ဝါရှင်တန်၊ ဒီဇင်ဘာ-၁၉-၂၀၂၃ မျိုးဆက်(VOM) ပင်လယ်နီကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို ဟူသီသူပုန်တွေရဲ့ ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာကို တုံ့ပြန်ဖို့ နိုင်ငံပေါင်း ၁၀ နိုင်ငံ ညွှန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီလို့ အမေရိကန်က ကြေညာလိုက်ပါတယ်။ လွတ်လပ်စွာ သွားလာခွင့်ရဲ့ အခြေခံမူဝါဒကို ထိန်းသိမ်းဖို့နဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်သွားမှာလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။ ၁၀ နိုင်ငံ ညွှန့်ပေါင်းအဖွဲ့မှာတော့ အမေရိကန်၊ ဗြိတိန်၊ ဘာရိန်း၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊နော်ေ၀ ၊ ဆေရှဲ နဲ့ စပိန်တို့ပါဝင်တယ်လို့ အော်စတင်ကပြောပါတယ်။ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ယီမင်က ဟူသီသူပုန်အဖွဲ့ဟာ ဂါဇာစစ်ပွဲမှာ ဟားမတ်စ်တို့ကို ထောက်ခံမှုအဖြစ် ပင်လယ်နီကို ဖြတ်သန်းသွားလာတဲ့ ရေနံတင်သင်္ဘော၊ ကုန်တင်သင်္ဘောနဲ့ အခြားသင်္ဘောတွေကို အရှိန်မြှင့်တိုက်ခိုက်နေပါတယ်။ ဂါဇာကမ်းမြှောင်ဒေသကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ…
Read MoreYear: 2023
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၁၉ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၁၀ ကျပ် ဝယ်ဈေး – ၃၄၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၁ ကျပ် ဝယ်ဈေး – ၂၅၅၁ ကျပ် -ယူရို ရောင်းဈေး – ၃၈၀၇ ကျပ် ဝယ်ဈေး – ၃၇၁၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၀၀ ကျပ် ဝယ်ဈေး – ၉၆.၆၁ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၆ ကျပ် ဝယ်ဈေး – ၄၆၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreတရုတ်မှာ အင်အားပြင်းမြေငလျင်ကြောင့် လူ ၁၀၀ ကျော်သေဆုံး
ပေကျင်း၊ ဒီဇင်ဘာ-၁၉-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် လူ ၁၁၁ ယောက်သေဆုံးပြီး ၂၂၀ ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ မြေငလျင်ဟာ ဂန်ဆုပြည်နယ်မှာ ညသန်းခေါင်းယံလှုပ်ခတ်ခဲ့တာဖြစ်ပြီး ပြည်နယ်တွင်းနဲ့ အိမ်နီးချင်း ချင်ဟိုင်ပြည်နယ်မှာ အဆောက်အအုံတွေ ပျက်စီးခဲ့ရပါတယ်။ ဂန်ဆုပြည်နယ်မှာ လူ ၁၀၀ သေဆုံးပြီး ၉၆ ယောက်ဒဏ်ရာရခဲ့ကာ ချင်းဟိုင်ပြည်နယ်မှာတော့ ၁၁ ယောက်သေပြီး ၁၂၄ ယောက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မြေငလျင်ရဲ့ ပြင်းအားဟာ ၅ ဒသမ ၉ အဆင့်ရှိပြီး အနက် ခြောက်ပိုင်ကနေ လှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့က ပြောပါတယ်။ အင်္ဂါနေ့မနက်ပိုင်းကစပြီး အာဏာပိုင်တွေက ရှာဖွေကယ်ဆယ်ရေးတွေ စတင်လုပ်ဆောင်နေပါတယ်။ ငလျင်ကြောင့် ဒေသအချို့မှာ လျှပ်စစ်ဓါတ်အားနဲ့ ရေပေးဝေမှုတွေ ပြတ်တောက်ခဲ့ရပါတယ်။ တရုတ်နိုင်ငံအနောက်ပိုင်း စီချွမ်ပြည်နယ်မှာလည်း စက်တင်ဘာလအတွင်းက အင်အား…
Read Moreရွှေ၊ ငွေနဲ့ စက်သုံးဆီ တပတ်တာဈေးကွက်
ဒီဇင်ဘာ ၁၉ – ၂၀၂၃ SN (VOM) ဒီဇင်ဘာ ၁၂ ရက်ကနေ ၁၈ ရက်အထိ တပတ်တာ ကာလအတွင်းမှာလည်း အကယ်ဒမီ အခေါက်ရွှေဈေးနှုန်းနဲ့ နိုင်ငံခြားငွေလဲနှုန်းတွေ အမြင့်ဈေးမှာပဲ ဆက်ရှိနေဆဲဖြစ်ပြီး စက်သုံးဆီ ဈေးနှုန်းတွေကတော့ ဒီဇင်ဘာ ပထမပတ်ကထက် အနည်းငယ်ကျလာပေမယ့် အမြင့်ဈေးမှာပဲ ဆက်ရှိနေသလို ဈေးကွက်အတွင်း ဆီဝယ်ယူရခက်နေဆဲ ဖြစ်ပါတယ်။ နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်ရာမှာ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုလိုက်တဲ့ ဗဟိုဘဏ်ရဲ့ ဒီဇင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်ကြောင့် အမေရိကန် ဒေါ်လာဈေးဟာ ၃၅၀၀ ကျော်ဝန်းကျင် ဈေးတန်းကနေ ပြန်ဆင်းမလာသေးသလို တခြားသော ငွေလဲနှုန်းတွေလည်း အတက်အကျမငြိမ် ဖြစ်နေပါတယ်။ ဒေါ်လာဈေး မြင့်တက်နေတာကြောင့် ပြည်တွင်းက ပြင်ပရွှေဈေးအပြင် ရန်ကုန်တိုင်းရွှေအသင်းက ထုတ်ပြန်နေတဲ့ ရွှေဈေးနှုန်းတွေပါ အပြင်ဈေးတန်းနီးပါး လိုက်ပါ မြင့်တက်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် လာမယ့်…
Read Moreလားရှိုး နည်းပညာ တက္ကသိုလ် ယာယီ ပိတ်ထားရ
ဒီဇင်ဘာ ၊ ၁၉ ၊ ၂၀၂၃ SP (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ပြင်မှာ ဖွင့်လှစ်ထားတဲ့ နည်းပညာ တက္ကသိုလ်ကျောင်းကို လုံခြုံရေးအရ စိုးရိမ်နေရတဲ့ အတွက်ဆိုပြီး မနေ့ ဒီဇင်ဘာ ၁၈ ရက်စပြီး ယာယီကျောင်း ပိတ်လိုက်တယ်လို့ ပညာရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” လားရှိုး နည်းပညာ တက္ကသိုလ်က မြို့ပြင်မှာ ရှိတယ် ၊ အဲ့ဒီ တက္ကသိုလ်ရဲ့ နောက်မှာ တောတွေ ၊ တောင် တန်း တွေရှိတယ် ၊ နောက်ပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက အဲ့ဒီ ကျောင်းနားဝန်ကျင်ဘက်ကနေ လာရောက်နိုင်တာကြောင့် လုံခြုံရေးအရ ကျောင်းကို ပိတ်လိုက်တာ ဖြစ်မယ် “လို့ ကျောင်းသား မိဘတယောက်က ပြောပါတယ်။ အဲ့ဒီ နည်းပညာ တက္ကသိုလ် ပညာရေး…
Read Moreထိုင်း-မြန်မာနယ်စပ်မှာ မူးယစ်မှောင်ခိုသမား ၁၅ ယောက်ကို ထိုင်းစစ်တပ် ပစ်သတ်
ဘန်ကောက်၊ ဒီဇင်ဘာ-၁၈-၂၀၂၃ မျိုးဆက်(VOM) မြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မူးယစ်ဆေးဝါး မှောင်ခိုသမား ၁၅ ယောက်ဟာ ထိုင်းစစ်သားတွေနဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီဇင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။ ဒီဖြစ်စဉ်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ဗဟိုချက်ဖြစ်နေတဲ့ ထိုင်း၊ မြန်မာနဲ့ လာအို နယ်စပ်ချင်းထိစပ်ရာ ရွှေတြိဂံအနီး ချင်းရိုင်ရှိ မယ်ဖာလုံခရိုင်မှာ ဒီဇင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့တာလို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေအပြီးမှာတော့ မက်သာဖက်တမင်းဆေးပြား နှစ်သန်းကျော်ပါဝင်တဲ့ အိတ် ၁၇ အိတ်ကို ရဲတွေက တွေ့ရှိကြောင်း တာဝန်ရှိသူတွေက အေအက်ဖ်ပီကို ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်တလျှောက်မှာ လှည့်ကင်းတွေနဲ့ မူးယစ်မှောင်ခိုသမားတွေအကြား မကြာခဏဆိုသလို ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ စက်တင်ဘာလအတွင်းက အခုလိုဖြစ်စဉ်အတွင်း မူးယစ်မှောင်ခိုသမားတယောက်နဲ့ ရဲတယောက်သေဆုံးခဲ့ဖူးသလို ပြီးခဲ့တဲ့နှစ်ကလည်း ချင်းရိုင်မှာ…
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၈ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး
Read Moreဂန့်ဂေါ – ဟားခါးကားလမ်းမှာ တိုက်ပွဲတွေဖြစ်လို့ လမ်းပိတ်
ဒီဇင်ဘာ ၊ ၁၈ ၊ ၂၀၂၃ SP( VOM) ချင်းပြည်နယ် ၊ ဟားခါးမြို့နယ် ၊ ဘုံဇုံး (Bungzung) ကျေးရွာမှာရှိတဲ့ နစက တပ်စခန်းကို ဒီကနေ့ မနက်ပိုင်းက ဒေသတွင်း လက်နက်ကိုင်အဖွဲ့က လာရောက်တိုက်ခိုက်တာကြောင့် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး ဂန့်ဂေါ – ဟားခါး ကားလမ်း ပိတ်ထားရတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” ဒီမနက် အစောပိုင်းကစလို့ ပစ်နေကြတာပါ ၊ နှစ်ဘက်ထိခိုက်သေဆုံးတာတွေရှိတယ် ၊ ရွာခံတွေက ညကတည်းက ထွက်ပြေးနေရတယ်ဆိုတော့ အရေအတွက်တော့မသိရသေးဘူး၊ ဒီမနက်ပိုင်းကစလို့ ဂန့်ဂေါ – ဟားခါး ကားလမ်းပိတ်ထားတယ် ၊ အဆင်းကားနဲ့ အတက်ကားတွေ ရာဂဏန်း နီးပါး ပိတ်မိနေတယ် ” လို့ ဒေသခံတယောက်က ပြောပါတယ်။ …
Read Moreအဆမတန်ကြီးမြင့်နေတဲ့ ကုန်ဈေးနှုန်းကြောင့် အခက်ကြုံနေရတဲ့ ရခိုင်ပြည်သူတွေ
ဒီဇင်ဘာ ၁၈ – ၂၀၂၃ SN (VOM) ရခိုင်ပြည်နယ်အတွင်း နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကုန်းလမ်း၊ ရေလမ်း သွားလာမှုတွေ ပိတ်ဆို့နေတဲ့အတွက် စက်သုံးဆီနဲ့ အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကုန်ပစ္စည်းဝင်ရောက်မှု မရှိတော့တဲ့အတွက် အဲ့ဒီ့ဒေသက ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး လက်ကျန် ကုန်ပစ္စည်းတွေမှာလည်း စံချိန်တင် ဈေးနှုန်း မြင့်တက်လျက်ရှိနေတယ်လို့ သိရပါတယ်။ “ပစ္စည်းတွေက ရှားလွန်းအားကြီးနေတော့ လက်ထဲ ပိုက်ဆံရှိနေလို့ ဝယ်ချင်ရင်တောင် ဝယ်မရဘူး။ လက်ကျန် ပစ္စည်းတွေဆိုတာလည်း ဒီဘက်မှာ ရွှေထက်တောင် အဖိုးတန်နေတယ်။ နိုင်ငံခြားငွေနဲ့ တင်သွင်းရတဲ့ ကုန်ပစ္စည်းတွေဆိုရင်လည်း ပစ္စည်း ပြတ်နေပြီ။ အသီးအရွက်၊ စားသောက်ကုန်တွေဆိုရင်လည်း ပြည်မဘက်က…
Read Moreအိန္ဒိယ ကီရာလာပြည်နယ်မှာ ကိုဗစ်မျိုးကွဲ JN.1 တွေ့ရှိပြီးနောက် ကူးစက်မှုတွေ မြင့်တက်လာ
ဒေလီ၊ ဒီဇင်ဘာ-၁၈-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေမြင့်တက်လာပြီးနောက် ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ အာဏာပိုင်တွေက ဒီဇင်ဘာ ၁၈ ရက်မှာ သတိပေးတိုက်တွန်းထားပါတယ်။ ကိုဗစ်-၁၉ မျိုးကွဲတခုဖြစ်တဲ့ JN.1 ကို တွေ့ရှိပြီးနောက် ပြည်နယ်အတွင်းမှာ ကူးစက်မှုတွေ မြင့်တက်လာတာဖြစ်ပါတယ်။ အဲဒီမျိုးကွဲကို အမေရိကန်နဲ့ တရုတ်တို့မှာ ယခင်က တွေ့ရှိခဲ့ဖူးပါတယ်။ အတည်ပြုထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအားလုံးဟာ JN.1 ဗိုင်းရပ်စ်မျိုးကွဲကို ဆက်လက်ကာကွယ်ပေးနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ကူးစက်မှုတွေမြင့်တက်လာတဲ့ နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ လက်ရှိမှာတော့ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၃၂၄ ဦးရှိနေပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်ထိ လေးယောက်သေဆုံးခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုကူးစက်မှုတွေထဲမှာ JN.1 ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုဘယ်လောက်ထိရှိနေလဲဆိုတာ ရှင်းလင်းစွာ မသိရသေးပါဘူး။ ပြည်နယ်ကျန်းမာရေးဝန်ကြီး ဗီးနာဂျော့ကတော့ အလွန်စိုးရိမ်ပူပန်ဖို့မလိုကြောင်းနဲ့…
Read More