အိန္ဒိယရှိ အစ္စရေးသံရုံးအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် အိန္ဒိယရောက် အစ္စရေးနိုင်ငံသားတွေကို သတိပေးချက် တိုးမြှင့်ထုတ်ပြန်

  တဲလ်အဗစ်၊ ဒီဇင်ဘာ-၂၇-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံရှိ အစ္စရေးသံရုံးအနီးမှာ ပေါက်ကွဲမှုတခုဖြစ်ပွားပြီးနောက် အိန္ဒိယမှာရောက်ရှိနေတဲ့ အစ္စရေးနိုင်ငံသားတွေကို အစ္စရေးတာဝန်ရှိသူတွေက သတိပေးချက် တိုးမြှင့်ထုတ်ပြန်လိုက်ပါတယ်။ ပေါက်ကွဲမှုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်ညပိုင်းက မြို့တော် ချန်နက်ယာပူရီ သံတမန်ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာမရှိပေမယ့် အခင်းဖြစ်ရာနေရာကနေ ကျည်ဆန်တွေ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ပေါက်ကွဲမှုဟာ တိုက်ခိုက်မှုဖြစ်နိုင်ပြီး ကြိမ်ဖန်များစွာ ဖြစ်လာမှာကိုစိုးရိမ်ကြောင်း အစ္စရေးတာဝန်ရှိသူတွေက ပြောပါတယ်။ အိန္ဒိယမှာရောက်ရှိနေတဲ့ အစ္စရေးနိုင်ငံသားတွေအနေနဲ့ ကုန်တိုက်တွေ၊ ဈေးတွေလိုမျိုး လူစည်ကားတွေနေရာတွေကို ရှောင်ရှားကြဖို့ အစ္စရေးက သတိပေးထားပါတယ်။ အိန္ဒိယမှာရောက်ရှိနေတဲ့ အစ္စရေးနိုင်ငံသားတွေအနေနဲ့ အထူးသတိထားဖို့၊ အစ္စရေးအမှတ်သင်္ကေတတွေကို အများသူငှာရှေ့မှာ မဖော်ပြဖို့နဲ့ သွားလာမယ့် ခရီးစဉ်အသေးစိတ်စတာတွေကို လူမှုကွန်ရက်မှာ မဖော်ပြကြဖို့ တိုက်တွန်းထားပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဒေလီရှိ သံရုံးနှင့် အခြားနေရာများရှိ အစ္စရေးအဆောက်အအုံတွေပတ်လည်မှာ လုံခြုံရေးတင်းကြပ်ထားကြောင်း အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။…

Read More

နမ္မတူမှာ တိုက်ပွဲ ပြင်းထန်နေပြီး ဒေသခံတွေ မြို့အဝင်အထွက်မရ ဖြစ်နေ

  ဒီဇင်ဘာ ၂၇၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့မှာ စစပ်တပ်နဲ့ TNLA တို့အကြား ဒီ ရက်ပိုင်းအတွင်း တိုက်ပွဲ ပြင်းထန်လာပြီး မြို့ အဝင်အထွက် မရဝောာ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနေ့က မနက် ၇ နာရီ ၁၅ မိနစ် လောက်ကနေ ယနေ့ မနက် ၆ နာရီ ၃၅ မိနစ် လောက်အထိ မနားဘူးဗျ။ တညလုံး ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တယောက်ကပြောပါတယ်။ ယမန်နေ့ နေ့လယ်ကလည်း လက်နက် အသေး အကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်‌နေကြတယ်လို့ ဆိုပါတယ်။ “ရပ်ကွက်တွေဘက်တော့ နေအိမ်တွေ၊ မော်တော်ယာဉ်၊ ကျောင်း‌‌တွေ၊ ရုံးတွေထိခိုက်မှုရှိ‌လောက်မယ်ဗျ။ မနေ့ကကတည်း အထွက်အဝင် မရသေးဘူးဗျ။” လို့ သူက ရှင်းပြပါတယ်။…

Read More

အော်စကာဆုရ ပါရာဆိုက်ရုပ်ရှင်ဇာတ်ကား သရုပ်ဆောင် ကိုရီးယားမင်းသား လီဆန်းကျွန်းကို သေဆုံးလျှက်တွေ့ရှိ

  ဆိုးလ်၊ ဒီဇင်ဘာ-၂၇-၂၀၂၃ မျိုးဆက်(VOM) အော်စကာဆုရ ပါရာဆိုက်ရုပ်ရှင်ဇာတ်ကားနဲ့ ပိုမိုလူသိများထင်ရှားခဲ့တဲ့ တောင်ကိုရီးယားသရုပ်ဆောင်မင်းသား လီဆန်းကျွန်းကို ဒီဇင်ဘာ ၂၇ ရက်မှာ သေဆုံးလျှက် တွေ့ရှိခဲ့ရကြောင်း တောင်ကိုရီးယား ရဲတပ်ဖွဲ့ကပြောပါတယ်။ အသက် ၄၈ နှစ်အရွယ် မင်းသားလီဆန်းကျွန်းဟာ ဒီဇင်ဘာ ၂၇ ရက်မှာ ဆိုးလ်မြို့လယ်ရှိ ပန်းခြံတခုမှာ သူရဲ့ကားထဲ သတိလစ်မေ့မျောနေခဲ့တယ်လို့ ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ လီဟာ သူ့ကိုယ်သူ သတ်သေသွားခြင်း ဟုတ်မဟုတ် ရှင်းလင်းစွာမသိရသေးပေမယ့် စာတစောင်ရေးထားပြီးနောက် နေအိမ်ကနေ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားအခြေစိုက် ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။ သူဟာ အောက်တိုဘာလကတည်းက မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ စုံစမ်းစစ်ဆေးခံနေရပါတယ်။ ဆိုးလ်မြို့ရှိ ဘားတခုမှာဝန်ထမ်းတယောက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲခဲ့ကြောင်း ယွန်ဟတ်သတင်းဌာနက ယခင်က ရေးသားဖော်ပြထားပါတယ်။ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေချိန်အတွင်း လီဆန်းကျွန်းသေဆုံးသွားခဲ့တဲ့ အတွက် စိတ်မကောင်းဖြစ်မိကြောင်း ရဲတပ်ဖွဲ့က ပြောဆိုထားပြီး သူဟာ မူးယစ်ဆေးဝါးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၂၇ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၀၀ ကျပ် ဝယ်ဈေး – ၃၄၄၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၂၀ ကျပ် ဝယ်ဈေး – ၂၅၇၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၅ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၇ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၆၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဂါဇာမှာ ၂၄ နာရီအတွင်း လူ ၂၄၀ ကျော်သေဆုံး

  ဂါဇာစီးတီး၊ ဒီဇင်ဘာ-၂၇-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးစစ်တပ်က ထိုးစစ်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၂၄၁ ယောက်သေဆုံးခဲ့ပြီး ၃၈၂ ယောက်ဒဏ်ရာရခဲ့တယ်လို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ ဟားမတ်စ်နဲ့ ပဋိပက္ခဟာ လပေါင်းများစွာ ဆက်လက်ဖြစ်ပွားနေမယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောဆိုထားပြီး စစ်ပွဲဟာ ပြည်သူတွေအပေါ် ဆိုးရွားတဲ့ ရာဇဝတ်မှုကျူးလွန်တာဖြစ်ကြောင်း ပါလက်စတိုင်း သမ္မတမိုဟာမက် အဘစ်က ပြောပါတယ်။ အစ္စရေးစစ်တပ်ဟာ ဂါဇာအလယ်ပိုင်းမှာ မြေပြင်ထိုးစစ်ဆင်မှုတွေ လုပ်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ပြီးခဲ့တဲ့နေ့ကတော့ နေရာပေါင်း ၁၀၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက ဆိုပါတယ်။ ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့အဆိုအရ စစ်ပွဲ ၁၁ ပတ်အကျော်ကာလအတွင်း ပါလက်စတိုင်းအရပ်သား ၂၀၉၁၅ ယောက် သေဆုံးခဲ့ပြီး အများစုကတော့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေဖြစ်တယ်လို့ ပြောပါတယ်။ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တွေက…

Read More

This Day in History

Voice of Myanmar ခေတ်သစ်သမိုင်းတွင် မွတ်ဆလင်နိုင်ငံ တနိုင်ငံ၏ ပထမဆုံးသောအမျိုးသမီး ဝန်ကြီးချုပ်ဖြစ်သည့် ပါကစ္စတန်နိုင်ငံရေးသမား ဘာနာဇီယာဘူတိုသည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံနေစဉ် ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

Read More

ဗန္ဓုလတံတားအဆင်းမှာ ကွန်တိန်နာကားတစီး ဘရိတ်ပေါက်ပြီး ကားခြောက်စီးဆင့်တိုက်မှု ဖြစ်ပွား

  ဒီဇင်ဘာ ၂၆ – ၂၀၂၃ SN (VOM) ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်က ရန်ကုန်မြို့၊ ဗန္ဓုလတံတားအဆင်း၊ အိုးရှင်းအနီးမှာကွန်တိန်နာကားတစီး ဘရိတ်ပေါက်ပြီး ကားခြောက်စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ အဲ့ဒီ့ ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။ “အချိန်ကတော့ ၁ နာရီကျော်ကျော်လောက်ရှိမယ်။ ကျွန်တော်တို့ဆီမှာ ၁ နာရီ မီးပျက်တော့ ကျွန်တော်လည်း ပျင်းလို့ဆိုပြီး ဝရံတာထွက်ထိုင်နေတာ။ အဲ့ဒီ့မှာ တွေ့လိုက်ရတာက တံတားအဆင်းတော့ မဟုတ်ဘူး။ တံတားရဲ့ရှေ့က မီးပွိုင့် တပွိုင့်ကျော်မှာဖြစ်တာ။ တံတားအဆင်း လမ်း ၅၀ နား မရောက်ခင်မှာ မီးပွိုင့်တပွိုင့်ရှိတယ်လေ။ အဲ့ရှေ့မှာ Yuri Meiko ကလည်း ရှိတယ်။ ကွန်တိန်နာကားတစီးက ဘရိတ်ပေါက်တယ်လို့လည်း ပြောကြတယ်။ သူက မီးပွိုင့်ကိုကျော်လာပြီး အရှိန်နဲ့မောင်းလာပြီးတော့ Yuri…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၆ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၆၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW