နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းမှာ ခရုဇ်ဒုံးကျည်အများအပြား မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်

 

ပြုံးယမ်း၊ ဇန်နဝါရီ-၂၈-၂၀၂၄

မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းမှာ ခရုဇ်ဒုံးကျည်အများအပြား စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

မြောက်ကိုရီးယားဟာ မကြာသေးမီအချိန်အတွင်းကလည်း ဒုံးကျည်စမ်းသပ်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ဒေသတွင်းမှာလည်း တင်းမာမှုတွေ မြင့်တက်နေပါတယ်။

ဒီနေ့ ဇန်နဝါရီ ၂၈ ရက်က ပစ်ခတ်မှုကိုတော့ မြောက်ကိုရီးယားနိုင်ငံ ဆင်ပိုဆိပ်ကမ်းအနီးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒုံးကျည်အမျိုးအစားနဲ့ အရေအတွက်ကို ရှင်းလင်းစွာ မသိရသေးပါဘူး။

မြောက်ကိုရီးယား ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း ပူဝါဆယ်လ်-၃-၃၁ အမျိုးအစား မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်သစ်ကို စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ ုထုတ်ပြန်ကြေညာထားပါတယ်။

နောက်ဆုံး ဒုံးကျည်စမ်းသပ်မှုနဲ့ပတ်သက်ပြီး ရန်စတဲ့နောက်ဆက်တွဲအခြေအနေတွေကို စောင့်ကြည့်ဖို့ အမေရိကန်နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

ဇန်နဝါရီလအတွင်းကလည်း မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်တွေ သယ်ဆောင်ပစ်ခတ်နိုင်တဲ့ ရေအောက်တိုက်ခိုက်ရေးဒရုန်းကို စမ်းသပ်ခဲ့ပါသေးတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ တောင်ကိုရီးယားနဲ့ ပြန်လည်ပေါင်းစည်းရေး ရည်မှန်းချက် ပြီးဆုံးသွားပြီးလို့ ယခုလအစောပိုင်းက ကြေညာခဲ့ပြီး နှစ်နိုင်ငံအကြား ရရှိထားတဲ့တဲ့ စစ်ရေးသဘောတူညီချက်တွေကိုပါ ရုပ်သိမ်းခဲ့ပါတယ်။

Ref:BBC

Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW