ဖိလစ်ပိုင်မှာ ကက်သလစ်ဘုရားကျောင်း ဆုတောင်းပွဲပြုလုပ်ချိန် ပေါက်ကွဲမှုကြောင့် လူသုံးယောက် သေဆုံး

  မနီလာ၊ ဒီဇင်ဘာ-၃-၂၀၂၃ မျိုးဆက်(VOM) ဖိလစ်ပိုင်နိုင်ငံရှိ ကက်သလစ်ဘုရားကျောင်း ဆုတောင်းပွဲမှာ ဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုကြောင့် လူသုံးယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီပေါက်ကွဲမှုဟာ မာရာဝီမြို့ မင်ဒါနာအိုတက္ကသိုလ်အားကစားရုံရှိ ဝတ်ပြုဆုတောင်းရာနေရာမှာ ဒီနေ့ ဒီဇင်ဘာ ၃ ရက် မနက်အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲဒီမြို့ဟာ ဖိလစ်ပိုင်အစိုးရတပ်တွေနဲ့ အစ္စလာမ္မစ်စစ်သွေးကြွတွေအကြား ၂၀၁၇ ခုနှစ်က ငါးလကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ နေရာဒေသတခုဖြစ်ပါတယ်။ လက်ရှိဖြစ်ရပ်ဟာ အသိဉာဏ်ကင်းမဲ့ပြီး ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုဖြစ်တယ်လို့ တက္ကသိုလ်တာဝန်ရှိသူတွေက ပြောပါတယ်။ အကြမ်းဖက်မှုဆိုတာ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ နေစရာမရှိကြောင်း အထူးသဖြင့် တက္ကသိုလ်လို အဆင့်မြင့်သင်ကြားမှု အသိုက်အဝန်းမှာဖြစ်ပွားတာဟာ ရွှံ့ရှာဖွယ်ဖြစ်တယ်လို့ ရှုတ်ချပြောဆိုပါတယ်။ လက်ရှိမှာတော့ တက္ကသိုလ်ကျောင်းဝင်းအတွင်း လုံခြုံရေးတွေ တိုးမြှင့်ချထားပြီး နောက်ထပ်ထုတ်ပြန်ချက်မရမချင်း ပညာရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ဆိုင်းငံ့ထားမယ်လို့ အင်ဒါနာအို တက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။ Ref:BBC  

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ-၃ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၂၀ ကျပ် ဝယ်ဈေး – ၃၃၇၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၃၀ ကျပ် ဝယ်ဈေး – ၂၄၈၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၅၂ ကျပ် ဝယ်ဈေး – ၃၆၆၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၅၆ ကျပ် ဝယ်ဈေး – ၉၅.၂၃ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၁ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၀ ကျပ် ဝယ်ဈေး – ၄၆၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၃ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၇၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

မြဝတီ ကုန်သွယ်ရေးဇုန်ကနေ ထိုင်းကို ကုန်သွယ်မှု ရပ်တန့်နေ

  ရန်ကုန် ၊ ဒီဇင်ဘာ ၃ -၂၀၂၃ GG (VOM) ကရင်ပြည်နယ် ကော့ကရိတ်မြို့ နဲ့ သင်္ဃန်းညီနောင်မြို့သစ်မှာ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နစက တပ်တွေအကြား အပြန်အလှန်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားမှုကြောင့် မြဝတီ ကုန်သွယ်ရေးဇုန်ကနေ ကုန်သွယ်မှုတွေ ရပ်တန့်နေတယ်လို့ ဒေသခံတွေနဲ့ကုန်သည်တွေဆီကသိရပါတယ်။ မြဝတီ ကုန်သွယ်ရေး ဇုန်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေပိုင်းကလည်း ဒရုန်းဗုံးချ တိုက်ခိုက်ခံခဲ့ရတာအပါအဝင် အာရှလမ်းပိတ်နေတာတွေကြောင့် ဇုန်ထဲမှာ ကုန်ကားတွေ ထားတာသိပ်မရှိဘူးလို့ သိရပါတယ်။ ကော့ကရိတ်မှာ နိုဝင်ဘာလ ၃၀ ရက်နေ့ညကတည်းက ပစ်ခတ်မှုတွေရှိခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့မနက်အစောကစလို့ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် မြို့ကို စွန့်ခွာပြီး စစ်ဘေးရှောင်သူတွေ အများအပြားရှိလာနေပါတယ်။ ” အာရှလမ်းပိတ်တော့ ကုန်စည်စီးဆင်းမှုရပ်နေတယ်၊ ကုန်စည်စီးဆင်းမှု မရှိတော့ ဇုန်ကလည်းကုန်စည်စီးဆင်းမှုမရှိတော့ ပိတ်သလိုဖြစ်သွားတယ်။ ဇုန်ဝန်းထဲလည်းကုန်ကားတွေမထားရဲကြဘူး၊မီးလောင်ရင် ကုန်မှာလေ၊ဇုန်မှာဝန်ထမ်းတွေလည်းမရှိလောက်တော့ဘူး ၊အဲ့ပတ်ဝန်းကျင်မှာလက်နက်ကိုင်တွေရှိနေတယ်၊ ထို့ကော်ကိုးလမ်းကသွားနေတာ တော့ရှိတယ်၊ကုန်များပြီး…

Read More

မုံရွာနယ် ကြာပိုင်(ကျပိုင်)ကျေးရွာ မီးရှို့ခံရပြီး သေဆုံးသူ ၁၀ဦးကျော်ရှိ

  ဒီဇင်ဘာ ၊ ၃ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့နယ် တောင်ပိုင်း ၊ ညောင်ဖြူပင်တိုက်နယ် ၊ ကြာပိုင်(ကျပိုင်)ကျေးရွာမှာ မနေ့ဒီဇင်ဘာ ၂ ရက် ၊ မနက် ၁၀ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားပြီး ထိခိုက်သေဆုံးသူတွေ အများအပြားရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်းမှာ ကြာပိုင်ရွာ အနောက်ပိုင်း တခုလုံး လူနေအိမ်တွေ မီးလောင်တယ် ၊ အိမ်ခြေ ၅၀ ကျော် ၊ ၇၀ ထက်မနည်း မီးလောင်တယ် ၊ ရှို့မီးဖြစ်တယ်လို့ သိရတယ် ၊ သေဆုံးသူ ၁၀ ယောက်ကျော်ရှိတယ် ၊ ကိုစိုးမိုးသူ (၂၉) နှစ်၊ ကိုစိရွှေ (၄၃)…

Read More

This Day in History

  Voice of Myanmar ၁၉၈၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် အိန္ဒိယနိုင်ငံ ဘိုပေါလ်ရှိ ယူနီယံကာဗိုက်ကုမ္ပဏီပိုင် စက်ရုံမှ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် လူပေါင်း ၁၅၀၀၀ မှ ၂၀၀၀၀ အကြားသေဆုံးခဲ့ပြီး လူသန်းတဝက်ခန့်မှာ နာတာရှည်ဆေးဝါး ကုသမှုများ ခံယူခဲ့ရသည်။    

Read More
VOM News

FREE
VIEW