ပဲခူးတိုင်းအနောက်ပိုင်းမှာ ပြည်သူ့စစ်ဖွဲ့ဖို့ လူစုဆောင်းမှုတွေရှိနေတဲ့ သတင်းတွေကြောင့် ပြည်သူတွေ စိုးရိမ်နေကြ

  ရန်ကုန်၊ ဇန်နဝါရီ ၁၇- ၂၀၂၄ GG(VOM) ပဲခူးတိုင်းအနောက်ပိုင်းမှာ ရပ်ကွက် ကျေးရွာလုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့ဖို့ဆိုပြီး ရပ်ကွက်တွေနဲ့ ကျေးရွာတွေကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ လူစုဆောင်းမှုတွေရှိလာနေတယ်လို့ ဒေသခံပြည်သူတွေဆီကသိရပါတယ်။ ” အစက ကောလဟာလ လို့ထင်နေတာ၊ အခုတော့ ကိုယ့်အနီးအနားရွာတွေမှာ စာရင်းတွေတကယ်ကောက်နေကြပြီ၊ကိုယ့်ရွာမှာကိုနေကြတာအေးချမ်းပါတယ်။ဘာမှမဖြစ်ပါဘူး။ကိုယ့်တနေ့လုပ်မှတနေ့စားရတာပါ၊ ကျွန်နော်မှမဟုတ်ဘူး လူတိုင်းမဝင်ချင်ကြဘူး၊အခုဆိုအားလုံးကအဲ့ဟာကြောင့် စိတ်တ္တဇတွေတောင်ဖြစ်နေကြတယ်၊မလိုက်ချင်လို့လေ ။ ” လို့ ပဲခူးအနောက်ခြမ်းက ပြည်သူတယောက်ကပြောပါတယ်။ ကျေးရွာမှာနေထိုင်တဲ့ ကျန်းမာသန်စွမ်းတဲ့ လူငယ်အမျိုးသား အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အတွင်း အမျိုးသားတွေထဲက အယောက် ၃၀ စုပေးဖို့ သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကို တောင်းခံလာတာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လူစုဆောင်းမှုကို လက်ခံပြီး ရပ်ရွာထဲမှာရှိတဲ့ အမျိုးသားစာရင်းကောက်ယူပြီး မဲနိူက်ရွေးချယ်ကာ လူစုပေးတာတွေ လုပ်ကြသလို တချို့ရွာတွေမှာလည်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က ရွာဒေသခံတွေနဲ့အစည်းအဝေးလုပ်ကာ ညှိနိူင်းမှုတွေပြုလုပ်နေကြတယ်လို့ သတင်းတွေကဆိုပါတယ်။ ”…

Read More

သိုင်းငင်း လုံခြုံရေးစခန်းကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားပြီးနောက် ကလေး – တီးတိန် – ဖလမ်း ကားလမ်းမှာ ယာဥ်အသွားအလာ မရှိ

  ဇန်နဝါရီ ၊ ၁၇ ၊ ၂၀၂၄ SP ( VOM) ချင်းပြည်နယ် မြောက်ပိုင်း ၊ တီးတိန်ခရိုင် ၊ တီးတိန်မြို့နယ် ၊ သိုင်းငင်းကျေးရွာ ၊ ဟားခါး – ဖလမ်း – တီးတိန် – ကလေး ကားလမ်းမှာရှိတဲ့ နစက လုံခြုံရေးစခန်းကို မနေ့ ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းက ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားလိုက်ပြီးနောက် ဒီကနေ့မှာတော့ ကလေး – တီးတိန် – ဖလမ်း ကားလမ်းမှာ ယာဥ်အသွားအလာတွေ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ ” သိုင်းငင်းရွာဆိုတာ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ချင်းပြည်နယ်ကိုသွားတဲ့အခါ ပထမဆုံး တွေ့ရတဲ့ တောင်ပေါ်ကားလမ်းခွဲ နေရာတခုမှာရှိတယ် ၊ အဲ့ဒီ ကားလမ်းခွဲကနေ ညာဘက်ကိုသွားရင်…

Read More

မွန်ပြည်သစ်ပါတီရဲ့ ဥက္ကဋ္ဌဟောင်း နိုင်ထောမွန် ထိုင်းနိုင်ငံမှာ ကွယ်လွန်

  ဇန်နဝါရီ ၁၇ – ၂၀၂၄ SN (VOM) မွန်ပြည်သစ်ပါတီရဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ နိုင်ထောမွန်ဟာ ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်၊ ထိုင်းစံတော်ချိန် မနက် ၇ နာရီလောက်က ထိုင်းနိုင်ငံမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီဆေးရုံ (ဝင်ကမွန်ရွာဆေးရုံ) မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ “ဒီမနက် ၇ နာရီလောက်က ကွယ်လွန်တာပါ။ ကြွင်းကျန်တဲ့ ရုပ်ကလာပ်ကို လာမယ့် ၂၁ ရက်နေ့မှာ ဂျပန်ရေတွင်းမှာ အသုဘရှုအခမ်းအနား ကျင်းပမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ အခမ်းအနား မတိုင်ခင်အထိတော့ ဥက္ကဋ္ဌကြီးကို လာရောက် ဂါရဝပြုလို့ရပါတယ်” လို့ မိသားစုနဲ့ နီးစပ်သူတယောက်က…

Read More

ဂါဇာကို လူသားချင်းစာနာမှုအကူအညီတွေ ပိုမိုခွင့်ပြုဖို့ အစ္စရေးနဲ့ဟားမတ်စ် သဘောတူ

  ပေကျင်း ၊ ဇန်နဝါရီ-၁၇-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးနဲ့ဟားမတ်စ်တို့အကြား စစ်ပွဲဖြစ်နေတဲ့ ဂါဇာကမ်းမြှောင်ဒေသကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိုမိုခွင့်ပြုဖို့ သဘောတူညီချက်တရပ်ကို ရရှိခဲ့တယ်လို့ ကြားဝင်ဖြန်ဖြေပေးတဲ့ ကာတာ တာဝန်ရှိသူတွေက ပြောပါတယ်။ ကာတာနဲ့ ပြင်သစ်တိုရဲ့ ကြားဝင်မှုနဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်အရ ဟားမတ်စ်တို့ဟာ ဖမ်းဆီးထားတဲ့ ဓါးစာခံတွေကို ဆေးဝါးထောက်ပံ့မှုတွေ ပေးရမယ်လို့ ဆိုပါတယ်။ အပြန်အလှန်အားဖြင့် ဂါဇာကမ်းမြှောင်ဒေသအတွက် လိုအပ်နေတဲ့ အခြေခံအထောက်အပံ့တွေကို ပိုမိုခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။ အစ္စရေးရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် သုံးလအတွင်း ဂါဇာရဲ့ အခြေအနေဟာ ယိုယွင်းနေပါတယ်။ အမေရိကန်ကတော့ နောက်ထပ်ဆွေးနွေးပွဲတွေအတွင်း ဓါးစာခံတွေ လွတ်မြောက်ရေးတွေ ပါဝင်လာဖို့ မျှော်လင့်ကြောင်း ကာတာကိုရောက်ရှိနေတဲ့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောပါတယ်။ ဆွေးနွေးပွဲတွေဟာ အကြိတ်အနယ်ရှိပြီး များမကြားခင်မှာ အသီးအပွင့်တွေ မြင်ရလိမ့်မယ်လို့ သူကဆိုပါတယ်။ ဂါဇာမှာ အစ္စရေးဓါးစာခံ ၁၃၂ ဦးထက်မနည်း…

Read More

ပါကစ္စတန်ပိုင်နက်ထဲက စစ်သွေးကြွတွေကို အီရန်ကဒုံးကျည်တွေနဲ့ တိုက်ခိုက်

  အစ္စလာမ္မာဘတ်၊ ဇန်နဝါရီ-၁၇-၂၀၂၄ မျိုးဆက်(VOM) အိမ်နီးချင်း အီရန်နိုင်ငံက ဇန်နဝါရီ ၁၆ ရက်မှာ ပါကစ္စတန်ရှိ စစ်သွေးကြွပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ယောက်သေဆုံးပြီး အခြားသုံးယောက် ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်တာဝန်ရှိသူတွေက ပြောပါတယ်။ အီရန်ဟာ ပါကစ္စတန်ရှိ စစ်သွေးကြွအုပ်စု ဂျိုင်ရှ်အယ်လ်အက်ဒယ်နဲ့ ဆက်နွယ်နေတဲ့ အခြေစိုက်စခန်းနှစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါပေမယ့် ပါကစ္စတန်ကတော့ ပယ်ချထားပြီး အီရန်ရဲ့ တိုက်ခိုက်မှုဟာ ပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေနိုင်တဲ့ တရားမဝင်လုပ်ရပ်ဖြစ်တယ်လို့ သတိပေးပြောဆိုပါတယ်။ ပါကစ္စတန်ဟာ အီရတ်နဲ့ ဆီးရီးယားပြီးရင် ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း အီရန်ရဲ့တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ တတိယမြောက်နိုင်ငံဖြစ်ပြီး နိုင်ငံလေပိုင်နက်ကို ချိုးဖောက်ခြင်းအတွက် ပါကစ္စတန်က ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆထားပါတယ်။ ပါကစ္စတန်နိုင်ငံထဲကို အီရန်က ဒုံးကျည်နဲ့ အခုလိတိုက်ခိုက်မှုဟာ မကြံစဖူးဖြစ်ပြီး တိုက်ခိုက်မှုဟာ နှစ်နိုင်နယ်စပ် ဘာလိုချီစတန်ပြည်နယ်ရှိ…

Read More

ခရေပင်လမ်းခွဲမှာ ဖယ်ရီကားနဲ့ တွဲကား တိုက်မိလို့ အယောက် ၃၀ ကျော် ထိခိုက် ဒဏ်ရာရ

  ဇန်နဝါရီ ၁၇ – ၂၀၂၄ SN (VOM) ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ လမ်းဆုံအနီးမှာ ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်၊ မနက် ၇ နာရီ ၁၀ မိနစ်ဝန်းကျင်က အထည်ချုပ်ဖယ်ရီ ဒိုင်နာကားနဲ့ တွဲကား တိုက်မိလို့ အယောက် ၃၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်း (တညင်ကုန်း) က သိရပါတယ်။ “ဒဏ်ရာရတဲ့သူတွေက ဖယ်ရီကားပေါ်က လူတွေပါ။ စုစုပေါင်း ၃၂ ယောက်ထဲမှာ မိန်းကလေးတယောက်ကတော့ ခေါင်းထိထားတော့ နည်းနည်းတော့ စိုးရိမ်ရတဲ့ အနေအထားပေါ့။ ယောင်္ကျားလေးထဲကလည်း ခါးနာပြီးတော့ မထနိုင်တာ တယောက်ရှိတယ်။ ကျန်တဲ့သူတွေကတော့ မစိုးရိမ်ရပါဘူး။ ခေါင်းနည်းနည်းထိ၊ ခြေထောက်လေးတွေ နည်းနည်းကွဲ၊ ခြေထောက်ထိ၊ လက်ထိ၊ ဖူးရောင်ပေါ့။ အဲ့ဒါလေးတွေပါပဲ။ သူတို့အားလုံးကို အင်းစိန်ဆေးရုံကို ပို့ဆောင်ထားပါတယ်”…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၁၇ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၅ ကျပ် ဝယ်ဈေး – ၃၄၀၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၅ ကျပ် ဝယ်ဈေး – ၂၅၅၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၃ ကျပ် ဝယ်ဈေး – ၄၇၃ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၁၇ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၈၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၈၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၄၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဆောင်းသီးနှံတွေ ပိုမိုထိခိုက် ပျက်စီးနိုင်

  ရန်ကုန် ၊ဇန်နဝါရီ ၁၇ – ၂၀၂၄ GG (VOM) အယ်လ်နီညိုဖြစ်စဉ်ကြောင့် ခုနှစ်မှာ ဆောင်းသီးနှံတွေ စိုက်ပျိုးမှုအပေါ် ပိုမိုထိခိုက် လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပြီး ဆောင်းသီးနှံထဲက မတ်ပဲ ၊ပဲတီစိမ်း စိုက်ခင်းတွေမှာ ရောဂါပိုးကျရောက်မှုများတဲ့အတွက် ပိုးသတ်ဆေးတွေကို ပိုပြီးအသုံးပြုနေရတယ်လို့ တောင်သူတွေကလည်း ပြောပါတယ် ။ ” ခုနှစ်က အယ်လ်နီညိုကြောင့် ပူချင်ရင် စွတ်ပူမယ်၊အေးချင်ရင် မတရားအေးမယ်၊ခုဆောင်းတွင်းမှာကို မိုးက ရွာတာတွေဖြစ်တယ်ပေါ့။ ခုလာမယ့်ရက်မှာလည်း မိုးရွာနိုင်လို့ ဒါတွေက ပိုးအကြိုက်တွေပေါ့၊နောက်ကျမှစိုက်တဲ့ အခင်းဆိုရင် ပိုပြီးဂရုစိုက်ရမယ်၊ စောတဲ့အခင်းကလည်း မိုးမိခံရရင်ပိုးကို ဂရုစိုက်ရမယ်၊နောက်ကျတဲ့အခင်းကတော့ ပိုးရော၊ အပင်တက်ဖို့ရော အသီးသီးအောင်ပါ အထူးဂရုစိုက်ရမှာပါ၊ လယ်တွေကလည်း ဓာတုဆေးဝါးတွေအသုံးများတော့ မြေတွေပျက်စီးလာတယ်။ မြေပြင်တာတွေလုပ်ဖို့လိုအပ်ပါတယ်။သဘာဝနည်းနဲ့ပဲ ဖြစ်ဖြစ်၊ မြေခံဓာတ်မြေဩဇာ၊ ကျောက်မှုန့် တွေပက်တာမျိုးလုပ်ရပါမယ် ၊ လယ်ကိုမီးရှို့တာတွေ ရှောင်ရမယ် ” လို့…

Read More

အီသီယိုးပီးယား တိုက်ဂရေးဒေသမှာ အငတ်ဘေးဆိုက်ပြီး လူ ၂၀၀ ကျော်သေဆုံး

  အာဒစ်အာဘာဘာ၊ ဇန်နဝါရီ-၁၇-၂၀၂၄ မျိုးဆက်(VOM) အီသီယိုးပီးယားမှာ မိုးခေါင်ရေရှားမှုနဲ့ စစ်ဒဏ်ခံခဲ့ရသော တိုက်ဂရေးဒေသ အီဒါဂါအာဘီမြို့မှာ ဇူလိုင်လနောက်ပိုင်း လူ ၂၀၀ ကျော်အငတ်ဘေးဆိုက်ပြီး သေဆုံးခဲ့တယ်လို့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။ အနီးနားရှိ အက်ဝါမြို့မှာလည်း နောက်ထပ် ၁၆ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ဂရေးဒေသဟာ ၁၉၈၄ ခုနှစ်မှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ အငတ်ဘေးလိုအခြေအနေဆိုက်ရောက်လုနီးပါးဖြစ်နေတယ်လို့ တိုက်ဂရေးတာဝန်ရှိသူတွေကပြောပါတယ်။ ဒါပေမယ့်လည်း အီသီယိုးပီးယားဗဟိုအစိုးရကတော့ ငတ်မွတ်ခေါင်းပါးမှုတွေဖြစ်ပွားနေတယ်ဆိုတာကို ငြင်းဆိုထားပြီး အကူအညီတွေပေးဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဆေးဝါးနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ လုံလုံလောက်လောက်နဲ့ မြန်မြန်ဆန်ဆန်မရောက်တာကြောင့် အသက်တွေကိုကယ်တင်ဖို့ ကူကယ်ရာမဲ့နေတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ သေဆုံးသွားသူတွေဟာ ကလေးငယ်နဲ့ လူငယ်တွေဖြစ်တယ်လို့ ဆိုကြပါတယ်။ ပဋိပက္ခတွေ၊ မိုးခေါင်ရေရှားမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် အီသီယိုးပီးယားပြည်သူ သန်း ၂၀ ဟာ စားနပ်ရိက္ခာအကူအညီ အရေးပေါ်လိုအပ်နေကြောင်း…

Read More
VOM News

FREE
VIEW