ရုရှားထိန်းချုုပ်ထားတဲ့ ဒွန်နက်စ်မြို့မှာ တိုက်ခိုက်ခံရမှုကြောင့် ၂၇ ယောက်သေဆုံး

 

ကိယက်ဗ်၊ ဇန်နဝါရီ-၂၂-၂၀၂၄

မျိုးဆက်(VOM)

ရုရှားထိန်းချုပ်ထားတဲ့ ယူကရိန်းနိုင်ငံ ဒွန်နက်စ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုတခုအတွင်း လူ ၂၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသန္တရတာဝန်ရှိသူတွေက ပြောပါတယ်။

လူစည်ကားရာဈေးတခုမှာဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်ဟာ အတော်ကြောက်မက်ဖွယ်ရာဖြစ်တယ်လို့ ဒွန်နက်စ်ဒေသခေါင်းဆောင် ဒန်နစ်ပူရှင်လင်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း အဲဒီဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ ယူကရိန်းစစ်တပ်က ပြောဆိုထားပြီး မစ္စတာပူရှင်လင်ကတော့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ယူကရိန်းကို ပြစ်တင်ထားပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြည်သူတွေအပေါ် အခုလိုရိုင်းစိုင်းတဲ့ အကြမ်းဖက်လုပ်ရပ်ကို အနောက်အုပ်စုတွေက ထောက်ပံ့ထားတဲ့ လက်နက်တွေကို အသုံးပြုထားတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

ဒွန်နက်စ်မြို့နဲ့ ယူကရိန်းအရှေ့ပိုင်း ပိုမိုကျယ်ပြန့်တဲ့ဒေသတွေကို ၂၀၁၄ ခုနှစ်မှာ ရုရှားကျောထောက်နောက်ခံပြု တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး ရုရှားဟာ အဲဒီဒေသကို ရုရှားက တစိတ်တပိုင်း ထိန်းချုပ်ထားပါတယ်။`

ရုရှားဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာ နှစ်နှစ်နီးပါးရှိပြီဖြစ်ပေမယ့် မကြာသေးမီကာလတွေအတွင်း တိုးတက်ဖြစ်ထွန်းမှု အနည်းငယ်သာရှိခဲ့ပါတယ်။

Ref:BBC

Photo:Reuters

 

 

Related posts

Leave a Comment

VOM News

FREE
VIEW