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တင်းမာမှုတွေလျှော့ချဖို့ သတင်းစကားပါးလိုတာဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။ ဒီလေ့ကျင့်မှုတွေဟာ နယ်စပ်ဒေသ…

Read More

This Day in History

Voice of Myanmar ဒိုင်းနမိုက်နှင့် အခြားသောအစွမ်းထက် ဖောက်ခွဲရေးပစ္စည်းများကို တီထွင်ခဲ့သူ ဆွီဒင် ဓါတုဗေဒပညာရှင် အဲဖရက်နိုဘယ်၏ဆန္ဒအရ နိုဘယ်ဆုဖောင်ဒေးရှင်းကို ၁၈၉၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် တည်ထောင်ခဲ့သည်။

Read More

ေကျာက်ထုနယ် ပန်းဆန်ဘုန်းကြီးကျောင်းမှာ လက်နက်ကြီး ထိမှန်လို့ အရပ်သား သုံးယောက် သေဆုံးပြီး ဘုန်းကြီးတပါး ဒဏ်ရာပြင်းထန်

  နိုဝင်ဘာ ၊ ၂၇ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ကျောက်ထုမြို့နယ် ၊ ပန်းဆန်ကျေးရွာဘုန်းကြီးကျောင်းပေါ်ကို မနေ့ နိုဝင်ဘာ ၂၆ ရက် ၊ ည ၈ နာရီဝန်းကျင်က လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ထိခိုက်သေဆုံး ၊ ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ကျောက်ထုနယ်တခုလုံးမှာက ၊ ဘုံကထိန်ခင်းတဲ့ ရက်ဆိုတော့ ရွာတိုင်းမှာလိုလို ဘုန်းကြီးကျောင်းတွေမှာ လူစည်ကားတာတွေရှိတယ် ၊ ညက ၈ နာရီထိုးပြီးတော့ လက်နက်ကြီး ပေါက်ကွဲသံတွေကြားရတယ် ၊ ပန်းဆန်ရွာက ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီးကျည် နှစ်ချက် ကျရောက်ပေါက်ကွဲတယ် ၊ ကျောက်ထုနယ်မှာက စစ်တပ်လည်းရှိတယ် ၊ နောက်ပြီး ဒေသတွင်း လက်နက်ကိုင်…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၆ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ယူကရိန်းမြို့တော် ကိယက်ဗ်ကို အီရန်လုပ် အသေခံဒရုန်းအများအပြားနဲ့ ရုရှားတိုက်ခိုက်

  ကိယက်ဗ်၊ နိုဝင်ဘာ-၂၆-၂၀၂၃ မျိုးဆက်(VOM) ရုရှားဟာ ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်မှုအကြီးအကျယ်ပြုလုပ်ခဲ့ပါတယ်။ ကိယက်ဗ်အပါအဝင် နေရာခြောက်ခုထက်မနည်းမှာ အီရန်လုပ် အသေခံဒရုန်း ၇၅ စင်းနဲ့ တိုက်ခိုက်ခဲ့ပြီး ဒီထဲက ၇၄ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ မြို့တော်အနီးတဝိုက်မှာ ဒရုန်းအစင်း ၆၀ ကျော်ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဒရုန်းတွေပျက်ကျမှုကြောင့် ကလေးငယ်တယောက်အပါအဝင် လူငါးဦးဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံများစွာ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် မြို့တော်ကိယက်ဗ်မှာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ တမင်တကာအကြမ်းဖက်တဲ့လုပ်ရပ်ဖြစ်ပြီး ရုရှားခေါင်းဆောင်ဟာ လူတွေသတ်နိုင်တဲ့စွမ်းရည်အပေါ် ဂုဏ်ယူနေတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးကပြောပါတယ်။ ယူကရိန်းစစ်တပ်ဟာ ရုရှားပစ်လိုက်တဲ့ဒရုန်းအများစုကို ပစ်ချနိုင်ခဲ့ပေမယ့် နိုင်ငံရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ပိုမိုခိုင်မာတောင့်တင်းအောင် ဖြည့်တင်းသွားမယ်လို့ ဇီလန်စကီးက ကတိပြုပြောဆိုပါတယ်။ ဆောင်းရာသီနီးကပ်လာတာနဲ့အမျှ ရုရှားဟာ…

