ကန့်ဘလူနယ် ကာဘိုးရွာမှာ ထိတွေ့တိုက်ပွဲတွေဖြစ် ၊ နှစ်ဘက် ထိခိုက်သေဆုံးမှုတွေရှိ

ဇန်နဝါရီ ၊ ၂၇ ၊ ၂၀၂၄
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ကာဘိုးကျေးရွာမှာ မနေ့ ဇန်နဝါရီ ၂၆ ရက်က နစက တပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ တိုက်ပွဲနဲ့ ပတ်သက်လို့ ကာဘိုးဒေသခံတယောက်က
” မနေ့မနက်ပိုးမှာ ကာဘိုးရွာ ပြည်သူ့စစ် စခန်းကို လာတိုက်တယ် ၊ နှစ်ဘက်ထိခိုက်သေဆုံးမှုတွေဖြစ်တယ် ၊ ပြည်သူ့စစ် စခန်းကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်ထိန်းချုပ်နိုင်တာေတာ့မရှိေသးဘူး ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကန့်ဘလူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” ကာဘိုးမှာ ထိတွေ့မှုဖြစ်တယ် ၊ ​စစ်သည် နှစ်ဦး ၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင် လေးဦး ထိခိုက်သေဆုံးတယ် ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် တယောက်ရဲ့ မိန်းမလည်း ထိခိုက်သေဆုံးတယ် ၊ အဲ့ဒီ ထိတွေ့မှုမှာ တဖက်အဖွဲ့ရဲ့ အမျိုးသား ငါးလောင်းနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ ထုတ်ပြန်ထားတာကေတာ့ ကာဘိုးတိုက်ပွဲမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်နဲ့ စစ်သား ၁၅ ယောက်ခန့် သေဆုံးခဲ့ပြီး ကာဘိုင်သေနတ် ၂ လက် ၊ MA1 သေနတ် ၁ လက် ၊ G3 သေနတ် ၁ လက် ၊ အိန္ဒိယ ပြောင်းချော သေနတ် ၃ လက် ၊ ပစ္စတိုသေနတ် ၁ လက် ၊ လက်လုပ်ပစ္စတို သေနတ် ၁ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW