ဆော်ဒီအာရေဗျမှာ ပထမဆုံး အရက်ဆိုင်ဖွင့်ဖို့ စီစဉ်နေ

 

ရီယတ်၊ ဇန်နဝါရီ-၂၅-၂၀၂၄

မျိုးဆက်(VOM)

ဆော်ဒီအာရေဗျဟာ မွတ်ဆလင်မဟုတ်တဲ့ သံတမန်တွေကိုပဲ သီးသန့်ရောင်းချမယ့် ပထမဆုံးအရက်ဆိုင်ကို မြို့တော် ရီယတ်မှာ ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြောင်း ဒီကိစ္စနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဝယ်ယူသူတွေဟာ မိုဘိုင်းအက်ပလီကေးရှင်းကနေ မှတ်ပုံတင်ဖို့၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုချက် ကုဒ်ရယူဖို့နဲ့ ဝယ်ယူနိုင်မယ့် လစဉ်အရက်ခွဲတမ်းနဲ့ပတ်သက်ပြီး လေးစားလိုက်နာရမယ်လို့ ရိုက်တာက ရရှိထားတဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ဦးဆောင်တဲ့ နိုင်ငံပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှုမှာ ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးကို ဖွင့်ပေးဖို့ ကြိုးပမ်းမှုမှာ ဒါဟာ သမိုင်းမှတ်တိုင်တခုလည်းဖြစ်ပါတယ်။

ဒါဟာ ဆော်ဒီအာရေဗျမှာ ရေနံအလွန်စီးပွားရေးကို တည်ဆောက်ဖို့ Vision 2030 လို့လူသိများတဲ့ ပိုမိုကျယ်ပြန့်တဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်းလည်းဖြစ်ပါတယ်။ ယခင်ကတော့ အရက်ကို သံတမန်လမ်းကြောင်း သို့မဟုတ် မှောင်ခိုဈေးကွက်မှာသာရရှိပါတယ်။

အရက်ရောင်းမယ့် စတိုးဆိုင်ကို သံရုံးတွေနဲ့ သံတမန်တွေနေထိုင်ရာ ရီယတ်ရှိ သံတမန်ရပ်ကွက်မှာ တည်ရှိပြီး အခြားသော မွတ်ဆလင်မဟုတ်တဲ့ နိုင်ငံခြားသားတွေ ဝယ်ယူခွင့်ရှိမရှိ ရှင်းလင်းစွာမသိရသေးပါဘူး။

စတိုးဆိုင်ကို လာမယ့် ရက်သတ္တပတ်တွေအတွင်း ဖွင့်လှစ်ဖို့စီစဉ်ထားသည်။ ဆော်ဒီအာရေဗျတွင် အရက်သေစာ သောက်စားခြင်းအတွက် တင်းကျပ်သော ဥပဒေများရှိနေပြီး ကြိမ်ဒဏ်ရာချီရိုက်ခြင်း၊ နေရပ်ပြန်ပို့ခြင်း၊ ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်ချမှတ်ခြင်းများအပြင် ပြည်နှင်ဒဏ်ပေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။

Ref:Reuters

Photo: Reuters

Related posts

Leave a Comment

VOM News

FREE
VIEW