မြစ်ကြီးနား – ဖားကန့်လမ်းပိုင်း ဒီမနက်ကစလို့ လမ်းတွေပိတ်ထား ၊ အတက် အဆင်းကားတွေ ပိတ်မိနေ

ဇန်နဝါရီ ၊ ၁၅ ၊ ၂၀၂၄
SP(VOM)

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့နဲ့ ဖားကန့်မြို့အကြား ဆက်သွယ်ထားတဲ့ ကားလမ်းကို ဒီကနေ့ မနက်ပိုင်းကစလို့ လုံခြုံရေးအရ ပိတ်ထားလိုက်တယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” ဒီမနက်ကစလို့ နန့်တိန်နဲ့ ဝှေခါဘက်မှာ လက်နက်ကြီး ပေါက်ကွဲသံတွေကြားရတယ် ၊ အဲ့ဒါကြောင့်မို့ လုံခြုံရေးအရ မြစ်ကြီးနား – ဖားကန့်လမ်းပိုင်းကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ယာယီ ပိတ်ထားလိုက်တာ ဖြစ်တယ် ၊ အတက်ကား နဲ့ အဆင်းကား အားလုံးပိတ်ထားတာပါ ” လို့ ဒေသခံ ကားသမားတယောက်က ပြောပါတယ်။

အဲ့ဒီ အပြင် ဖားကန့်မြို့ခံတယောက်က ” ဖားကန့်နယ်မှာက ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေ တရားဝင်ပိတ်ထားတယ် ၊ ဒါပေမယ့် လုပ်တဲ့နေရာတွေမှာ လုပ်နေကြတယ် ၊ ကုန်စည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေနဲ့ ခရီးသည်တင်ကားတွေက အရင်အတိုင်းပဲ သွားလာနေတယ် ၊ ဒီမနက်တော့ မြစ်ကြီးနား ဖားကန့်လမ်းပိုင်း နန့်တိန်ဘက်မှာ လမ်းတွေပိတ်ထားတယ် ၊ မိုးညှင်း ၊ ဟိုပင် ၊ အင်းတော်ကြီးလမ်းဘက်ကတော့ သွားလာလို့ အခုထိ ရသေးတယ်” ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လထဲက မန္တလေး – မြစ်ကြီးနား – ဖားကန့် လမ်းကြောင်းပေါ်မှာရှိတဲ့ စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊အင်းတော်မြို့နယ် ၊ မော်လူးမြို့နယ်ခွဲကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားပြီးနောက် မန္တလေး ၊ ရွှေဘို ၊ ဖားကန့် ၊ လမ်းပိုင်းမှာ လုံခြုံရေး တင်းကြပ်တာတွေနဲ့ စစ်ဆေးရေးအရှိန်တွေ တိုးမြင့်ထားတာကြောင့် ခရီးသွားလာရေးတွေ လွယ်ကူမှုမရှိဘူးလို့ သိရပါတယ်။

ဒါ့ကြောင့် မန္တလေး ၊ ရွှေဘို ၊ ဖားကန့်လမ်းကနေ သွားလာမယ့် ကားသမားတွေအနေနဲ့ ခရီးစဥ်လမ်းကြောင်း အခြေအနေ မေးမြန်းစုံစမ်းပြီးမှ သွားလာဖို့ရန် ဒေသခံ ကားသမားတွေက အကြုံပြုထားပါတယ်။

အဲ့ဒီလို ဒေသခံ ကားသမားတွေက အကြုပြုထားတာဟာ လမ်းခရီးကျန့်ကြာမှုတွေရှိတတ်ပြီး ကုန်စိမ်းနဲ့ ပုတ်သိုးကုန်းတွေပါလာရင် အဆင်မပြေနိုင်ဘူးလို့ သိရပါတယ်။

ဓာတ်ပုံ ၊ ဖားကန့်လမ်းမှာ ကားတွေပိတ်မိနေပုံ ( ဒေသခံ တဦး)

Related posts

Leave a Comment

VOM News

FREE
VIEW