မြန်မာဒုက္ခသည်တွေအတွက် အကူအညီတွေ ထိုင်းနယ်စပ်တဆင့် အာဆီယံအဖွဲ့ ပေးတော့မယ်

ဘန်ကောက်၊ ဇန်နဝါရီ-၃၀-၂၀၂၄
မျိုးဆက်(VOM)

မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးပို့ိဖို့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေက သဘောတူလိုက်ကြပြီး ဒါဟာ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

အာဆီယံအလှည့်ကျဥက္ကဌ လာအိုက လက်ခံကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အခုလို သဘောတူလိုက်တာဖြစ်ပြီး အကူအညီတွေကို ဖေဖော်ဝါရီနှောင်းပိုင်းမှာ ပေးပို့သွားမှာဖြစ်ပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေထဲမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလည်းပါဝင်ပြီး ကီလိုမီတာ ၂၀၀၀ ကျော်ရှည်လျားတဲ့ ထိုင်း-မြန်မာနယ်စပ်ကနေ ပေးပို့ဖို့ အာဆီယံအဖွဲ့က သဘောတူခဲ့ကြပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးဌာနအောက်ကနေ မြန်မာဒုက္ခသည်တွေကို အကူအညီတွေပေးအပ်နိုင်ရေးအတွက် သင့်တော်တဲ့နယ်စပ်ဂိတ်တခုထားရှိဖို့ ထိုင်းအာဏာပိုင်တွေက နယ်စပ်က မဲဆောက်မှာ စီစဉ်နေတယ်လို့ ထိုင်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။

အာဆီယံအနေနဲ့ ၂၀၂၁ ခုနှစ် ဧပြီလမှာ မြန်မအာဏာပိုင်တွေနဲ့ သဘောတူခဲ့တဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးတွေပါဝင်တဲ့ အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းချက်ကို အခိုင်အမာ ပြောဆိုနေဆဲဖြစ်ပါတယ်။

အာဆီယံဟာ မြန်မာ့အကျပ်အတည်ဖြေရှင်းရေးမှာ ယခင်အလှည့်ကျဥက္ကဌ၊ လက်ရှိဥက္ကဌနဲ့ လာမယ့်အလှည့်ကျဥက္ကဌနိုင်ငံတို့ ပူူးပေါင်းပါဝင်တဲ့ ထရိုင်ကာ ပုံစံနဲ့ချဉ်းကပ်ဖြေရှင်းဖို့ အာဆီယံတာဝန်ရှိသူတွေက ပြီးခဲ့တဲ့နှစ်မှာ သဘောတူခဲ့ကြပါတယ်။

Ref:Nikkei Asia
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW