တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြေပြိုမှု ၁၁ ယောက်သေဆုံး၊ ပျောက်ဆုံးနေသူတွေကို အပူတပြင်း ရှာဖွေနေ

 

ပေကျင်း၊ ဇန်နဝါရီ-၂၃-၂၀၂၄

မျိုးဆက်(VOM)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် ကြောင့် လူ ၁၁ ယောက်သေဆုံးပြီး ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးသမားတွေက အပူတပြင်းရှာဖွေနေကြပါတယ်။

မြေပြိုမှုနဲ့ပတ်သက်ပြီး အပူချိန် သုညအောက်ကြုံတွေ့နေရတဲ့ အခြေအနေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ အလုံးစုံလုပ်ဆောင်ဖို့ တရုတ်သမ္မတရှီကျင်းပင်က တာဝန်ရှိသူတွေကို အမိန့်ပေးထားပါတယ်။

ယူနန်ပြည်နယ်မှာ ဖြစ်ပွာခဲ့ မြေပြိုမှုမှာ ပြိုကျခဲ့တဲ့ မြေသားဟာ အကျယ် မီတာ ၁၀၀ အမြင့် မီတာ ၆၀ ရှိပြီး ပျှမ်းမျှအထူ ခြောက်မီတာရှိကြောင်း မြို့အာဏာပိုင်တွေကို ကိုးကားပြီး တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။

လူ ၅၀၀ ကျော်ကိုသူတိုရဲ့ နေအိမ်တွေကနေ အရေးပေါ်ရွှေ့ပြောင်းခဲ့ရပြီး ကယ်ဆယ်ရေးလုပ်သား ၁၀၀၀ နီးပါးကို ဖြန့်ကြက်စေလွှတ်ထားပြီး ရှာဖွေကယ်ဆယ်ရေးတွေကို ညလုံးပေါက်လုပ်ဆောင်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒေသခံအများစုဟာ သက်ကြီးရွယ်အို သို့မဟုတ် ကလေးသူငယ်တွေဖြစ်ကြပြီး နံနက်အစောပိုင်း လူတွေအိပ်ပျှော်နေစဉ်ချိန်မှာ မြေပြိုမှုဖြစ်ပွားခဲ့တာလို့ ဒေသခံနဲ့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

Ref:BBC

Photo:Getty Images

ဘီဘီစီ

Related posts

Leave a Comment

VOM News

FREE
VIEW