လာအိုက ခန့်အပ်လိုက်တဲ့ အာဆီယံအထူးသံတမန်ကို မြန်မာနိုင်ငံစေလွှတ်မယ်

ဗီယင်ကျန်း၊ ဇန်နဝါရီ-၁၀-၂၀၂၄
မျိုးဆက်(VOM)

ယခုနှစ်အာဆီယံအလှည့်ကျဥက္ကဌ လာအိုနိုင်ငံဟာ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ALOUNKEO KITTIKHOUN ကိုစေလွှတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

လာအိုနိုင်ငံဟာ ယခုလနှောင်းပိုင်းမှာကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင်မှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ဖြစ် ဝါရင့်သံတမန်တယောက်ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ALOUNKEO KITTIKHOUN ကို လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနက ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

သူ့ကို ခန့်ထားမှုနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးအကြောင်းကြားထားပြီးဖြစ်ပါတယ်။ အာဆီယံအလှည့်ကျဥက္ကဌ လာအိုနိုင်ငံဟာ ဇန်နဝါရီ ၂၈ ရက်နဲ့ ၂၉ ရက်တို့မှာ ပထမဆုံးလက်ခံကျင်းပရမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေး မတိုင်ခင်မှာ အခုလိုခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ALOUNKEO KITTIKHOUN ဟာ ၁၉၉၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်ထိ ကုလသမဂ္ဂမှာ လာအိုဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ လာအိုနိုင်ငံရဲ့ အာဆီယံရေးရာ ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်ပြီး ချဉ်းကပ်ရာမှာ ယခင်အလှည့်ကျဥက္ကဌတွေဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားတို့ရရှိခဲ့တဲ့ ရလဒ်တွေအပေါ်မှာ အခြေပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။

REF:NIKKEI/DIPLOMAT
PHOTO:GETTY IMAGES

Related posts

✕
VOM News

FREE
VIEW