ပါကစ္စတန်ပိုင်နက်ထဲက စစ်သွေးကြွတွေကို အီရန်ကဒုံးကျည်တွေနဲ့ တိုက်ခိုက်

 

အစ္စလာမ္မာဘတ်၊ ဇန်နဝါရီ-၁၇-၂၀၂၄

မျိုးဆက်(VOM)

အိမ်နီးချင်း အီရန်နိုင်ငံက ဇန်နဝါရီ ၁၆ ရက်မှာ ပါကစ္စတန်ရှိ စစ်သွေးကြွပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ယောက်သေဆုံးပြီး အခြားသုံးယောက် ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်တာဝန်ရှိသူတွေက ပြောပါတယ်။

အီရန်ဟာ ပါကစ္စတန်ရှိ စစ်သွေးကြွအုပ်စု ဂျိုင်ရှ်အယ်လ်အက်ဒယ်နဲ့ ဆက်နွယ်နေတဲ့ အခြေစိုက်စခန်းနှစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ သတင်းဌာနက ဖော်ပြထားပါတယ်။

ဒါပေမယ့် ပါကစ္စတန်ကတော့ ပယ်ချထားပြီး အီရန်ရဲ့ တိုက်ခိုက်မှုဟာ ပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေနိုင်တဲ့ တရားမဝင်လုပ်ရပ်ဖြစ်တယ်လို့ သတိပေးပြောဆိုပါတယ်။

ပါကစ္စတန်ဟာ အီရတ်နဲ့ ဆီးရီးယားပြီးရင် ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း အီရန်ရဲ့တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ တတိယမြောက်နိုင်ငံဖြစ်ပြီး နိုင်ငံလေပိုင်နက်ကို ချိုးဖောက်ခြင်းအတွက် ပါကစ္စတန်က ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆထားပါတယ်။

ပါကစ္စတန်နိုင်ငံထဲကို အီရန်က ဒုံးကျည်နဲ့ အခုလိတိုက်ခိုက်မှုဟာ မကြံစဖူးဖြစ်ပြီး တိုက်ခိုက်မှုဟာ နှစ်နိုင်နယ်စပ် ဘာလိုချီစတန်ပြည်နယ်ရှိ ကျေးရွာတရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Ref:BBC

Photo:Refuters

 

Related posts

Leave a Comment

VOM News

FREE
VIEW