ရုရှားတောင်ပိုင်းက ရေနံချက်စက်ရုံကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်

 

ကိယက်ဗ်၊ ဇန်နဝါရီ-၂၆-၂၀၂၄

မျိုးဆက်(VOM)

ရုရှားစွမ်းအင်ကုမ္ပဏီ ရို့နက်ဖ်က ပိုင်ဆိုင်တဲ့ ရုရှားတောင်ပိုင်းက ရေနံချက်စက်ရုံကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ရေနံသန့်စင်တင်ပို့တဲ့ Tuapse ရှိစက်ရုံယူနစ်မှာ မီးလောင်မှုတွေဖြစ်ပွားခဲ့ပြီး ညတွင်းချင်း မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေအတွက် လောင်စာထောက်ပံ့တဲ့ စက်ရုံတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ယူကရိန်းက ဆိုပါတယ်။

လက်ရှိတိုက်ခိုက်မှုကြောင့် လေဟာနယ်ယူနစ်မီးလောင်သွားပြီး ဖြစ်စဉ်ကြောင့် အသေအပျောက်မရှိဘူးလို့ ခရိုင်အကြီးအကဲ ဆာဂေးဘွိုင်ကိုက ပြောပါတယ်။ ရုရှားရဲ့ အကြီးဆုံးရေနံထုတ်လုပ်တဲ့ကုမ္ပဏီ ရို့နက်ဖ်ကတော့ မှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။

ယူကရိန်းရဲ့ အက်စ်ဘီယူ လုံခြုံရေးဌာနဟာ ရုရှားနိုင်ငံထဲကို နက်နက်ရှိုင်းရှိုင်း ထိုးစစ်ဆင်နေပြီး ရုရှားစီးပွားရေးအတွက်သာမက ရုရှားတပ်တွေအတွက် လောင်စာထောက်ပံ့တဲ့ လုပ်ငန်းတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

ယူကရိန်းဟာ မကြာသေးမီကာလတွေအတွင်း ရုရှားရဲ့ လောင်စာတင်ပို့တဲ့ နေရာတွေ၊ ဆိပ်ကမ်းတွေအပါအဝင် ရုရှားရဲ့ အဓိကစွမ်းအင်အခြေခံအဆောက်အအုံတွေကို လေးကြိမ်တိုက်ခိုက်ခဲ့ပါတယ်။

Ref:Reuters

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW