ရန်ကုန်၊ ဒီဇင်ဘာ ၁၇ – ၂၀၂၃ GG(VOM) ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ပို့ကုန်ရငွေ ၃၅ ရာခိုင်နူန်းကိုပဲ ဗဟိုဘဏ်မူဝါအရ သတ်မှတ်စျေးနူန်း ၂၁၀၀ ကျပ်နဲ့ မြန်မာငွေလဲလှယ်ဖို့ ဖြေလျှော့ပေးလိုက်တာကြောင့် ပဲ ပြောင်း နှမ်းစျေးတွေပြန်တက်လာတာဖြစ် ပါတယ်။ ဒါ့ကြောင့်လည်း ပြည်ပကိုပို့ကုန်တင်ပို့မှုတွေလည်း ပိုပြီး တိုးမြှင့်ပို့နိုင်ဖို့လုပ်ဆောင်နေကြပါတယ်။ မတ်ပဲ မတ်ပဲက ပို့ကုန်ရငွေလျှော့ပြီးကတည်းက စျေးဆက်တိုက်ပြန်တက်လာပြီး ခုတပတ်မှာလည်း မန္တလေး၊ရန်ကုန်၊နယ်စျေးကွက်အားလုံးမှာ.စျေး ထပ်တက်လာ ပါတယ်။ ခုတပတ် ရန်ကုန်စျေးကွက်မှာ မတ်ပဲ (RC) နိုင်ငံခြားတင်ပို့ဖို့ အရန်သင့် အရည်အသွေးနဲ့ FAQ သင့်တင့်တဲ့ပျှမ်းမျှအရည်အသွေး တစ်တန်ကို ၂၉၈၂၅၀၀ ကျပ်အထိစျေးတန်းတက်လာပြီး အရင်တပတ်ကထက် တတန်ကို ၄၀၅၀၀ လောက်ထပ်တက်လာတာဖြစ်ပါတယ်။ မန္တလေးစျေးကွက်မှာလည်း မတ်ပဲအသစ် ပိဿာ ၆၀ တအိတ်ကို ၂၁၀၀၀၀ ကျပ်မှ ၂၈၀၀၀၀ ကျပ်စျေးပေါက်နေ…
Read MoreYear: 2023
ရခိုင်စစ်ဘေးရှောင်ပြည်သူတွေ အရေးပေါ် အကူအညီလိုအပ်နေ
ဒီဇင်ဘာ ၁၇ – ၂၀၂၃ SN (VOM) ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းနီးပါး ရှိလာနေပြီး အခြေခံ စားနပ်ရိက္ခာ၊ အသုံးအဆောင်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ လူမူကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် စားဝတ်နေရေး အခက်အခဲအပြင် ဆောင်းရာသီ ရောက်ရှိလာပြီ ဖြစ်တာကြောင့် စောင်နဲ့ အနွေးထည်တွေပါ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။ “အခုကတော့ နှစ်ရက်၊ သုံးရက်ကစပြီး အကုန်လုံး အေးလာတော့ မြေပြင်မှာလိုနေတာ စောင်တွေ၊ ပုဆိုးတွေပေါ့။ အဓိက က ပေါက်တောဘက်က လာတဲ့သူတွေဆိုရင် ဘာမှကိုမယူနိုင်ဘဲ ကိုယ်လွတ်ရုန်းပြေးလာရတဲ့သူတွေဆိုတော့ စားဝတ်နေရေး အတော်ကို ခက်ခဲနေတယ်။ ကျန်တဲ့နေရာ တော်တော်များများမှာလည်း ဒါက လိုအပ်တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် ပေါက်တောဘက်ကလာတဲ့ သူတွေနဲ့ကျတော့ နည်းနည်းကွာတာပေါ့နော်။…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၁၇ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၂၅ ကျပ် ဝယ်ဈေး – ၃၄၆၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၁ ကျပ် ဝယ်ဈေး – ၂၅၅၁ ကျပ် -ယူရို ရောင်းဈေး – ၃၇၈၉ ကျပ် ဝယ်ဈေး – ၃၆၉၈ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၈.၅၂ ကျပ် ဝယ်ဈေး – ၉၆.၁၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၂ ကျပ် ဝယ်ဈေး – ၇၃၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၈ ကျပ် ဝယ်ဈေး – ၄၆၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၇ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreတောင်တရုတ်ပင်လယ်အရေး တရုတ်နဲ့တင်းမာမှုတွေ တိုးလာပြီး ပိုမိုရှုပ်ထွေးလာတယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော
တိုကျို၊ ဒီဇင်ဘာ-၁၇-၂၀၂၃ မျိုးဆက်(VOM) တောင်တရုတ်ပင်လယ်အရေး တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ မကြာသေးမီက မြင့်တက်လာခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာက NHK နဲ့ သီးသန့်အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သူဟာ ဂျပန်-အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ တိုကျိုကို ရောက်ရှိနေတာဖြစ်ပြီး ဂျပန်နဲ့ အာဆီယံတို့အနေနဲ့ စီးပွားရေးကိစ္စတွေဆောင်ရွက်နေသလို လုံခြုံရေးနယ်ပယ်မှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်သင့်တယ်လို့ သူက ဆိုပါတယ်။ တရုတ်နဲ့တင်းမာမှုတွေဟာ မကြာသေးခင်လတွေမှာ တိုးပွားလာသလို ပိုမိုရှုပ်ထွေးလာနေပြီး အစည်းအဝေးတက်ရောက်လာတဲ့နိုင်ငံတွေအနေနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနည်း ရှာသင့်တယ်လို့ မားကို့စ်ဂျူနီယားက ပြောပါတယ်။ တရုတ်ကမ်းခြေစောင့်သင်္ဘောတွေဟာ မကြာသေးမီကလည်း ဖိလစ်ပိုင်သင်္ဘောတွေကို ရေအမြောက်တွေနဲ့ ပစ်ခတ်ပြီး တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်းသွားလာမှုတွေကို ဟန့်တားခဲ့ပါတယ်။ ဖိလစ်ပိုင်၊ အမေရိကန်၊ ဂျပန် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့လုပ်ဆောင်သွားမှာဖြစ်ပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာက ပြောပါတယ်။ Ref:NHK Photo:AFP
Read MoreThis Day in History
Voice of Myanmar မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် ကွယ်လွန်ခဲ့ပြီး ၎င်း၏နေရာကို သားအငယ်ဆုံးဖြစ်သူ ကင်ဂျုံအန်က ဆက်ခံခဲ့သည်။
Read Moreမူဆယ် – နမ့်ခမ်း လမ်းပေါ် စယ်လန့်မှာ စစ်ရှောင်တွေအပါအဝင် ခရီးသွားပြည်သူ အများအပြား ပိတ်မိနေ
ဒီဇင်ဘာ ၁၆၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် – နမ့်ခမ်း လမ်းမကြီး စယ်လန့်ရွာနားမှာ ဒီဇင်ဘာ ၁၆ ရက်နေ့က စစ်ရှောင်တွေအပါအဝင် ခရီးသွားပြည်သူ အများအပြား ပိတ်မိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ခုဏကပဲလေ။ စယ်လန့်မှာ။ ဝင်လို့ပဲရတယ်။ ထွက်လို့ မရဘူး ပြောတယ်။ စယ်လန့်မှာ TNLA တွေ ထိုင်တယ်လေ။ မူဆယ် – နမ့်ခမ်း လမ်းမပေါ် ကားလည်း မှောက်တယ်၊ စစ်ဘေးရှောင်တွေလည်း များတယ် ” လို့ ဒေသခံ အမျိုးသား တဦးက ပြောပါတယ်။ နမ့်ခမ်းမှာ နစကတပ်နဲ့ TNLA ပူးပေါင်း မဟာမိတ်အဖွဲ့ တို့ကြား တိုက်ပွဲ ဖြစ်ပွားနေတာ တလ ကျော် ကြာလာပြီ ဖြစ်ပြီး မူဆယ်နဲ့…
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၆ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၆ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreပရိယတ္တိသာသနဟိတအသင်းကြီး အနှစ်၅၀မြောက် အထိမ်းအမှတ်ပွဲ
ဆူးငှက် ကောဇာသက္ကရာဇ် ၁၂၂၁ခုနှစ်မှာ တည်ထောင်ခဲ့သော မန္တလေးသည် ဗုဒ္ဓသာသနာအရှိန်အဝါ ပိုမို ထွန်းလက်စေခဲ့ သောအသစ်ဖြစ်တည်မှု ဖြစ်ခဲ့ပါ၏။ အမရပူရမင်းနေပြည်မှ မန္တလေးရတနာပုံနေပြည်တော်သို့ ပြောင်းရွေ့စိုးစံသည့် အခါတွင် မူလ သာသနိကအဆောက်အဦးများအပြင် အသစ်အသစ်သောဘုရားကျောင်းကန်ပုထိုး၊ သာသနိက အဆောက်အဦးအသစ် များဖြင့် စည်ပင်စေခဲ့သည်။ အမရပူရမြို့တော်ဟောင်းမှ မူလကျောင်းတိုက်ကြီးများ အများအပြားလည်း မန္တလေး နေပြည်တော်သို့ ပြောင်းရွေ့ကြ၏။ မြို့ပြဗိသုကာအသစ်တွင်လည်း ဘုန်းတော်ကြီး ကျောင်းများကို စံနစ်တကျ နေရာချထား ပေးမှုများ ရှိခဲ့သည်။ မင်းတုန်းမင်းလက်ထက်တွင် မြို့တည်နန်းတည် ခုနစ်ဌာန၌ပင် မဟာလောကမာရဇိန် စေတီတော်၊ မဟာအတုလ ဝေယံကျောင်းတော်၊ သုဓမ္မာဇရပ်တော်၊ ပဋ္ဌာန်းဟောရွှေသိမ်တော် ဟူသော သာသနိကဌာနများက ခုနစ်ဌာနတွင် လေးဌာနမှာ နေရာယူထားခြင်းကလည်း ဘာသာသနာဖက် ပိုမိုတိမ်းညွှတ်အလေးသာစေခြင်း ပြယုဂ်ဖြစ်ခဲ့ပါ၏။ အဆိုပါခုနစ်ဌာနအတွင်းမှပိဋကတ်တိုက်တော်သည်လည်း မြတ်စွာဘုရား၏ ကျမ်းဂန်ဒေသနာများကိုပင် အဓိက စုဆောင်းထိန်းသိမ်း အထွဋ်အမြတ် ထားရာ…
Read Moreဟားမတ်စ်တို့ ဖမ်းသွားတဲ့ ဓါးစားခံ သုံးယောက်ကို အစ္စရေးစစ်တပ် မှားယွင်းသတ်ဖြတ်
တဲလ်အဗစ်၊ ဒီဇင်ဘာ-၁၆-၂၀၂၃ မျိုးဆက်(VOM) ဟားမတ်စ်တို့ ဖမ်းဆီးသွားတဲ့ ဓါးစာခံသုံးယောက်ကို ဂါဇာမှာပြုလုပ်တဲ စစ်ဆင်ရေးအတွင်း မှားယွင်းသတ်ဖြတ်ခဲ့မိကြောင်း အစ္စရေးစစ်တပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မှားယွင်းသတ်ဖြတ်ခံလိုက်ရတဲ့ ဓါးစားခံတွေကတော့ Yotam Haim ၂၈ နှစ်၊ Samer Talalka ၂၂ နှစ်နဲ့ Alon Shamriz ၂၆ နှစ် တို့ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နောင်တရ ဝမ်းနည်းမိကြောင်း အစ္စရေးစစ်တပ်က ဆိုပါတယ်။ ဓါးစာခံသုံးယောက်ကို ဂါဇာမြောက်ပိုင်း ရှီဂျိုင်ယာမှာ ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း မှားယွင်းသတ်ဖြတ်ခဲ့မိတာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်တယ်လို့ အစ္စရေးစစ်တပ်ကပြောပါတယ်။ ရုပ်အလောင်းတွေကိုတော့ အစ္စရေးကို ပြန်ပို့ထားတယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုအတွင်း ဖမ်းဆီးသွားတဲ့ ဓါးစာခံ ၂၄၀ ထဲက ၁၀၀ ကျော်ကို ဟားမတ်စ်တို့က ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ ပျောက်ဆုံးနေသူတွေကို ရှာဖွေပြီး…
Read More