မလေးရှားမှာ မြန်မာငါးယောက် မြေပိလို့ နှစ်ယောက်သေ၊ သုံးယောက်ပျောက်ဆုံးနေ

ကွာလာလမ်ပူ၊ ဇန်နဝါရီ-၂၆-၂၀၂၄
မျိုးဆက်(VOM)

မလေးရှားနိုင်ငံ ကင်မရွန်းကုန်းမြင့်မှာ ဒီနေ့ဇန်နဝါရီ ၂၆ ရက်ကဖြစ်ပွားခဲ့ မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူတွေကို အပူတပြင်း ကယ်ဆယ်ရေးတွေလုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြေပြိုမှုကြောင့် နှစ်ယောက်သေဆုံးပြီး သုံးယောက်ပျောက်ဆုံးနေပြီး မြေပြိုမှုမှာ သေဆုံးသူတွေနဲ့ ပျောက်ဆုံးသူတွေဟာ အသက် ၂၅ နှစ်နဲ့ ၅၆ နှစ်ကြား မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ တာဝန်ရှိသူတွေကဆိုပါတယ်။

မြေပြိုမှုမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေကတော့ ရှင်းလန်းဟာ ၅၆ နှစ်၊ ရှင်အောင် ၃၉ နှစ်၊ အုံးမြဲ ၃၈ နှစ်၊ ဟာဖေး ၃၆ နှစ်နဲ့ သန်းမောင် ၂၅ နှစ်တို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အမျိုးသားတယောက်ရဲ့ အလောင်းကို မနက် ၁၁ နာရီမှာ တွေ့ရှိခဲ့ပြီး နောက်တယောက်ရဲ့ အလောင်းကိုတော့ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်မှာ အိမ်နဲ့ ၁၀ မီတာအကွာမှာ တွေ့ရှိခဲ့တယ်လို့ ဒေသန္တရရဲအကြီးအကဲ Azri Raml ကပြောပါတယ်။

လက်ရှိမြေပြိုမှုဖြစ်ပွားခဲ့တဲ့ နေရာဟာ အန္တရာယ်များသေးတာကြောင့် သတင်းဌာနတွေ ဝင်ရောက်ခွင့်ကို ကန့်သတ်ထားပြီး ကယ်ဆယ်ရေးဆိုင်ရာ အထူးတပ်ဖွဲ့တွေအပြင် အထူးနည်းဗျူဟာနဲ့ကယ်ဆယ်ရေးအဖွဲ့တွေကိုပါ ဖြန့်ကြက်ပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။

Ref:CNA
Photo: Bernama

Related posts

Leave a Comment

VOM News

FREE
VIEW