အမြန်လမ်းယာဉ်တိုက်မှု ၁၀ ယောက် ထိခိုက်ဒဏ်ရာရ

  ဒီဇင်ဘာ ၂၁ – ၂၀၂၃ SN (VOM) ဒီနေ့ ဒီဇင်ဘာ ၂၁ ရက်၊ မနက် ၇ နာရီခွဲဝန်းကျင်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၂၄/၅) မှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။ “ရှေ့က မောင်းနေတဲ့ Hijet ကို သူ့နောက်ကနေမောင်းလာတဲ့ Nissan Caravan ယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာပါ။ Hijet ပေါ်မှာပါလာတဲ့ လူတွေအကုန်လုံး ဒဏ်ရာတွေရသွားပေမယ့် မစိုးရိမ်ရပါဘူး။ ဟိုဘက် Nissan Caravan ကားပေါ်က‌လူတွေကတော့ ဘာမှ မဖြစ်ကြဘူး” လို့ ဒီဖြစ်စဉ်မှာ သွားရောက် ကူညီခဲ့သူတယောက်က ပြောပါတယ်။ Hijet ယာဉ်ပေါ်မှာ အမျိုးသား တယောက်နဲ့ အမျိုးသမီး ကိုးယောက် စုစုပေါင်း…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၂၁ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၀၀ ကျပ် ဝယ်ဈေး – ၃၄၄၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၇ ကျပ် ဝယ်ဈေး – ၂၅၅၇ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၃၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၈ ကျပ် ဝယ်ဈေး – ၇၃၃ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၇ ကျပ် ဝယ်ဈေး – ၄၆၇ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၁ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်

  ဆိုးလ်၊ ဒီဇင်ဘာ-၂၁-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ သုံးနိုင်ငံလေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်ရဲ့ ဘီ-၁ ဗုံးကြဲလေယာဉ်တွေ ဖြန့်ကြက်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဂျပန်နဲ့ တောင်ကိုရီးယားတို့ လေကြောင်းရန် ကာကွယ်ရေးသတ်မှတ်ဇုန်ဖြစ်တဲ့ ဂျယ်ဂျူကျွန်းအရှေ့ဘက် လေပိုင်နက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုစစ်ရေးလေ့ကျင့်မှုဟာ ပြီးခဲ့တဲ့နေ့က မြောက်ကိုရီးယားရဲ့ လောင်စာခဲသုံး ဒုံးကျည်ပစ်ခတ်မှုအပေါ် ကန့်ကွက်မှုကို သုံးနိုင်ငံ ပူးတွဲပြသတာဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ဆိုပါတယ်။ အောက်တိုဘာလအတွင်းက သုံးနိုင်ငံ စစ်ရေးလေ့ကျင့်မှုအပြီးမှာ ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ ဘီ-၁ ဗုံးကြဲလေယာဉ်တွေ ဖြန့်ကြက်မှုနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် သတိပေးထားပြီး ခဲယမ်းမီးကျောက်တွေ အမြောက်အများတင်ဆောင်နိုင်တဲ့ ဗုံးကြဲလေယာဉ်ဟာ ကိုရီးယားကျွန်းဆွယ်နဲ့ ဂူအမ်ကျွန်းကို နှစ်နာရီအတွင်း ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ Ref:NHK Photo:AFP  

Read More

This Day in History

  Voice of Myanmar စပိန်ဝန်ကြီးချုပ် လူးဝစ်ကာရီရိုဘလန်ကိုသည် ၁၉၇၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် မက်ဒရစ်မြို့၌ ဖြစ်ပွားခဲ့သော အကြမ်းဖက် ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်။  

Read More

နယ်မြေမတည်ငြိမ်မှုတွေကြောင့် ပြည်တွင်းခရီးသွားကဏ္ဍ ကျဆင်းနိုင်

  ရန်ကုန် ၊ဒီဇင်ဘာ ၂၀ – ၂၀၂၃ GG(VOM) ခရီးသွားရာသီရောက်နေပေမယ့်လည်း မြန်မာနိုင်ငံထဲက နေရာတော်တော်များများမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး နယ်မြေမတည်ငြိမ်တာကြောင့် ခရီးသွားလုပ်ငန်းက ခန့်မှန်းထားသလောက် တိုးတက်မှုရှိမလာနိုင်ဘူး လို့ ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းကသုံးသပ်ပါတယ်။ လတ်တလော ပြည်တွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားမှုမရှိသေးတာက ရန်ကုန်၊နေပြည်တော်၊ မန္တလေး ၊ ပြည်မြို့ သရေခေတ္တရာမြို့ဟောင်း၊ပုဂံ၊တောင်ကြီး အင်းလေး ၊ ပြင်ဦးလွင် ၊ ငပလီကမ်းခြေ ၊ ငွေဆောင်၊ချောင်းသာ၊ မြိတ်ကျွန်းစု စတဲ့နေရာအချို့သာ ရှိနေတယ်လို့သိရပါတယ်။ အဆိုပါ ဒေသတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားတာမရှိပေမယ့် ဗုံးပေါက်ကွဲတာနဲ့ ပဋိပက္ခတွေ ရှိနေတာကြောင့် ခရီးသွားတွေအတွက် လုံခြုံရေးအာမခံချက်မရှိတဲ့အတွက်မလိုအပ်တဲ့ ခရီးစဥ်တွေ ဖျက်သိမ်းရတာတွေရှိလာတယ်လို့သိရပါတယ်။ ” အေးချမ်းတယ်ဆိုတဲ့နေရာတွေကရော လုံခြုံပါတယ် ဘာမှမဖြစ်ပါဘူးလို့ ဘယ်သူအာမခံနိုင်လဲ ၊ဒေသခံတွေဆိုလည်းပြင်ထားကြတယ်။ ေနာင်ချိုဘက်တိမ်ပင်လယ်ဆိုလည်းပြင်ထားကြတယ်။တလအတွင်းအကုန်ဖြစ်ပျက်သွားတာလေ၊ဘယ်သူမှကြိုမသိနိုင်ဘူး။ဘယ်သူမှလည်း စိတ်ချရပါတယ်လာပါအာမခံတယ်လို့မပြောနိုင်ဘူး။ဒီတော့သွားချင်တဲ့သူကသွားပေါ့၊မသွားချင်တဲ့သူကတော့ မသွားဘူးပေါ့။ ဖြစ်ရင်တော့ဖြစ်သွားတာပဲ၊ သွားချင်တဲ့သူကတော့သွားနေတာပဲ။ ကိုယ့်ရဲ့စဥ်းစားတွေးခေါ်ညဏ်နဲ့ ပဲလုပ်ကြရတာပေါ့။…

Read More

ကောလင်း ၊ ထီးချိုင့်ဘက်က တိုက်ပွဲရှောင် ကျောင်းသားတွေကို စစ်ကိုင်း IBEC ကျောင်းက ပညာသင်ပေးနေ

  ဒီဇင်ဘာ ၊ ၂၀ ၊ ၂၀၂၃ SP ( VOM) ပြီးခဲ့တဲ့ နိုဝင်ဘာကစလို့ စစ်ကိုင်းတိုင်း ကောလင်းခရိုင် ၊ ကောလင်းမြို့နဲ့ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ်တွေဘက်မှာ တိုက်ပွဲတွေ နေ့စဥ် နီးပါး ဖြစ်ပွားနေတာကြောင့် စာသင်လက်စ ကျောင်းသား ၊ ကျောင်းသူတွေဟာ ယာယီတိုက်ပွဲရှောင် ပြေးလွှားနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီလို ယာယီတိုက်ပွဲရှောင် နေရတဲ့ မိသားစုတွေထဲက ပညာရေးကို ဆက်လက်သင်ယူခွင့်ရဖို့အတွက် စစ်ကိုင်းမြို့မှာ ရှိတဲ့ နိုင်ငံတကာ ဗုဒ္ဓဘာသာ ပညာရေး စင်တာ ( International Buddhist Education Centre (IBEC) ကျောင်းက ပညာရေး လုပ်ထုံးလုပ်နည်း ၊ မူဝါဒနဲ့အညီ ဆက်လက် ပညာသင်ယူခွင့်ကို ရရှိဖို့အတွက် ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ ” ဆရာတော်က…

Read More

ဝါကျွတ်အပြီး ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေး

  ဒီဇင်ဘာ ၂၀ – ၂၀၂၃ SN (VOM) ဝါကျွတ်ကာလဖြစ်ပေမယ့် လက်ရှိ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံလိုသူတချို့လောက်သာ အဝယ်ရှိနေပြီး ဈေးကွက်အေးနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။ ပုံမှန်အရောင်းဝယ်ရှိနေတဲ့ ဒဂုံမြို့သစ် လေးမြို့နယ်က အိမ်ခြံမြေဈေးတွေဟာလည်း ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းမှ စတင်ကာ အရောင်းအဝယ်အေးလာပြီး အထွေထွေကုန်ဈေးနှုန်း မြင့်တက်နေတာကြောင့်လည်း အိမ်ခြံမြေ ဝယ်ယူနေထိုင်ခြင်းထက် အငှားနေထိုင်သူတွေသာ များပြားလျက်ရှိနေတယ်လို့ သိရပါတယ်။ “လက်ရှိကာလမှာကတော့ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်ဖြစ်တာထက် အငှားပဲရှိတယ်။ အရောင်းအဝယ်သာ မကောင်းတာ။ ဈေးကတော့ နှစ်ဆတက်နေတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကတော့ ငွေစက္ကူသစ်ထုတ်မယ့် သတင်းကြောင့် အရောင်းအဝယ်က သိသိသာသာ ကောင်းခဲ့တာပေါ့။ ဒါပေမယ့် အဲ့ဒီ့နောက်ပိုင်းကတော့ အစစအရာရာ ကုန်ဈေးနှုန်းတွေကလည်း တက်နေတော့ အရောင်းအဝယ်တွေ ပြန်အေးနေတယ်။ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေတောင် အဝယ်သိပ်မရှိတော့ဘူး။ တခြားလုပ်ငန်းတွေမှာ ပြောင်းပြီး ရင်းနှီးမြှုပ်နှံမှုကုန်ကြပြီ။ အိမ်ဆောက်မယ့်သူတွေတောင်…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၀ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

အမိန့်နဲ့ မူဝါဒသစ်တွေ မထွက်ပေါ်သရွေ့ ကားဈေးကွက် တည်ငြိမ်မယ်လို့ သုံးသပ်

  ရန်ကုန်၊ ဒီဇင်ဘာ ၂၀- ၂၀၂၃ GG(VOM) ပြည်တွင်းကားဈေးကွက်ကို အတက်ဘက်ကို ရောက်လာစေနိုင်တဲ့ အမိန့်၊ မူဝါဒသစ် တွေ ထွက်ပေါ်မလာသရွေ့ ကားဈေးကွက်က ပြန်တက်လာနိုင်မယ့်အခြေအနေမရှိဘဲ တည်ငြိမ်နေမယ်လို့ မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရေး ရောင်းချရေး လုပ်ငန်းရှင်များအသင်းရဲ့အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးကျော်စွာထွန်းမြင့် သုံးသပ်ပြောဆိုလိုက်ပါတယ်။ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကားဈေးကွက်အခြေအနေအရ ကားဈေးတွေဟာ ၂၀၂၃ နှစ်စ လေးလတဖြတ်မှာ ဈေးငြိမ်ပြီး ဒုတိယလေးလတဖြတ်မှာဈေးအမြင့်ဆုံးထိ တက်ကာ တတိယ လေးလ တဖြတ်ဖြစ်တဲ့လက်ရှိကာလမှာ ဈေးကွက်ပြန်ငြိမ်သွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေအရ လာမယ့် ၂၀၂၄ မတ်လအထိကို ပုံမှန်မဟုတ်တဲ့ အကြောင်းအရာတွေ မရှိသရွေ့ ကားဈေးကထိုးတက်လာနိုင်စရာမရှိဘဲ ဧပြီလရောက်မှသာ ကားဈေးကွက် အတက်အတကျကို စောင့်ကြည်ရမှာဖြစ်တယ်လို့ဆိုပါတယ်။ “အရင် ၂၀၂၃ ခုနှစ် စမှာတုန်းက ဒီလိုပဲ ကားဈေးကတည်ငြိမ်ပြီးသွားတယ်။ ၃ လပိုင်းအကုန် ၄ လပိုင်းလောက်မှာဈေးနည်းနည်းအဝယ်…

Read More
VOM News

FREE
VIEW