Read More

ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကားသုံးစီးဆင့်တိုက်မိမှုဖြစ်ပြီး တယောက်သေ၊ ၁၃ ယောက် ဒဏ်ရာရ

  နိုဝင်ဘာ ၂၆ – ၂၀၂၃ SN (VOM) ဒီကနေ့ နိုဝင်ဘာ ၂၆ ရက်နေ့၊ မနက် ၅ နာရီ၊ ၄၅ မိနစ်ဝန်းကျင်က ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကား သုံးစီး ဆင့်တိုက်မှုဖြစ်ပွားပြီး တယောက်သေ၊ ၁၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေဆီက သိရပါတယ်။ အဲ့ဒီ့ ယာဉ်တိုက်မှုဟာ ဝေါမြို့နယ်၊ အဗျားဘိုတဲကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၇၆/၅) နဲ့ (၇၆/၆) ကြားမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ကျိုက်ထိုမြို့ဘက်ကနေ ဝေါမြို့ဘက်ကို မောင်းနှင်လာတဲ့ FORLAND အမျိုးအစား (အပြာရောင်) ခြောက်ဘီးယာဉ်ဟာ ကားလမ်းမပေါ်မှာ စက်သပ်ရပ်နားထားချိန် လားရာတူ ကျိုက်ထိုမြို့ဘက်ကနေ ဝေါမြို့ဘက်ကို မောင်းနှင်လာတဲ့ FUSO-70 (အဖြူရောင်) ၁၈ ဘီး တွဲယာဉ်က ကျော်တက် မောင်းနှင်တာမှာ…

Read More

အစ္စရေးဓါးစာခံ ဒုတိယအသုတ် ဟားမတ်စ်တို့ ပြန်လွှတ်ပေး

  ဂါဇာစီးတီး ၊ နိုဝင်ဘာ-၂၆-၂၀၂၃ မျိုးဆက်(VOM) ဟားမတ်စ်အဖွဲ့ဟာ ပြန်ပေးဆွဲခေါ်ဆောင်သွားတဲ့ ဓါးစာခံဒုတိယအသုတ်ကို ပြန်လွှတ်ပေးလိုက်ပြီး ဒီထဲမှာ အစ္စရေး ၁၃ ယောက်နဲ့ထိုင်းနိုင်ငံသား လေးယောက်တို့ ပါဝင်လာခဲ့ပါတယ်။ ကနဦးမှာတော့ ဟားမတ်စ်တို့ဟာ ဓါးစာခံဒုတိယအသုတ်လွှတ်ပေးဖို့ကို နှောင့်နှေးနေခဲ့ပြီး ဂါဇာမြောက်ပိုင်းကို အကူအညီပေးရေး ထရပ်ကားတွေဝင်ရောက်ခွင့်ကို အစ္စရေးက ခွင့်ပြုမှာသာ လွှဲပြောင်းပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ဓါးစာခံတွေလွတ်မြောက်ရေး ရှိနေတဲ့အတားအဆီးတွေကို ကျော်လွှားနိုင်ခဲ့ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက နောက်ပိုင်းမှာထုတ်ပြန်ခဲ့ပြီး ဆွေးနွေးပွဲတွေမှာ အီဂျစ်လည်းပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား လေးရက်ကြာအပစ်အခတ်ရပ်စဲရေးကာလအတွင်း ဟားမတ်စ်တို့ဟာ ဓါးစာခံအယောက် ၅၀ ကိုပြန်လွှတ်ပေးဖို့သဘောတူထားပြီး ပြီးခဲ့တဲ့သောကြာနေ့ကတော့ ပထမအသုတ်အဖြစ် ဓါးစာခံ ၂၄ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် အစ္စရေးဟာလည်း အကျဉ်းထောင်ထဲက ပါလက်စတိုင်းအမျိုးသမီးနဲ့ ကလေးငယ် ၃၉ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီတခေါက်မှာတော့ အစ္စရေးဟာ ပါလက်စတိုင်း ကလေးငယ်…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၂၆ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၂၅ ကျပ် ဝယ်ဈေး – ၃၃၇၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၄၀ ကျပ် ဝယ်ဈေး – ၂၄၉၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၅၂ ကျပ် ဝယ်ဈေး – ၃၆၆၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၅၆ ကျပ် ဝယ်ဈေး – ၉၅.၂၃ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၈ ကျပ် ဝယ်ဈေး – ၄၆၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More
VOM News

FREE
VIEW