ဝါရှင်တန် ၊ ဒီဇင်ဘာ-၂၂- ၂၀၂၃ မျိုးဆက်(VOM) ယီမင်အခြေစိုက်တဲ့ ဟူသီသူပုန်တွေဟာ အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း ပင်လယ်နီကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို တိုက်ခိုက်နေတာကြောင့် ကမ္ဘာ့အဓိက ကုန်သွယ်ရေး လမ်းကြောင်းကြီးကတဆင့် ရေနံ၊ ကောက်ပဲသီးနှံ၊ လူသုံးကုန်ပစ္စည်း စီးဆင်းမှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်နေပါတယ်။ ကနဦးမှာတော့ ဟူသီတို့ဟာ အစ္စရေးနဲ့ဆက်နွယ်တဲ့ ဦးတည်သွားတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားခဲ့ပေမယ့် ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၁၀ ရာခိုင်နှုန်းကျော်ရှိတဲ့ စူးအက်တူးမြောင်းကို ဦးတည်တဲ့ နော်ေ၀ လေယာဉ်ဆီတင်ဆောင်လာတဲ့ သင်္ဘောကို ပစ်မှတ်ထား တိုက်ခိုက်ခံရပြီးနောက်မှာ ကုန်သွယ်မှုဆိုင်ရာ ခြိမ်းခြောက်မှုတွေက ပိုမိုကြီးထွားလာခဲ့ပါတယ်။ #ပင်လယ်နီက ဘယ်လောက် အရေးပါလဲ ပင်လယ်နီဟာ မြောက်ဘက်စွန်းမှာ စူးအက်တူးမြောင်းရှိပြီး တောင်ဘက်စွန်းမှာတော့ အေဒင်ပင်လယ်ကွေ့ကိုဦးတည်နေတဲ့ ကျဉ်းမြောင်းတဲ့ ဘက်အီလ်မန်ဒက် ရေလက်ကြားရှိကာ အာရှနဲ့ ဥရောပအကြား ကုန်စည်ပို့ဆောင်ဖို့ စူးအက်တူးမြောင်းကို ဖြတ်သွားတဲ့ သင်္ဘောတွေနဲ့ စည်ကားတဲ့…
Read MoreMonth: December 2023
ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၂ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၈၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၄၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၈၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၄၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreတနှစ်နီးပါးကာလအတွင်း ကုမ္ပဏီပေါင်း ၆၀၀၀ ကျော် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရ
ဒီဇင်ဘာ ၂၁ – ၂၀၂၃ SN (VOM) အခု ၂၀၂၃ နှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလဝက်ထိ ကာလအတွင်း မှတ်ပုံတင်စာရင်း ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီ စုစုပေါင်း ၆၀၀၀ ကျော် ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။ နှစ်စဉ်အစီရင်ခံစာတင်ပြဖို့ ပျက်ကွက်တာကြောင့် ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီတွေထဲမှာ ခရီးသွားလုပ်ငန်းလုပ်ကိုင်တဲ့ အေဂျင်စီကုမ္ပဏီတွေ၊ စားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီတွေ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီတွေ၊ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဌာနအနေနဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ တင်ပြဖို့ ပျက်ကွက်တဲ့ ကုမ္ပဏီတွေကို မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်နေတာဖြစ်ပြီး အခု ဒီဇင်ဘာ…
Read Moreချက်နိုင်ငံ ချားလ်တက္ကသိုလ်မှာ သေနတ်ပစ်ခတ်မှုကြောင့် လူ ၁၄ ယောက်သေဆုံး
ပရော့ဂ်၊ ဒီဇင်ဘာ-၂၂-၂၀၂၃ မျိုးဆက်(VOM) ချက်သမ္မတနိုင်ငံရှိ တက္ကသိုလ်တခုမှာ သေနတ်သမားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၄ ယောက်သေဆုံးပြီး ၂၅ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ချက်သမ္မတနိုင်ငံ သမိုင်းမှာတော့ အသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ပြီး မြို့တော်ရဲ့ သမိုင်းဝင် ချားလ်တက္ကသိုလ်မှာ အဲဒီပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် သေနတ်သမားကိုလည်း ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ပါတယ်။ ပစ်ခတ်မှုဟာ ဒီဇင်ဘာ ၂၁ ရက် ဒေသစံတော်ချိန် ၃ နာရီခန့်မှာ တက္ကသိုလ် အနုပညာဌာန အဆောက်အအုံမှာ စတင်ခဲ့တာဖြစ်ပြီး အထပ်မြင့်ပေါ်ကနေ လူတချို့ ဘေးလွတ်ရာကို ခုန်ချထွက်ပြေးခဲ့ရပါတယ်။ သေနတ်သမားဟာ စာသင်ကျောင်းက ကျောင်းသားတယောက်ဖြစ်ပြီး တိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်ကို မသိရေးသေးကြောင်း ချက်ရဲချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ သေနတ်သမားရဲ့ဖခင်ကို ပရောဂ်မြို့ပြင်ရှိ နေအိမ်မှာ ပြီးခဲ့တဲ့နေ့က…
Read MoreThis Day in History
Voice of Myanmar အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီ ပေါင်းစည်းမှု၏ သင်္ကေတအဖြစ် ဘာလင်ရှိ ဘရန်ဒန်ဘာ့ဂ်ဂိတ်ကို ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
Read Moreရန်ကုန်မှာ ခရီးသွား လည်ပတ်စရာနေရာ ၃၇ ခုအထိ ရှိလာ
ဒီဇင်ဘာ ၂၁ – ၂၀၂၃ SN (VOM) ရန်ကုန်မြို့မှာ ခရီးစဉ်သစ် ကိုးခု ထပ်မံဖော်ဆောင်ထားပြီး အရင် ဖော်ဆောင်ထားတဲ့ ခရီးစဉ်နေရာ ၂၈ ခုရှိတဲ့အတွက် အခုအခါမှာ စုစုပေါင်းခရီးစဉ်နေရာ ၃၇ ခုအထိ ရှိလာပြီဖြစ်တယ်လို့ ရန်ကုန်တိုင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ အခုနှစ်ထဲ ထပ်မံ ဖော်ဆောင်ထားတဲ့ ခရီးစဉ်သစ် ကိုးခုကတော့ ဗဟန်းမြို့နယ်ရှိ ချင်းချောင်းနန်းတော်၊ သန်လျင်မြို့နယ်ရှိ ရှေးဟောင်းပေါ်တူဂီဘုရားကျောင်း (သို့) ငဇင်ကာအုတ်ဂူ၊ ဒဂုံမြို့နယ်ရှိ အာဇာနည်ဗိမာန်နဲ့ ဦးဥတ္တမပန်းခြံ (သို့) ကန်တော်မင်္ဂလာပန်းခြံ၊ ပန်းဘဲတန်းမြို့နယ်ရှိ သျှာရီကာလီမယ်တော်ကျောင်းနဲ့ ကဗျာဆရာကြီး မဂိုအင်ပါယာ ဧကရာဇ်မင်း ဘာဟာ ဒူးရှားဇဖာရ်ရှား ဂူဗိမာန်၊ ကျောက်တန်းမြို့နယ်ရှိ ပီလခတ်ဟိန္ဒူဘုရားကျောင်းနဲ့ကျိုက်ပြသာဒ်တနော် ကောင်းမှုစေတီတော်၊ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တက္ကသိုလ်တို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ ခရီးသွားလုပ်ငန်းရှင် တယောက်က…
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၁ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၉၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၅၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၉၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၅၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreဟူသီအဖွဲ့ကို ပစ်မှတ်ထားရင် အမေရိကန်စစ်သင်္ဘောတွေကို တိုက်ခိုက်မယ်လို့ သတိပေး
ဆာနား၊ ဒီဇင်ဘာ-၂၁-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ဟူသီအဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မယ်ဆိုရင် အမေရိကန်စစ်သင်္ဘောတွေကို တိုက်ခိုက်သွားမယ်လို့ ဟူသီအဖွဲ့ခေါင်ဆောင်က သတိပေးလိုက်ပါတယ်။ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်အဖွဲ့ဟာ ပင်လယ်နီရှိ သင်္ဘောတွေကို တိုက်ခိုက်နေတာကြောင့် အမေရိကန်အပါအဝင် ၁၀ နိုင်ငံက ညွှန့်ပေါင်းအဖွဲ့ဖွဲ့ပြီး တုံ့ပြန်ဖို့ ပြင်ဆင်နေချိန်မှာ အခုလို သတိပေးချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ စစ်ပွဲအပြီး ယီမင်ရှိ နယ်မြေအများအပြားကို ထိန်းချုပ်ထားတဲ့ ဟူသီတွေဟာ ပင်လယ်နီကို ဖြတ်သန်းသွားလာနေတဲ့ နိုင်ငံတကာ သင်္ဘောတွေကို မောင်းသူမဲ့လေယာဉ်တွေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေပြီး ဂါဇာကို အစ္စရေးက တိုက်မှုတွေအပေါ် တုံ့ပြန်နေပါတယ်။ အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်း ၁၀ နိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၁၂ ရာခိုင်နှုန်းရှိတဲ့ ပင်လယ်နီမှာ သင်္ဘောတွေကို ဟူသီတို့ နောက်ထပ်တိုက်ခိုက်မှုတွေကနေ ကာကွယ်သွားဖို့ ကင်းလှည့်မှုတွေ လုပ်ဆောင်မှာဖြစ်ပါတယ်။ အမေရိကန်တွေအနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေကို ဒီထက်မက အရှိန်မြှင့်လာမယ်…
Read Moreရိုဟင်ဂျာဒုက္ခသည်အပြည့် တင်ဆောင်ထားတဲ့ စက်လှေငါးစင်း အင်ဒိုနီးရှားကမ်းရိုးတန်းကို ချဉ်းကပ်နေ
ဂျကာတာ၊ ဒီဇင်ဘာ-၂၁-၂၀၂၃ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကမ်းရိုးတန်းအနီကို ဒုက္ခသည်တွေပြည့်နေတဲ့ စက်လှေငါးစင်းထက်မနည်း ချဉ်းကပ်လာတာကို တွေ့ရှိရတယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။ နိုဝင်ဘာလကတည်းက နိုင်ငံရေပိုင်နက်ထဲကို ရိုဟင်ဂျာဒုက္ခသည်တွေ ရောက်ရှိမှု သိသိသာသာမြင့်တက်လာပြီးနောက်မှာ အင်ဒိုနီးရှားဟာ ရေပိုင်နက်အတွင်း ကင်းလှည့်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း အာချေး လေတပ်အခြေစိုက်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။ မနေ့က လေကြောင်းကင်းလှည့်မှုအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေကို တင်ဆောင်လာဖွယ်ရှိတဲ့ စက်လှေငါးစင်းထက်မနည်းကို အင်ဒိုနီးရှားရေပိုင်နက်ထဲမှာ တွေ့ရှိခဲ့တယ်လို့ သူကဆိုပါတယ်။ စက်လှေတွေဟာ အာချေးပြည်နယ်မြောက်ပိုင်းရှိ အရှေ့အာချေး၊ ပီဒိုင်း၊ အာချေးဘီဆာ၊ ဆက်ဘန်း နယ်မြေတွေအတွင်း ဝင်ရောက်လာတာကို တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။ နိုဝင်ဘာလနောက်ပိုင်းကတည်းက ရိုဟင်ဂျာ ၁၅၀၀ ကျော်ဟာ အင်ဒိုနီးရှားကို ရောက်ရှိခဲ့ပြီး ဒီကိစ္စကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီပေးဖို့ အင်ဒိုနီးရှားက ဒီဇင်ဘာ ၁၂…
Read Moreရန်စတာတွေကို နျူကလီးယားတိုက်ခိုက်မှုနဲ့ တုံ့ပြန်ဖို့ တုံ့ဆိုင်းနေမှာမဟုတ်ကြောင်း ကင်ဂျုံအန် သတိပေး
ပြုံးယမ်း၊ ဒီဇင်ဘာ-၂၁-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားကို နျူကလီးယားရန်စမှုတွေကို တုံ့ပြန်ဖို့အတွက် နျူကလီးယားတိုက်ခိုက်မှုလုပ်ဖို့ တုံ့ဆိုင်းနေမှာမဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန်က ဒီဇင်ဘာ ၂၁ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည် ပစ်ခတ်လေ့ကျင့်မှုုပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယား ဒုံးကျည်ဗျူရိုကို ချီးကျူးဂုဏ်ပြုစကားပြောကြားရာမှာ နျူကလီးယားတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကင်ဂျုံအန်က မှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်တယ်လို့ ရိုဒေါင်ဆင်မွန်သတင်းဌာနက ဖော်ပြထားပါတယ်။ ရန်သူက နျူကလီးယားလက်နက်နဲ့ရန်စလာသောအခါ မြောက်ကိုရီးယားက နျူကလီးယားလက်နက်နဲ့ ပြန်တိုက်ခိုက်တုံ့ပြန်ဖို့ တွန့်ဆိုင်းနေမှာ မဟုတ်ဘူးဆိုတာကို ဒုံးကျည်စစ်ရေးလေ့ကျင့်ပြီး ပြသခဲ့ခြင်းဖြစတယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။ ဒုံးကျည်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က ရှုတ်ချထားပြီး ဒေသတွင်းနဲ့ နိုင်ငံတကာ တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်တဲ့လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ပြောဆိုထားပါတယ်။ ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည်ဟာ မြောက်ကိုရီးယားရဲ့ ပထမဆုံးလောင်စာခဲသုံး ဒုံးကျည်အမျိုးအစားဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ကြိုတင်ကာကွယ်မှုအဖြစ် နျူကလီးယားလက်နက်တွေကို အသုံးပြုခွင့်ပြုတဲ့ ဥပဒေတတရပ်ကို လွန်ခဲ့တဲ့နှစ်က ပြဌာန်းခဲ့ပါတယ်။ Ref:NHK…
Read More