နိုင်ငံခြားငွေသတ်မှတ်ချက် ပြောင်းလဲမှုကြောင့် ဆန်ဈေးတင်မရောင်းဖို့ ဆန်စပါးအသင်းချုပ် သတိပေး

 

ရန်ကုန် ၊ ဒီဇင်ဘာ-၁၀-၂၀၂၃

TT (VOM)

နိုင်ငံခြားငွေသတ်မှတ်ချက်ပြောင်းလဲမှုတွေ အပေါ် အခွင့်ကောင်း ယူပြီး ဆန်ဈေးနှုန်းတွေကို ဈေးတင်မရောင်းဖို့ မြန်မာ နိုင်ငံ ဆန်စပါး အသင်းချုပ်က ဒီဇင်ဘာလ (၈) ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ထုတ်ပြန်ချက်မှာ ပြည်တွင်းဆန်စပါး ဈေးကွက် အတွင်းရှိ ဆန်ဈေးနှုန်းတွေကို သင့်တင့်မျှတတဲ့ ဈေးနှုန်း အတိုင်းသာ ရောင်းချပေးဖို့ တိုက်တွန်းထားပါတယ်။ လက်ရှိမှာ မိုးစပါးပေါ်ထွက်နေချိန် ဖြစ်ပြီး ပြည်တွင်းဆန်ဖူလုံမှုက လိုအပ်တာထက်ပိုလျှံမှုရှိတာကြောင့် စားသုံးသူတွေ အနေနဲ့ လိုအပ်တဲ့ ပမာဏ ကိုသာ ဝယ်ယူဖို့လည်း ကြေငြာချက်မှာ ပါရှိပါတယ်။

“ဈေးအနှိမ့်နဲ့ ဝယ်လှောင်ပြီး အမြင့်ဈေးနဲ့ ပြန်ရောင်း တာမျိုး တွေ ဈေးကွက် မတည်ငြိမ်အောင် လုပ်နေတဲ့သူတွေကို စုံစမ်းမှုတွေ လုပ်နေပါတယ် ” လို့ မြန်မာ နိုင်ငံဆန်စပါး အသင်းချုပ် မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

မြန်မာ နိုင်ငံဆန်စပါး အသင်းချုပ် အနေနဲ့ ၂၀၂၃ ခုနှစ် မိုးစပါး မပေါ်ခင်အချိန်ကတည်းက စပါးအမျိုးအစား အလိုက် ရည်ညွှန်းစပါးဈေးနှုန်းတွေကို အခြေခံပြီး သင့်တင့်တဲ့ ဈေးနှုန်းတွေကို လစဉ်ထုတ်ပြန်ပေးနေတယ်လို့ သိရပါတယ်။

လတ်တလောမှာ ကြုံတွေ့နေရတဲ့ စက်သုံးဆီဝယ်ယူဖို့ ခက်ခဲနေမှုက ရက်ပိုင်းအတွင်းပြေလည်နိုင်တဲ့ အခြေအန ဖြစ်ပြီး နွေစပါးရာသီ အတွက် စက်မောင်းဆီ (ဒီဇယ်ဆီ) နဲ့ ဓါတ်မြေသြဇာတွေကို သက်သာတဲ့ဈေးနှုန်းနဲ့ လုံလောက်အောင်ရရှိဖို့ ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW