အစ္စရေးရဲ့ ထိုးစစ်တွေရပ်ဖို့ ဓါစားခံသုံးယောက်ရဲ့ ဗီဒီယိုထုတ်ပြန်ပြီး ဟားမတ်စ်တို့ ခြိမ်းခြောက်

  ဂါဇာစီးတီး၊ ဇန်နဝါရီ-၁၅-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးအနေနဲ့ ဂါဇာမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့နဲ့ ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းတွေ လွတ်မြောက်ရေး ရည်ရည်ပြီး ဖမ်းဆီးထားတဲ့ အစ္စရေးဓါးစာခံသုံးယောက်ရဲ့ရဲ့ ဗီဒီယိုကို ဟားမတ်စ်တို့က ထုတ်ပြန်ခဲ့ပါတယ်။ ဟားမတ်စ်တို့ ထုတ်ပြန်ခဲ့တဲ့ ၃၇ စက္ကန့်ကြာ ဗီဒီယိုမှာပါတဲ့ ဓါးစာခံတွေကတော့ အသက် ၂၆ နှစ်အရွယ် Noa Argamani၊ ၅၃ နှစ်အရွယ် Yossi Sharabi နဲ့ ၃၈ နှစ်အရွယ် Itai Svirsky တို့ဖြစ်ပြီး သူတို့ရဲ့ ကံကြမ္မာကို မနက်ဖြန်အကြောင်းကြားမယ်လို့ ဟားမတ်စ်တို့က ခြိမ်းခြောက်ထားပါတယ်။ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဓါးစာခံအချို့နဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ ဟားမတ်စ်တို့က ဆိုပါတယ်။ စစ်ပွဲအစမှာတော့ ဟားမတ်စ်တို့ဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ဓါးစာခံတွေကို ကွပ်မျက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဟားမတ်စ်တို့က ဓါးစာခံတွေရဲ့…

Read More

မော်တော်ယာဉ်တင်သွင်းခွင့် ထုတ်လုပ်ခုနှစ် သတ်မှတ်ချက် ကားဈေးကွက်ကို ရိုက်ခတ်မှု မရှိနိုင်

ဇန်နဝါရီ ၁၅ – ၂၀၂၄ SN (VOM) ၂၀၂၄ ခုနှစ်အတွက် ပြည်ပကမော်တော်ယာဉ် တင်သွင်းခြင်းနဲ့ပတ်သက်လို့ ထုတ်လုပ်ခုနှစ် သတ်မှတ်ချက်က ကားဈေးကွက်ကို ရိုက်ခတ်မှု မရှိနိုင်ဘူးလို့ ရန်ကုန်တိုင်း မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ပြောပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ ၂၀၂၄ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းနဲ့ ပတ်သက်လို့ ထုတ်လုပ်တဲ့ခုနှစ် သတ်မှတ်ချက်တွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၀/၂၀၂၃) နဲ့ ဒီဇင်ဘာ ၂၇ ရက်မှာ အများပြည်သူကို အသိပေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ “ကားတင်သွင်းခွင့် ထုတ်လုပ်တဲ့ခုနှစ် သတ်မှတ်ချက်က နှစ်ကုန်ခါနီးတိုင်း နှစ်တိုင်းထွက်နေကျ။ အဲ့ဒါ ဘာမှသိပ်ပြီး ထူးထူးခြားခြားကိစ္စမဟုတ်ဘူး။ သူက နှစ်တိုင်းဆိုရင်…

Read More

မူဆယ်မှာ ဒေသခံတွေ မိုင်းနင်းမိတာ မကြာခဏဖြစ်ဖြစ်ပွားလို့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေ

  ဇန်နဝါရီ ၁၅၊ ၂၀၂၄ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ မူဆယ်မှာ မကြာသေးမီကာလတွေအတွင်း ဒေသခံတွေ မိုင်းနင်းမိတာတွေ မကြာခဏဆိုသလိုဖြစ်ပွားနေပြီး ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇန်နဝါရီ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်ခန့်က အမျိုးသား တစ်ဦး ခြံသွားရာက မိုင်း ပြန်နင်းမိလို့ ခြေထောက် နစ်ဖက် ပြတ်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “၁၂ ကျော်ကျော်လောက်ပေါ့။ ပြန်လာပြီးတော့ ဖြစ်သွားတာပေါ့။ ဟုတ်တယ်။ ခြံထဲသွားတာ။ သူက ခြံထဲ ဖြစ်တာလေ။ ခြေထောက်က ပြတ်သွားတာ။ အသားပဲ ကျန်တော့တာ။ မူဆယ်မှာ မိုင်းနင်းမိတာ ၂ ယောက် မကဘူး။ တခြားအသင်းတွေ သွားသယ် တာလည်း ရှိတယ်။ အဲဒီ တောင်ပေါ်မှာပဲ။…

Read More

မြစ်ကြီးနား – ဖားကန့်လမ်းပိုင်း ဒီမနက်ကစလို့ လမ်းတွေပိတ်ထား ၊ အတက် အဆင်းကားတွေ ပိတ်မိနေ

ဇန်နဝါရီ ၊ ၁၅ ၊ ၂၀၂၄ SP(VOM) ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့နဲ့ ဖားကန့်မြို့အကြား ဆက်သွယ်ထားတဲ့ ကားလမ်းကို ဒီကနေ့ မနက်ပိုင်းကစလို့ လုံခြုံရေးအရ ပိတ်ထားလိုက်တယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” ဒီမနက်ကစလို့ နန့်တိန်နဲ့ ဝှေခါဘက်မှာ လက်နက်ကြီး ပေါက်ကွဲသံတွေကြားရတယ် ၊ အဲ့ဒါကြောင့်မို့ လုံခြုံရေးအရ မြစ်ကြီးနား – ဖားကန့်လမ်းပိုင်းကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ယာယီ ပိတ်ထားလိုက်တာ ဖြစ်တယ် ၊ အတက်ကား နဲ့ အဆင်းကား အားလုံးပိတ်ထားတာပါ ” လို့ ဒေသခံ ကားသမားတယောက်က ပြောပါတယ်။ အဲ့ဒီ အပြင် ဖားကန့်မြို့ခံတယောက်က ” ဖားကန့်နယ်မှာက ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေ တရားဝင်ပိတ်ထားတယ် ၊ ဒါပေမယ့် လုပ်တဲ့နေရာတွေမှာ လုပ်နေကြတယ် ၊ ကုန်စည် သယ်ယူပို့ဆောင်ရေး…

Read More

လောင်စာခဲသုံး တာလတ်ပစ်ပဲ့ထိန်းဒုံးကျည် အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယား ထုတ်ပြန်

  ပြုံးယမ်း၊ ဇန်နဝါရီ-၁၅-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ လောင်စာခဲသုံး တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ဒီနေ့ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒါဟာ လောင်စာရည်သုံး ဒုံးပျံတွေထက် ပိုမိုလျှင်မြန်စွာ ပစ်ခတ်နိုင်တဲ့ တာလတ်ပစ်ဒုံးကျည်ကို ပထမဆုံးအကြိမ်းစမ်းသပ်ပစ်ခတ်တာဖြစ်သလို ၂၀၂၄ ခုနှစ်မှာ ပထဆုံးအကြိမ် ဒုံးကျည်စမ်းသပ်မှုလည်းဖြစ်ပါတယ်။ အဲဒီဒုံးကျည်မှာ အသံထက်မြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်တဲ့ ဒုံးကျည်ထိပ်ဖူးတခုလည်းပါဝင်ပြီး ဒုံးကျည်ရဲ့ ရွေ့ရှားမှုနဲ့ ထိန်းချုပ်မှုတွေအပြင် အသစ်တီထွင်ထားတဲ့ ဒုံးကျည်အင်ဂျင်ရဲ့ယုံကြည်စိတ်ချရမှုကို စစ်ဆေးအတည်ပြုခဲ့ကြောင်း မြောက်ကိုရီးယားအလုပ်သမားပါတီရဲ့ ရိုဒေါင်ဆင်မွန်သတင်းဌာနက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်အပါအဝင် တာလတ်နဲ့တာတိုပစ်ဒုံးကျည်တွေမှာ အရည်လောင်စာအသုံးပြုမှုအစား လောင်စာခဲသုံးအင်ဂျင်တွေအသုံးပြုဖို့ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် အသံထက်ငါးဆမြန်တဲ့နှုန်းနဲ့ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်ထိပ်ဖူးတွေတီထွင်နိုင်ရေးဟာလည်း မြောက်ကိုရီးယားရဲ့ ငါးနှစ်ကြာ ကာကွယ်ရေးအစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး ဒီလက်နက်တွေကို ကြားဖြတ်ပစ်ချနိုင်ဖို့ ခက်ခဲကြောင်း စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ Ref:NHK Photo:AFP  

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၁၅ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၀ ကျပ် ဝယ်ဈေး – ၂၅၅၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၃ ကျပ် ဝယ်ဈေး – ၄၇၃ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၁၅ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

သမ္မတ အပြောင်းအလဲနဲ့အတူ ပိုမိုအကဲဆတ်လာနိုင်တဲ့ ထိုင်ဝမ်-တရုတ် ဆက်ဆံရေး

  တိုင်ပေ၊ ဇန်နဝါရီ-၁၅-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံကို ဒုက္ခပေးမယ့်သူနဲ့ အန္တရာယ်များတဲ့ ခွဲထွက်ရေးသမားလို့ ခေါ်ဝေါ်သမုတ် ခံခဲ့ရတဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီက ဝီလျံလိုင်ကတော့ ပြီးခဲ့တဲ့ စနေနေ့ ဇန်နဝါရီ ၁၃ ရက်မှာကျင်းပတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး သမ္မတဖြစ်လာတော့မှာပါ။ တရုတ်လိုလားတဲ့ ကူမင်တန်ပါတီတို့လိုပါတီတွေ အရေးနိမ့်ပြီး ထိုင်ဝမ်လွတ်လပ်ရေးလိုလားတဲ့ ဒီမိုကရက်တစ်တိုးးတက်ရေးပါတီက သမ္မတနေရာအနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲအပြီးမှာတော့ ရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ သဘောထားဆန္ဒအများစုကို မထင်ဟပ်ဘူးလို့ တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ရေးရာ ဗျူရိုက ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ထိုင်ဝမ်မဲဆန္ဒရှင်အချို့ကတော့ တရုတ်လိုလားတဲ့ ကူမင်တန်ပါတီသာ အနိုင်ရခဲ့မယ်ဆိုရင် ထိုင်ဝမ်ကျွန်းအရေးဟာ ပိုမိုဆိုးရွားလာမယ်လို့ ဆိုကြပါတယ်။ ရွေးကောက်ပွဲမှာ ငြိမ်းချမ်းရေးနဲ့ စစ်ပွဲ ရွေးချယ်မှုတခုလုပ်ရမယ်လို့ တရုတ်ဘက်က သတိပေးမှုတွေထိရှိခဲ့ပေမယ့် ထိုင်ဝမ်ပြည်သူတွေကတော့ ပြတ်ပြတ်သားသား ရွေးချယ်ခဲ့ပုံရပါတယ်။ ရွေးကောက်ပွဲမှလည်း ဒီမိုကရက်တစ်တိုးတက်ရေးပါတီက သမ္မတရွေးကောက်ပွဲမှာ မျှော်မှန်းထားတာထက် ကျယ်ကျယ်ပြန့်ပြန့်အနိုင်ရရှိခဲ့ပြီး ထောက်ခံမှု ၄၀ ရာခိုင်နှုန်းထိ ရရှိခဲ့တယ်လို့…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၁၄ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW