ထိုင်ဝမ်ရွေးကောက်ပွဲကို ပြည်ပက ဝင်မစွက်ဖို့ အမေရိကန် သတိပေး

တိုင်ပေ၊ ဇန်နဝါရီ-၁၁-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံက ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်နိုင်ခြေတွေကို သတိပေးမှုအဖြစ် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲနဲ့ ပါလီမန်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်စွက်ဖက်မှုမှန်သမျှကို ဆန့်ကျင်ကြောင်း အမေရိကန်က သတိပေးပြောဆိုလိုက်ပါတယ်။ ဇန်နဝါရီ ၁၃ ရက်မှာ ကျင်းပမယ့် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ ပြီးခဲ့တဲ့ နိုဝင်ဘာလက ကယ်လီဖိုးနီးယားမှာ တွေ့ဆုံခဲ့ပြီး စစ်ဖက်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ သဘောတူခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ချောမွေ့နေချိန်ဖြစ်ပါတယ်။ ထိုင်ဝမ်ရွေးကောက်ပွဲကို ပြင်ပက ဝင်ရောက်စွက်ဖက်မှု ဒါမှမဟုတ် သြဇာလွှမ်းမိုးမှုမှန်သမျှကို ဆန့်ကျင်ကြောင်း ၊ ဘယ်သူရွေးချယ်ခံရတယ်ဖြစ်စေ ထိုင်ဝမ်နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ မူဝါဒဟာ ခိုင်မာနေကြောင်း အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတယောက်က ပြောပါတယ်။ အမေရိကန်ဟာ ထိုင်ဝမ်နဲ့ တရားဝင်ဆက်ဆံရေး အားနည်းပေမယ့်လည်း ထိုင်ဝမ်အတွက် အရေးပါတဲ့ နိုင်ငံတကာ ထောက်ခံသူနဲ့ လက်နက်ရောင်းချပေးတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက်…

Read More

သင်္ဘောတွေကို တိုက်ခိုက်နေတဲ့ ဟူသီသူပုန်အဖွဲ့ကို စစ်ရေးအရ အရေးယူနိုင်ကြောင်း အမေရိကန်နဲ့ ဗြိတိန်ပြော

ဝါရှင်တန်၊ ဇန်နဝါရီ-၁၁-၂၀၂၃ မျိုးဆက်(VOM) ပင်လယ်နီဒေသမှာ သင်္ဘောတစင်းကို ဟူသီသူပုန်အဖွဲ့ အကြီးမားဆုံးတိုက်ခိုက်မှုကို ချေမှုန်းပြီးနောက် ယီမင်ရှိ ဟူသီသူပုန်တို့ကို စစ်ရေးအရ အရေးယူနိုင်ကြောင်း အမေရိကန်နှင့် ဗြိတိန်တို့က အရိပ်အမြွတ်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့က ဇန်နဝါရီ ၁၀ ရက်မှာ ပစ်ခတ်လိုက်တဲ့ မောင်းသူမဲ့လေယာဉ်နဲ့ ဒုံးကျည် ၁၀ စင်းကို တိုက်လေယာဉ်နဲ့ သင်္ဘောတွေက ပစ်ချခဲ့ရကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ ပင်လယ်နီဒေသမှာ ဟူသီအဖွဲ့အနေနဲ့ သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ဇန်နဝါရီ ၁၀ ရက်မှာ ချမှတ်လိုက်ပါတယ်။ ပင်လယ်နီဒေသမှာ သွားလာနေတဲ့ သင်္ဘောတွေကို အကာကွယ်ပေးဖို့နဲ့ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ထောက်ခံခဲ့ကြာကာ ဟူသီတို့ရဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့ကြပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးကို ဟန့်တားကာ ရေကြောင်းသွားလာခွင့်နဲ့ လွတ်လပ်ခွင့်အပြင် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့ ဟူသီသူပုန်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေအားလုံးကို…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၁၁ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၉၅ ကျပ် ဝယ်ဈေး – ၂၅၄၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၇ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၉ ကျပ် ဝယ်ဈေး – ၄၆၉ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၁၁ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၀၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ကုလသမဂ္ဂ ရဟတ်ယာဉ်တစင်းနဲ့ လူရှစ်ယောက်ကို ဆိုမာလီ အယ်လ်ရှာဘတ်တို့ ဖမ်းဆီး

