မီဇိုရမ်ပြည်နယ်ထဲ ရောက်နေတဲ့ နစကတပ်ဖွဲ့ဝင်တွေကို သွားခေါ်တဲ့ မြန်မာလေယာဥ် အိုက်ဇော လေဆိပ်မှာ လမ်းချော် ပျက်စီးမှုတွေရှိ

ဇန်နဝါရီ ၊ ၂၃ ၊ ၂၀၂၄

SP ( VOM)

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောမြို့ ၊ လောင်ပွီး (Lengpui) လေဆိပ်မှာ ဒီကနေ့မနက် ၁၁ နာရီဝန်းကျင်က မြန်မာနိုင်ငံပိုင် လေယာဥ်ဟာ အဲ့ဒီ လေဆိပ်မှာ ကွင်းဆင်းတဲ့အချိန် ပြေးလမ်းချော်ပြီးနောက် အနီးက တောထဲကို လေယာဥ်ရောက်သွားတယ်လို့ မီဇိုရမ်ပြည်နယ် ဒေသတွင်း သတင်းတွေက ထုတ်ပြန်ထားပါတယ်။

အဲဒီေလယာဥ်ဟာ မီဇိုရမ်းပြည်ထဲကိုဝင်ရောက်လာတဲ့ နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်လာခေါ်တဲ့ လေယာဥ်လို့ အိန္ဒိယသတင်းတွေအရ သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး အိုက်ဇောမြို့ခံတယောက်က

” အခုတလော Lengpui လေဆိပ်ကို နစက လေယာဥ်တွေ မကြာခဏ ဆင်းတက်တယ် ၊ အိုက်ဇောမြို့မှာက မနက်တိုင်း ၉ နာရီ ၁၀ နာရီကျော်မှ နှင်းကွဲတယ် ၊ ဒီမနက်က အိုက်ဇောမှာ အအေးဒဏ် ပိုသလို နှင်းတွေလည်း ထူထပ်တယ် ၊ အိုက်ဇောလေယာဥ်ကွင်းက မြန်မာနိုင်ငံ လေယာဥ်ကွင်းတွေလို မြေပြန့်မှာတည်ရှိတာ မဟုတ်ဘူး ၊ တောင်ပေါ်မှာ ဖောက်ထားတဲ့ ကွင်းဆိုတော့ လေယာဥ်မှူးတိုင်း အဲ့ဒီ လေယာဥ်ကွင်းကို ကွင်းဆင်း ကွင်းတက် လုပ်ဖို့ဆိုတာ မလွယ်ဘူး ၊ လေယာဥ်ကွင်း အထှာကိုသိမှ ကျွမ်းကျင်မှ အဆင်ပြေတယ် ၊ အခုလည်း ရာသီဥတုကဆိုးပြီး ကွင်းအထှာကို မသိလို့ ဖြစ်နိုင်တယ် ၊ မနေ့ကလည်း မြန်မာပိုင် လေယာဥ်တစ်စီး အဲ့ဒီ လေဆိပ်မှာ ဆင်းတယ် ၊ နစက တပ်သား ၁၈၄ ယောက်ကို ပြန်ခေါ်သွားတယ် ၊ ဒီကနေ့မှာ ကျန်ရှိတဲ့ နစက တပ်ဖွဲ့ဝင်တွေကို လာခေါ်တာ ဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ ဒေသခံတွေက မသိရသေးသလို နှစ်ဖက်အစိုးရက မထုတ်ပြန်သေးပေမယ့် တချို့သတင်းတွေက လေယာဥ်အမှုထမ်း ၈ယောက်ထိခိုက်ဒဏ်ရာရတယ်လို့ ရေးတာတွေ့ရပါတယ်။

ခု ပြေးလမ်းချော်တဲ့ လေယာဥ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်က အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ လောင်တလိုင် ( Lawngtlai ) ခရိုင် ၊ ဘန်ဒုဘန်ဂါ ( Bandukbanga) ကျေးရွာကို ဝင်ရောက်လာတဲ့ နစက လုံခြုံရေး တပ်ဖွဲ့ဝင် အရာရှိ ၃၆ ယောက်နဲ့ အခြားအဆင့် ၂၄၀ ကို မြန်မာပြည်ပြန်လည်ခေါ်ဆောင်ဖို့ မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောမြို့ ၊ လောင်ပွီး (Lengpui) လေဆိပ်ကို ဆင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW