ဝါရှင်တန်၊ နိုဝင်ဘာ-၂၂-၂၀၂၃ မျိုးဆက်(VOM) အီရတ်ရှိ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ စစ်သွေးကြွတွေကို ဆက်တိုက်တိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မကြာသေးမီက အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုဒါဇင်များစွာပြုလုပ်ခဲ့တဲ့အပေါ် လက်တုံ့ပြန်မှုဖြစ်ပြီး သိမ်မွေ့တဲ့နိုင်ငံရေးအခြေအနေတွေကြောင့် ဒီလိုတိုက်ခိုက်ဖို့ကို လက်တုံ့ပြန်ဖို့ ယခုသီတင်းပတ်ထိ အမေရိကန်က တွန့်ဆုတ်နေခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာ ၂၁ ရက်ညပိုင်းက တိုက်ခိုက်မှုမှာတော့ အီရတ်ရှိ အဆောက်အအုံနှစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ဆိုပါတယ်။ ဘဂ္ဂဒက်မြို့တောင်ဘက် အယ်လ်အန်ဘာနဲ့ ဂျပ်ဖ်ဆက်အနီးရှိ ကာတေဘ်ဟဇ်ဘိုလာ စစ်ဆင်ရေးဌာနနဲ့ ထိန်းချုပ်ရေးစခန်းတခုတို့ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူတယောက်ကပြောပါတယ်။ အီရတ်ရှိ ကာတေဘ်ဟဇ်ဘိုလာစစ်သွေးကြွအဖွဲ့ဟာ အီရန်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ အင်အားကြီးလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အသေပျောက်ကိုတော့ အမေရိကန်က ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ အဲဒီမတိုင်ခင် ၂၄ နာရီခန့်က ဘဂ္ဂဒက်အနောက်ပိုင်းရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းက တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရပြီး အမေရိကန်ရဲ့ အေစီ-၁၃၀ စစ်လေယာဉ်က တုံ့ပြန်တိုက်ခိုက်ခဲ့တာကြောင့် စစ်သွေးကြွတွေ…
Read MoreYear: 2023
ဖောင်းပြင်နဲ့ ဟုမ္မလင်းကြားမှာ တိုက်ပွဲတွေကြောင့် ရေလမ်း ၊ ကုန်းလမ်းတွေ ပိတ်ထား
နိုဝင်ဘာ ၂၂ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မော်လိုက်ခရိုင် ၊ ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းခရိုင် ၊ ဟုမ္မလင်းမြို့နယ်ကြားမှာ မနေ့ကစလို့ ဒီကနေ့အထိ ထိတွေ့တိုက်ပွဲတွေဖြစ်နေနာကြောင့် ချင်းတွင်းမြစ်ကြောင်းက ရေလမ်းနဲ့ မုံရွာ ဟုမ္မလင်း ခန္တီး ကုန်းလမ်းတွေကို မနေ့ကစပြီး ပိတ်ထားတယ်လို့ မုံရွာမှာရှိတဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” မနေ့က ဖောင်းပြင်မြို့နယ် ၊ လွင်ကြီး ( ပြည်သူ့စစ်)ကျေးရွာကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်တိုက်တယ် ၊ လွင်ကြီးရွာဆိုတာ မုံရွာ ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ကားလမ်းနဲ့ ကောလင်း ၊ ပင်လည်ဘူး ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ကားလမ်း ဆုံတဲ့ နေရာဖြစ်တယ် ၊ လမ်းပန်းဆက်သွယ်ရေးအတွက်…
Read Moreအစ္စရေးနဲ့ဟားမတ်စ်တို့ လေးရက်ကြာ အပစ်အခတ်ရပ်ဖို့နဲ့ ဓါးစာခံ ၅၀ ပြန်လွှတ်ပေးဖို့ သဘောတူပြီ
တဲလ်အဗစ်၊ နိုဝင်ဘာ-၂၂-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ လေးရက်ကြာ အပစ်အခတ်ရပ်စဲဖို့နဲ့ ဒီအတောအတွင်း ဂါဇာမှာ ဖမ်းထားတဲ့ ဓါးစာခံ အယောက် ၅၀ ကို ပြန်လွှတ်ပေးဖို့ နိုဝင်ဘာ ၂၂ ရက် ဒီနေ့မှာ သဘောတူခဲ့ကြပါတယ်။ တကယ်လို့ အပစ်အခတ်ရပ်စဲရေးအောင်မြင်ခဲ့တယ်ဆိုရင် ပြီးခဲ့တဲ့ သီတင်းခြောက်ပတ်ခန့်က တိုက်ပွဲတွေစတင်ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် အပစ်အခတ်ရပ်စဲခြင်းလည်းဖြစ်ပါတယ်။ သဘောတူညီချက်အရ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ၊ ဆေးဘက်ဆိုင်ရာနဲ့ လောင်စာဆီကားတွေနဲ့ ရာနဲ့ချီတဲ့ ကုန်တင်ကားတွေကို ဂါဇာကမ်းမြှောင်ဒေသနေရာအားလုံးကို ဝင်ရောက်ခွင့်ရတော့မှာလို့ ဟားမတ်စ်အဖွဲ့က ပြောပါတယ်။ ဒါ့အပြင် အစ္စရေးဟာ ပါလက်စတိုင်းအမျိုးသမီးနဲ့ ကလေးငယ် ၁၅၀ ကိုအစ္စရေး အကျဉ်းထောင်တွေကနေ ပြန်လွှတ်ပေးဖို့လည်း သဘောတူညီချက်မှာ ပါဝင်ပါတယ်။ အစ္စရေးအစိုးရကတော့ ဒါဟာ စစ်ပွဲအဆုံးသတ်လိုက်တာမဟုတ်ဘဲ ဟားမတ်စ်တွေကို အဆုံးတိုင်ချေမှုန်းသုတ်သင်သွားမယ်လို့ အခိုင်အမာပြောဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တွေရဲ့…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၂၂ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၀၀ ကျပ် ဝယ်ဈေး – ၃၃၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၃၅ ကျပ် ဝယ်ဈေး – ၂၄၈၅ ကျပ် -ယူရို ရောင်းဈေး – ၃၇၃၃ ကျပ် ဝယ်ဈေး – ၃၆၄၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၀၈ ကျပ် ဝယ်ဈေး – ၉၄.၇၈ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၄ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၂ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၉၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreဝက်လက်နယ် ရွှေပန်းကုံးရဲစခန်း တိုက်ပွဲဖြစ် ၊ နှစ်ဘက်ထိခိုက်သေဆုံးသူတွေ များပြား
နိုဝင်ဘာ ၊ ၂၂ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ ရွှေပန်းကုံးစံပြကျေးရွာမှာရှိတဲ့ ရွှေပန်းကုံးနယ်မြေရဲစခန်းဟာ မနေ့ နိုဝင်ဘာ ၂၁ ရက် မနက်အစောပိုင်း ၂ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး နှစ်ဘက် ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ရွှေပန်းကုံးရဲစခန်းကို မနေ့က မနက်အစောကြီး တိုက်ခိုက်ခံရတယ် ၊ တိုက်ခိုက်ချိန် ၃ နာရီလောက်ကြာမယ်ထင်တယ် ၊ နှစ်ဘက်ထိခိုက်သေဆုံးတာတွေရှိတယ် ၊ ရွှေပန်းကုံးရွာခံတွေနဲ့ အနားက ရွာခံတွေက ထွက်ပြေးတိမ်းရှောင်နေတာ လနဲ့ချီပြီကြာပြီ ၊ အဲ့ဒါကြောင့် ထိခိုက်သေဆုံးသူ အရေအတွက် မသိရသေးဘူး ” လို့ ရွှေပန်းကုံး ဒေသခံတယောက်က ပြောပါတယ်။ ရွှေပန်းကုံးတိုက်ပွဲ ဖြစ်စဥ်နဲ့ ပတ်သက်လို့…
Read Moreစစ်ထောက်လှမ်းရေးဂြိုဟ်တု အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားပြော
ပြုံးယမ်း၊ နိုဝင်ဘာ-၂၂-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားသည် စစ်ထောက်လှမ်းရေးဂြုဟ်တုကို အာကာသထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်ပြီး ဒီလိုလွှတ်တင်မှုအပေါ် အိမ်နီးချင်းနိုင်ငံတွေက ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ Malligyong-1 လို့အမည်ရတဲ့ အဲဒီထောက်လှမ်းရေးဂြိုတုဟာ ကမ္ဘာပတ်လမ်းကြောင်းအတွင်းကို တိကျစွာဝင်ရောက်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဆိုပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်လည်း ဒီလွှတ်တင်မှုကို စောင့်ကြည့်ခဲ့တယ်လို့ ကေစီအင်န်အေက ပြောပါတယ်။ ဂြိုဟ်တုတင်ဆောင်ထားတဲ့ ဒုံးပျံဟာ ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုကိုဖြတ်ပြီး ပစိဖိတ်သမုဒ္ဒရာကို ဦးတည်ပျံသန်းခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုအများအပြားကို ချိုးဖောက်တာဖြစ်ကြောင်း အမေရိကန်ကလည်း ရှုတ်ချထားပါတင်္ယ။ မြောက်ကိုရီးယားဟာ သူ့ရဲ့စစ်ထောက်လှမ်းရေးဂြိုဟ်တုကို လွှတ်တင်ဖို့ ယခုနှစ်ထဲမှာ နှစ်ကြိမ်တိုင်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ပဲ့ထိန်းဒုံးကျည်နည်းပညာကို အသုံးပြုတာဟာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာလို့ ဂျပန်ဝန်ကြီးချုပ်…
Read MoreThis Day in History
Voice of Myanmar အမေရိကန်၏ ၃၅ ယောက်မြောက်သမ္မတ ဂျွန်အက်ဖ်ကနေဒီသည် တက္ကဆက်ပြည်နယ် ဒါးလက်စ်တွင် ၁၉၆၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး အမေရိကန်သမိုင်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော နိုင်ငံရေးလုပ်ကြံမှုတခုဖြစ်သည်။
Read Moreနစက ဆီမှာ အလင်းဝင်လာတဲ့ လူနှစ်ယောက်က ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် အပါအဝင် လူ သုံးယောက်ကို သတ်ဖြတ်ပြီး တောထဲကိုပြန်ဝင်သွား
နိုဝင်ဘာ ၊ ၂၂ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့နယ်မှာ မနေ့ နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းက ပြည်သူ့စစ်တပ်ဖွဲ့ဝင် သုံးယောက် လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်လို့ သတင်းရရှိပါတယ်။ ” အသတ်ခံရတဲ့ ပြည်သူ့စစ်သုံးယောက်က တမူး ပြည်ခိုင်ဖြိုးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်း ဖြစ် ၊ နောက်ပြီး လက်ရှိပြည်သူ့စစ် အဖွဲ့ခေါင်းဆောင်လည်းဖြစ်သူ ဦးမြင့်အောင် နဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကျော်ဖြိုးဝေ နဲ့ ကိုမိုးဇော်ထွန်း ဆိုသူအသတ်ခံလိုက်ရတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။ ပြည်သူ့စစ် ၃ ယောက်ကိုသတ်ပြီး တောထဲကိုပြန်ဝင်သွားတယ်ဆိုတဲ့ ၂ယောက်ဟာ အရင်က ဒေသတွင်းလက်နက်ကိုင်အဖွဲ့ကနေအလင်းဝင်လာပြီး ပြည်သူ့စစ်အဖွဲ့မှာ လအတန်ကြာ တာဝန်ပေးခံရသူတွေဖြစ်တယ်လို့ သိရပါတယ်။…
Read More“အမိတက္ကသိုလ်ကို လွမ်းမိတဲ့ အခါ…”
သွေး (စစ်ကိုင်း) တက္ကသိုလ်တက်ရောက် ပညာသင်ယူခဲ့သူတိုင်း တက္ကသိုလ်ရဲ့ နေ့ရက်တွေကို သတိတရရှိနေတတ်ကြပါတယ်။ ရန်ကုန်တက္ကသိုလ် လို့ ဆိုလိုက်ရင် “အဓိပတိလမ်း” နဲ့ “ကံ့ကော်ပန်း” တွေကို ပြေးမြင်ယောင်မိမှာ ဖြစ်သလို မန္တလေးတက္ကသိုလ် လို့ ဆိုလိုက်ရင် မိန်းအဆောက်အဉီနဲ့ စိန်ပန်းတွေကို မြင်ယောင်မိမှာ ဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ အငွေ့အသက်ကို ပြည့်ပြည့်ဝဝ ရရှိခဲ့တဲ့ ရက်စွဲတွေကို ပြန်တမ်းတမိတိုင်း ကျောင်းနေဖက် သူငယ်ချင်းတွေကိုပါ သတိရမိပါရဲ့။ မန္တလေးတက္ကသိုလ်မှာ ရူပဗေဒအထူးပြု ကျောင်းသူတစ်ယောက်အနေနဲ့ တက်ရောက်ခဲ့ရတဲ့ အချိန်တွေဟာ ကျမရဲ့ ဘဝမှာ အပျော်ရွှင်ဆုံးကာလ တစ်ခုပါပဲ။ အထက်မြန်မာနိုင်ငံက အထင်ကရတက္ကသိုလ် ဖြစ်တဲ့ အတွက် အနယ်နယ်အရပ်ရပ်က ကျောင်းသား, ကျောင်းသူတွေ တက်ရောက်တဲ့ တက္ကသိုလ်ဆိုရင်လည်း မမှားပါဘူး။ ကျမတို့ ကျောင်းတက်စဉ်က ဖယ်ရီလို့ ခေါ်တဲ့ ကျောင်းကြို/ပို့ကားနဲ့…
Read More