အေဒင်ပင်လယ်ကွေ့မှာ ဟူသီတို့ရဲ့ ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် ရေနံတင်သင်္ဘောတစင်း မီးလောင်

ဆာနား၊ ဇန်နဝါရီ-၂၇-၂၀၂၄
မျိုးဆက်(VOM)

အေဒင်ပင်လယ်ကွေ့မှာ ဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် ရေနံတင်သင်္ဘောတစင်း မီးလောင်ခဲ့တယ်လို့ ဟူသီသူပုန်အဖွဲ့က ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ ရေနံတင်သင်္ဘော မာလင်လူအန်ဒါကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဟူသီတို့ကဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် သင်္ဘောရဲ့ ကုန်တင်ကန်များအနက် တခုမီးလောင်ခဲ့တယ်လို့ သင်္ဘောကုမ္ပဏီ ထရာဖစ်ဂါရာက ထုတ်ပြန်ပါတယ်။

ရေနံတင်င်္ဘောဟာ သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်ထိမှန်ပြီးနောက် ရေတပ်သင်္ဘောတစင်းက အရေးပေါ် အကူအညီတောင်းခံမှုရရှိပြီး လာရောက်ကူညီခဲ့ကာ ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ ဆိုပါတယ်။

ဒါဟာ ပင်လယ်နီနဲ့ အနီးတဝိုက်မှာ စီးပွားဖြစ်သင်္ဘောတွေကို ဟူသီတို့ရဲ့ နောက်ဆုံးတိုက်ခိုက်မှုဖြစ်ပြီး အေဒင်မြို့ရဲ့ အရှေ့တောင်ဘက် ရေမိုင် ၆၀ အကွာမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အီရန်ကျောထောက်နောက်ခံပြုထားသော ယီမင်အခြေစိုက် ဟူသီသူပုန်တို့ဟာ ဂါဇာစစ်ပွဲမှာ ဟားမတ်စ်တွေကို ထောက်ခံတဲ့အနေနဲ့ အစ္စရေးနဲ့ ဆက်နွယ်နေတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

ဒီအပေါ် တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ယီမင်ရှိ ဟူသီတို့ရဲ့ ပစ်မှတ်တွေကို မကြာသေးမီအချိန်က တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Ref:BBC
Photo:FRANK FINDLER

Related posts

Leave a Comment

VOM News

FREE
VIEW