အနောက်အာဖရိက အီကိုဝပ်စ်အဖွဲ့ကနေ နှုတ်ထွက်ကြောင်း အာဏာသိမ်း သုံးနိုင်ငံ ကြေညာ

 

ဘာမာကို၊ ဇန်နဝါရီ-၂၉-၂၀၂၄

မျိုးဆက်(VOM)

အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့တဲ့ နိုင်ဂျာ ၊ မာလီနဲ့ ဘာကီနာဖာဆိုနိုင်ငံတို့ဟာ အနောက်အာဖရိကဒေသတွင်း အဖွဲ့ အီကိုဝပ်စ် စီးပွားရေးအဖွဲ့ကနေ နှုတ်ထွက်ကြောင်း ပူးတွဲကြေညာလိုက်ပါတယ်။

အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး စစ်တပ်က ဦးဆောင်နေတဲ့ အဲဒီသုံးနိုင်ငံအနေနဲ့ အရပ်သားအုပ်ချုပ်မှု ပြန်လည်ရောက်ရှိဖို့ အီကိုဝပ်စ်အဖွဲ့က တိုက်တွန်းထားပြီး အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ခံပါတယ်။

အီကိုဝပ်စ်အဖွဲ့ကနေ နှုတ်ထွက်ဖို့ဆုံးဖြတ်ချက်ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံရဲ့ သဘောဆန္ဒဆုံးဖြတ်ချက်ဖြစ်ကြောင်း နိုင်ဂျာ၊ မာလီနဲ့ ဘာကီနာဖာဆိုတို့က ထုတ်ပြန်ထားပြီး ဒီသုံးနိုင်ငံဟာ ၁၉၇၅ ခုနှစ်မှာ အီကိုဝပ်စ်အဖွဲ့ကို စတင်တည်ထောင်ရာမှာ ပါဝင်ခဲ့တဲ့ အဖွဲ့ဝင်နိုင်ငံတွေဖြစ်ပါတယ်။

လက်ရှိ အီကိုဝပ်စ်အဖွဲ့ဟာ နိုင်ငံရပ်ခြားသြဇာအာဏာစက် လွှမ်းမိုးမှုအောက်မှာရှိနေပြီး အဖွဲ့တည်ထောင်တဲ့ အခြေခံမူတွေကို ဖောက်ဖျက်ပြီး အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပြည်သူတွေကို ခြိမ်းခြောက်မှုတွေ ဖြစ်လာတယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ခုနှစ်မှာ မာလီနိုင်ငံ၊ ၂၀၂၂ ခုနှစ်မှာ နိုင်ဂျာနိုင်ငံနဲ့ ဘာကီနာဖာဆိုတို့မှာ အာဏာသိမ်းမှုတွေ ဖြစ်ပွားပြီးနောက် အဲဒီသုံးနိုင်ငံနဲ့ အီကိုဝပ်စ်အဖွဲ့တို့ကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

Ref:BBC

Photo: Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW