အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူရှစ်ယောက်သေဆုံး ၊ တမီလ်နာဒူနဲ့ အန်ဒရာပရာဒက်ရှ်မှာ အနီရောင် သတိပေးချက်ထုတ်ပြန်

 

ဒေလီ၊ ဒီဇင်ဘာ-၅-၂၀၂၃

မျိုးးဆက်(VOM)

ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိကျောင်းဟာ အိန္ဒိယနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် တမီလ်နာဒူပြည်နယ်နဲ့ အန်ဒရာပရာဒက်ရှ်ပြည်နယ်တွေရှိ မြေနိမ့်ပိုင်းနေသူ ထောင်ပေါင်းများစွာကို အာဏာပိုင်တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ချိန်နိုင်းမြို့ရှိ လူနေရပ်ကွက်အများအပြားဟာလည်း ရေနစ်မြုပ်ပြီး ကားတွေ ရေထဲမျောပါခဲ့ကာ အိန္ဒိယရဲ့ အကြီးဆုံးလေဆိပ်တွေထဲက တစ်ခုဖြစ်တဲ့ ချန်နိုင်းလေဆိပ်ကိုလည်း ဒီဇင်ဘာ ၄ ရက်မှာ ပိတ်ထားခအေဲ့ရပါတယ်။

ချန်နိုင်းမြို့မှာတော့ အဆောက်အအုံပြိုကျမှုနဲ့ ဓါတ်လိုက်ခြင်းတွေကြောင့် လူခြောက်ယောက်သေဆုံးခဲ့ကြောင်း ချန်နိုင်းရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။ချန်ဂယ်ပါတူမြို့မှာတော့ လူနှစ်ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိကျောင်းဟာ ဒီနေ့ ဒီဇင်ဘာ ၅ ရက်မနက်ပိုင်းမှာ အန်ဒရာပရာဒက်ရှ်ပြည်နယ် ကုန်တွင်းပိုင်းကို တနာရီလေတိုက်နှုန်း ၁၁၀ ကီလိုမီတာန့ ဝင်ရောက်ဖွယ်ရှိနေပြီး တမီလ်နာဒူနဲ့ အန်ဒရာပရာဒက်ရှ်ပြည်နယ်တို့မှာ အနီရောင်သတိပေးချက်ထုတ်ပြန်ထားပါတယ်။

Ref:BBC

Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW