ဂါဇာပြည်သူ ထက်ဝက်ခန့် အငတ်ဘေးဆိုက်နေကြောင်း ကုလသမဂ္ဂ သတိပေး

 

ဂါဇာစီးတီး၊ ဒီဇင်ဘာ-၁၀-၂၀၂၃

မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဂါဇာပြည်သူ ထက်ဝက်ဟာ အငတ်ဘေးဆိုက်နေကြောင်း ကုလသမဂ္ဂ အကူအညီပေးရေး ထိပ်တန်းတာဝန်ရှိသူတယောက်က သတိပေးပြောကြားလိုက်ပါတယ်။

လိုအပ်တဲ့ ရိက္ခာပစ္စည်းအနည်းငယ်သာ ဂါဇာကမ်းမြှောင်ဒေသကို ဝင်ရောက်နိုင်ခဲ့ပြီး လူ ၁၀ ယောက်မှာ ကိုးယောက်က နေ့စဉ်မစားရကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ကားလ်စကောက ပြောပါတယ်။

ဂါဇာရဲ့အခြေအနေတွေဟာ ပို့ဆောင်ထောက်ပံ့မှုတွေ လုပ်လို့မရလောက်အောင်ထိ ဖြစ်ကြောင်း သူကဆိုပါတယ်။ အစ္စရေးကတော့ ဟားမတ်စ်တွေကို အဆုံးတိုင်သုတ်သင်ပြီး ဓါးစာခံတွေပြန်လွတ်ရေးအတွက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့ အခိုင်အမာပြောပါတယ်။

ဂါဇာမှာ အရပ်သားတယောက်သေဆုံးမှုနဲ့ ထိခိုက်မှုတွေတိုင်းအတွက် နာကျင်ရပေမယ့် မိမိတို့မှာ အခြားရွေးချယ်စရာ မရှိဘူးလို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ရစ်ချက်ဟတ်ချ်က ဆိုပါတယ်။

ဂါဇာကမ်းမြှောင်ကို အတတ်နိုင်ဆုံး မြန်မြန်ရအောင် လုပ်နေတယ်လို့ သူကပြောပါတယ်။ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁၂၀၀ သေဆုံးပြီး ဓါးစာခံ ၂၄၀ ဖမ်းဆီးခံခဲ့ရပါတယ်။

ဂါဇာမှာတော့ အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၇၀၀၀ အပါအဝင် လူ ၁၇၇၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက အတည်ပြုထုတ်ပြန်ထားပါတယ်။

Ref:BBC

Photo:Reuters

 

Related posts

VOM News

FREE
VIEW