လောင်စာခဲသုံး တာလတ်ပစ်ပဲ့ထိန်းဒုံးကျည် အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယား ထုတ်ပြန်

 

ပြုံးယမ်း၊ ဇန်နဝါရီ-၁၅-၂၀၂၄

မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ လောင်စာခဲသုံး တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ဒီနေ့ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါဟာ လောင်စာရည်သုံး ဒုံးပျံတွေထက် ပိုမိုလျှင်မြန်စွာ ပစ်ခတ်နိုင်တဲ့ တာလတ်ပစ်ဒုံးကျည်ကို ပထမဆုံးအကြိမ်းစမ်းသပ်ပစ်ခတ်တာဖြစ်သလို ၂၀၂၄ ခုနှစ်မှာ ပထဆုံးအကြိမ် ဒုံးကျည်စမ်းသပ်မှုလည်းဖြစ်ပါတယ်။

အဲဒီဒုံးကျည်မှာ အသံထက်မြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်တဲ့ ဒုံးကျည်ထိပ်ဖူးတခုလည်းပါဝင်ပြီး ဒုံးကျည်ရဲ့ ရွေ့ရှားမှုနဲ့ ထိန်းချုပ်မှုတွေအပြင် အသစ်တီထွင်ထားတဲ့ ဒုံးကျည်အင်ဂျင်ရဲ့ယုံကြည်စိတ်ချရမှုကို စစ်ဆေးအတည်ပြုခဲ့ကြောင်း မြောက်ကိုရီးယားအလုပ်သမားပါတီရဲ့ ရိုဒေါင်ဆင်မွန်သတင်းဌာနက ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်အပါအဝင် တာလတ်နဲ့တာတိုပစ်ဒုံးကျည်တွေမှာ အရည်လောင်စာအသုံးပြုမှုအစား လောင်စာခဲသုံးအင်ဂျင်တွေအသုံးပြုဖို့ လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် အသံထက်ငါးဆမြန်တဲ့နှုန်းနဲ့ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်ထိပ်ဖူးတွေတီထွင်နိုင်ရေးဟာလည်း မြောက်ကိုရီးယားရဲ့ ငါးနှစ်ကြာ ကာကွယ်ရေးအစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး ဒီလက်နက်တွေကို ကြားဖြတ်ပစ်ချနိုင်ဖို့ ခက်ခဲကြောင်း စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

Ref:NHK

Photo:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW