လွိုင်ကော် သီရိမင်္ဂလာဈေး (တောင်ဈေး) လက်နက်ကြီးကျလို့ မီးလောင်ပျက်စီး

  ရန်ကုန်၊ ဒီဇင်ဘာ ၁၀ -၂၀၂၃ GG (VOM) လွိုင်ကော်မြို့က ဆိုင်ခန်းပေါင်း ထောင်ချီရှိတဲ့ သီရိမင်္ဂလာဈေးကြီး(တောင်ဈေး) ထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဈေးတခုလုံးမီးလောင်ပျက်စီးသွားပြီဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မနက်စော ၁ နာရီလောက်ကစပြီး ဈေးကြီးထဲကဆိုင်ခန်းတွေ မီးလောင်ခဲ့တာဖြစ်ပြီး မနက်စော ၇ နာရီလောက်မှာတော့ ဈေးတခုလုံး မီးလောင်ပျက်စီးသွားတာကိုတွေ့ရတယ်လို့ ဒေသခံတွေကပြောပြပါတယ်။ ” လက်နက်ကြီးကျပြီး မီးလောင်တာကိုသိပေမယ့် ဘယ်သူမှ မီးကိုလာမငြှိမ်းကြဘူး။ မီးသတ်တွေလည်းမလာကြဘူး။ပြည်သူတွေကလည်း မငြှိမ်းရဲကြဘူးလေ။မနက်ရောက်တော့ အကုန်ဘာမှမရစရာမရှိတော့ဘူး။ပုံတွေထဲကအတိုင်းပါပဲလို့ လွိုင်ကော် ဒေသခံတယောက်ကပြောပါတယ်။ လွိုင်ကော် သီရိမင်္ဂလာဈေးက သက်တမ်းအားဖြင့် နှစ်ပေါင်း ၃၀ ကျော်ရှိပြီး အဝတ်အစား၊ အစားအသောက်၊လျှပ်စစ်ပစ္စည်း ၊ စားသောက်ကုန် ၊ ပြုပြင်ရေးလုပ်ငန်း စတဲ့လုပ်ငန်းဆိုင်ခန်းမျိုးစုံရောင်းချဖွင့်လှစ်ထားတာဖြစ်ပေမယ့် လွိုင်ကော်မှာတိုက်ပွဲတွေပြင်းထန်းလာကတည်းက ဈေးကြီးကမဖွင့်နိုင်ပဲ ပိတ်ထားရတာဖြစ်တယ်လို့သိရပါတယ်။ မနေ့က ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း လွိုင်ကော်မြို့ရဲ့…

Read More

ဒေါ်လာငွေ အလဲအလှယ် အပြောင်းအလဲကြောင့် ပဲ၊ပြောင်း၊နှမ်း ဈေးနူန်းတွေ ပြန်တက်လာ

  ရန်ကုန်၊ ဒီဇင်ဘာ ၁၀ – ၂၀၂၃ GG(VOM) ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ပို့ကုန်ရငွေ ၃၅ ရာခိုင်နူန်းကိုပဲ ဗဟိုဘဏ်မူဝါအရ သတ်မှတ်ဈေးနူန်း ၂၁၀၀ ကျပ်နဲ့ မြန်မာငွေလဲလှယ်ဖို့ ဖြေလျှော့ပေးလိုက်တာကြောင့် ပဲ ပြောင်း နှမ်းဈေးတွေပြန်တက်လာတာဖြစ် ပါတယ်။ ဒါ့ကြောင့်လည်း ပြည်ပကိုပို့ကုန်တင်ပို့မှုတွေလည်း ပိုပြီး တိုးမြှင့်ပို့နိုင်ဖို့လုပ်ဆောင်နေကြပါတယ်။ မတ်ပဲ မတ်ပဲက ပြီးခဲ့တဲ့ နိုဝင်ဘာလမှာဈေးတန်းကျဆင်းခဲ့ပေမယ့် ဒီဇင်ဘာလမှာတော့ ဈေးဆက်တိုက်ပြန်တက်လာပြီး တစ်တန်ကို သိန်း ၃၀ ဝန်းကျင်အထိ ဖြစ်လာပါတယ်။ အိန္ဒိယက အဝယ်ရှိတဲ့အပြင် ဗဟိုဘဏ်ဘက်ကဒေါ်လာ လဲလှယ်မှုကန့်သန်ချက်ကို ဖြေလျှော့ပေးလိုက်တာကြောင့် ဈေးတန်းပြန်တက်လာတာဖြစ်တယ်လို့ကုန်သည်တွေကဆိုပါတယ်။ နိုဝင်ဘာလနောက်ဆုံးပတ် တုန်းက ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (RC) နိုင်ငံခြားတင်ပို့ဖို့ အရန်သင့် အရည်အသွေးနဲ့ FAQ သင့်တင့်တဲ့ပျှမ်းမျှအရည်အသွေး တစ်တန်ကို ၂၇၈၀၀၀၀ ကျပ်သာရှိခဲ့ပြီး ခုတပတ်ဒီဇင်ဘာလမှာတော့ ၂၉၄၁၀၀၀ ကျပ်အထိရှိလာလို့…

Read More

ရန်ကုန် ရွှေထွဋ်တင် EDM ပွဲ အဝင်ဂိတ် ပေါက်ကွဲမှု တယောက် ဒဏ်ရာ ရ

  ဒီဇင်ဘာ ၁၀ – ၂၀၂၃ SN (VOM) ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင်ဝင်းမှာ ပြုလုပ်တဲ့ EDM ပွဲ အဝင်ဂိတ်အနီးမှာ မနေ့ ဒီဇင်ဘာ ၉ ရက်၊ ညနေပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အဲ့ဒီ့ကွင်းမှာ မနေ့ညက Waterzonic Myanmar က ကျင်းပပြုလုပ်မယ့် Waterzonic EDM ပွဲရှိပြီး ပွဲအစပိုင်း ညနေ ၃ နာရီဝန်းကျင်မှာ ရွှေထွဋ်တင်ကွင်းအဝင်ဂိတ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လုံခြုံရေးတယောက် ဒဏ်ရာ ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ပွဲက အစပဲရှိသေးတော့ လူကတော့ အဝင်သိပ်မရှိသေးဘူး။ ဖျော်ဖြေပွဲမစတင်ခင်မှာ အဝင်ဝမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာ။ ကုမ္ပဏီလုံခြုံရေးဝန်ထမ်းတယောက်လောက်ပဲ ဒဏ်ရာရသွားတာ။ တခြား ကြီးကြီးမားမား ထိခိုက်မှုတော့ မရှိပါဘူး”…

Read More

အစ္စရေးကို ဦးတည်တဲ့ သင်္ဘေားအားလုံးကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ ဟူသီသူပုန်အဖွဲ့ သတိပေး

  ဆာနား၊ ဒီဇင်ဘာ-၁၀-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးကို ဦးတည်သွားရောက်တဲ့ သင်္ဘောအားလုံးကို နိုင်ငံခွဲခြားခြင်းမရှိဘဲ ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ ယီမင်ရှိ ဟူသီသူပုန်အဖွဲ့က ထုတ်ပြန်လိုက်ပြီး အစ္စရေးဆိပ်ကမ်းတွေနဲ့ အဆက်အဆံမလုပ်ဖို့ သတိပေးလိုက်ပါတယ်။ ဂါဇာမှာလိုအပ်နေတဲ့ အစားအစာနဲ့ ဆေးဝါးတွေမရရှိခဲ့ဘူးဆိုရင် အစ္စရေးကို ဦးတည်သွားနေတဲ့ ပင်လယ်နီက သင်္ဘောတွေအားလုံးကို ဟူသီအဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ ဟူသီပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ဂါဇာမှာ လူ ၁၇၇၀၀ သေဆုံးပြီး ၄၉၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီး အီရန်ရဲ့မဟာမိတ် ဟားမတ်စ်နဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေမြင့်တက်နေပါတယ်။ မကြာသေးမီရက်သတ္တပတ်တွေအတွင်း ဟူသီသူပုန်အဖွဲ့ဟာ ပင်လယ်နီနဲ့ ဘတ်အယ်လ်မန်းက်ဘ်ရေလက်ကြားရှိ အစ္စရေးနဲ့ ဆက်နွယ်နေတဲ့ သင်္ဘောအများအပြားကို တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါဟာ ပါလက်စတိုင်းတွေကို ထောက်ခံကြောင်း ပြသတာလို့ ဟူသီသူပုန်အဖွဲ့က ဆိုပါတယ်။ နောက်ဆုံးတိုက်ခိုက်မှုမှာ ပုဂ္ဂလိကသင်္ဘောသုံးစင်း…

Read More

နိုင်ငံခြားငွေသတ်မှတ်ချက် ပြောင်းလဲမှုကြောင့် ဆန်ဈေးတင်မရောင်းဖို့ ဆန်စပါးအသင်းချုပ် သတိပေး

  ရန်ကုန် ၊ ဒီဇင်ဘာ-၁၀-၂၀၂၃ TT (VOM) နိုင်ငံခြားငွေသတ်မှတ်ချက်ပြောင်းလဲမှုတွေ အပေါ် အခွင့်ကောင်း ယူပြီး ဆန်ဈေးနှုန်းတွေကို ဈေးတင်မရောင်းဖို့ မြန်မာ နိုင်ငံ ဆန်စပါး အသင်းချုပ်က ဒီဇင်ဘာလ (၈) ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။ အဲဒီ ထုတ်ပြန်ချက်မှာ ပြည်တွင်းဆန်စပါး ဈေးကွက် အတွင်းရှိ ဆန်ဈေးနှုန်းတွေကို သင့်တင့်မျှတတဲ့ ဈေးနှုန်း အတိုင်းသာ ရောင်းချပေးဖို့ တိုက်တွန်းထားပါတယ်။ လက်ရှိမှာ မိုးစပါးပေါ်ထွက်နေချိန် ဖြစ်ပြီး ပြည်တွင်းဆန်ဖူလုံမှုက လိုအပ်တာထက်ပိုလျှံမှုရှိတာကြောင့် စားသုံးသူတွေ အနေနဲ့ လိုအပ်တဲ့ ပမာဏ ကိုသာ ဝယ်ယူဖို့လည်း ကြေငြာချက်မှာ ပါရှိပါတယ်။ “ဈေးအနှိမ့်နဲ့ ဝယ်လှောင်ပြီး အမြင့်ဈေးနဲ့ ပြန်ရောင်း တာမျိုး တွေ ဈေးကွက် မတည်ငြိမ်အောင် လုပ်နေတဲ့သူတွေကို စုံစမ်းမှုတွေ လုပ်နေပါတယ် ” လို့ မြန်မာ နိုင်ငံဆန်စပါး အသင်းချုပ်…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၁၀ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၅၀ ကျပ် ဝယ်ဈေး – ၃၄၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၇၅ ကျပ် ဝယ်ဈေး – ၂၅၂၅ ကျပ် -ယူရို ရောင်းဈေး – ၃၇၅၂ ကျပ် ဝယ်ဈေး – ၃၆၈၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၅၆ ကျပ် ဝယ်ဈေး – ၉၅.၆၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၇ ကျပ် ဝယ်ဈေး – ၄၆၇ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၀ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

ဂါဇာပြည်သူ ထက်ဝက်ခန့် အငတ်ဘေးဆိုက်နေကြောင်း ကုလသမဂ္ဂ သတိပေး

  ဂါဇာစီးတီး၊ ဒီဇင်ဘာ-၁၀-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဂါဇာပြည်သူ ထက်ဝက်ဟာ အငတ်ဘေးဆိုက်နေကြောင်း ကုလသမဂ္ဂ အကူအညီပေးရေး ထိပ်တန်းတာဝန်ရှိသူတယောက်က သတိပေးပြောကြားလိုက်ပါတယ်။ လိုအပ်တဲ့ ရိက္ခာပစ္စည်းအနည်းငယ်သာ ဂါဇာကမ်းမြှောင်ဒေသကို ဝင်ရောက်နိုင်ခဲ့ပြီး လူ ၁၀ ယောက်မှာ ကိုးယောက်က နေ့စဉ်မစားရကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ကားလ်စကောက ပြောပါတယ်။ ဂါဇာရဲ့အခြေအနေတွေဟာ ပို့ဆောင်ထောက်ပံ့မှုတွေ လုပ်လို့မရလောက်အောင်ထိ ဖြစ်ကြောင်း သူကဆိုပါတယ်။ အစ္စရေးကတော့ ဟားမတ်စ်တွေကို အဆုံးတိုင်သုတ်သင်ပြီး ဓါးစာခံတွေပြန်လွတ်ရေးအတွက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့ အခိုင်အမာပြောပါတယ်။ ဂါဇာမှာ အရပ်သားတယောက်သေဆုံးမှုနဲ့ ထိခိုက်မှုတွေတိုင်းအတွက် နာကျင်ရပေမယ့် မိမိတို့မှာ အခြားရွေးချယ်စရာ မရှိဘူးလို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ရစ်ချက်ဟတ်ချ်က ဆိုပါတယ်။ ဂါဇာကမ်းမြှောင်ကို အတတ်နိုင်ဆုံး မြန်မြန်ရအောင် လုပ်နေတယ်လို့ သူကပြောပါတယ်။ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တွေရဲ့…

Read More

This Day in History

  Voice of Myanmar ဒိုင်းနမိုက်နှင့် အခြားသော ဖောက်ခွဲရေးပစ္စည်းများကို တီထွင်ခဲ့သူ ဆွီဒင်ဓါတုဗေဒပညာရှင် အဲလ်ဖရက်နိုဘယ်၏ ဆန္ဒအရ ၎င်းကွယ်လွန်ပြီး ငါးနှစ်အကြာ ၁၉၀၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ပထမဆုံးသော နိုဘယ်ဆုများကို ချီးမြှင့်ခဲ့သည်။  

Read More

ကိုရီးယားရောက်မြန်မာတွေ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရင် ဝင်ငွေခွန်တွေ တပါတည်း ထမ်းဆောင်ရမယ်

  ဒီဇင်ဘာ ၉ – ၂၀၂၃ SN (VOM) ကိုရီးယားရောက် PJ (Job Passport) နဲ့ PB (Business Passport) ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပါက ဝင်ငွေခွန်တွေကိုပါ တပါတည်း ထမ်းဆောင်ရမှာဖြစ်တယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက မနေ့ ဒီဇင်ဘာ ၈ ရက်က အသိပေး ကြေညာထားပါတယ်။ ပြည်ပနေနိုင်ငံသားတွေရဲ့ ပြည်ပမှာ နိုင်ငံခြားငွေနဲ့ရရှိတဲ့ လစာဝင်ငွေအပေါ် အရင်က ဝင်ငွေခွန်ကင်းလွတ်ခွင့် ပြုခဲ့ပေမယ့် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေနဲ့ အောက်တိုဘာ ၁ ရက်နေ့မှစတင်ကာ ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီ့ ပြင်ဆင်တဲ့ဥပဒေနဲ့ ပြည်ပနေနိုင်ငံသားတွေရဲ့ လစာဝင်ငွေအပေါ် တွက်ချက်ရမယ့် ဝင်ငွေခွန်နှုန်းထား၊ ပေးဆောင်ရမယ့် ဝင်ငွေခွန်ပမာဏ၊ သတ်မှတ်ရမယ့် နည်းလမ်းနဲ့…

Read More
VOM News

FREE
VIEW