မိုဂါဒစ်ရှူး၊ ဇန်နဝါရီ-၁၁-၂၀၂၄ မျိုးဆက်(VOM) ဆိုမာလီရှိ အစ္စလာမ္မစ်လက်နက်ကိုင်အဖွဲ့ အယ်လ်ရှာဘတ်တို့ဟာ ကုလသမဂ္ဂရဟတ်ယာဉ်တစင်း၊ ခရီးသည်နဲ့ အမှုထမ်းရှစ်ယောက်ကို ဖမ်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီရဟတ်ယာဉ်ဟာ ဆိုမာလီအလယ်ပိုင်းရှိ အယ်လ်ရှာဘတ်တို့ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ဆင်းသက်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂက အတည်ပြုထားကာ ကုလသမဂ္ဂနဲ့ ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးတွေလုပ်ဆောင်တဲ့ ရဟတ်ယာဉ်ဖြစ်တယ်လို့ ဆိုပါတယ်။ အယ်လ်ရှာဘတ်တို့ရဲ့ လက်ချက်လို့ ထုတ်ပြန်ခြင်းမရှိပေမယ့် တုံံ့ပြန်ရေးကြိုးပမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ရဟတ်ယာဉ်ဟာ ဂျူဆန်မာရတ်အရှေ့တောင်ဘက် ကီလိုမီတာ ၇၀ အကွာမှာ အရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်ပြီး ကုလသမဂ္ဂဝန်ထမ်းတွေ မပါဝင်ဘဲ စာချုပ်နဲ့လုပ်တဲ့ တတိယအဖွဲ့အစည်းတွေက ဖြစ်တယ်လို့ အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေ ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာကို အတိအကျဖော်ပြမထားပေမယ့် ခရီးသည်တယောင်သေဆုံးပြီး အခြားနှစ်ဦး ထွက်ပြေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ အယ်လ်ရှာဘတ်အဖွဲ့ဟာ ဆိုမာလီတောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသအများအပြားကို ထိန်းချုပ်ထားပြီး အယ်လ်ကေးဒါးနဲ့…

Read More

This Day in History

Voice of Myanmar အာရပ်-အစ္စရေး စစ်ပွဲများတွင် အဓိကပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် အစ္စရေးစစ်ဗိုလ်နှင့် နိုင်ငံရေးသမားတဦး ဖြစ်ပြီး ၂၀၀၁ခုနှစ်မှ ၂၀၀၆ ခုနှစ်ထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အေရီရယ်ရှာရွန်သည် အသက် ၈၅ နှစ်အရွယ် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ကွယ်လွန်ခဲ့သည်။

Read More

မော်တော်ယာဥ် စံနှုန်းသတ်မှတ်ချက်တွေကြောင့် ကားဈေး အတက်အကျ မရှိနိုင်

ဇန်နဝါရီ ၁၀ – ၂၀၂၄ SN (VOM) ပြည်တွင်းအခွန်များဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ မော်တော်ယာဥ် စံနှုန်းသတ်မှတ်ချက် ရာဖြတ်ဈေးတွေကြောင့် ကားဈေးနှုန်း အတက်အကျ ရှိမလာနိုင်ဘူးလို့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။ “အမည်ပြောင်းပုံ ရာဖြတ်ဈေးနှုန်းကတော့ update ၂၀၂၄ နဲ့ပြောင်းလဲလိုက်တယ်ပေါ့နော်။ အခွန်ကတော့ ၃ ရာခိုင်နှုန်းပါပဲ။ ဒါနဲ့ပတ်သက်လို့ ကားဈေးကွက်အခြေအနေက ဘာမှ အပြောင်းအလဲမရှိပါဘူး။ ကျွန်တော်ကတော့ အမြဲတမ်းပြောဖြစ်တယ်။ ရာဖြတ်ဈေးတက်လို့ ကားဈေးတက်စရာတော့ အကြောင်းမရှိဘူး။ အရောင်းအဝယ် အနေနဲ့ကတော့ အောက်တိုဘာ၊ နိုဝင်ဘာလတွေထက်စာရင်တော့ အရောင်းအဝယ်ပိုမို များပြားလာပါတယ်။ များတယ်ဆိုတာ အရမ်းရောင်းရတယ်၊ အရမ်းဝယ်ရတယ်ပြောတာ မဟုတ်ဘူး။ နည်းနည်းလေး ပိုများလာတာ။ ဈေးကတော့ ဘယ်လိုဆွဲတင် ဆွဲတင်၊ မရဘူးပေါ့နော်။ ပုံမှန်ဈေးမှာပဲ…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၁၀ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

RFA ပြင်ပဆောင်းပါးရှင် ခင်မိုးညို ခေါ် သတင်းမှတ်တမ်း ရုပ်ရှင်ရိုက်ကူးတဲ့ ရှင်ဒေဝီ ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ချခံရ

ဇန်နဝါရီ ၊ ၁၀ ၊ ၂၀၂၄ SP (VOM) ရန်ကုန်တိုင်း ၊ အင်းစိန်မြို့ ၊ အင်းစိန်အကျဥ်းထောင်ထဲက ၊ မြောက်ဥက္ကလာပမြို့နယ် စစ်ခုံရုံးကနေ သတင်းမှတ်တမ်း ရုပ်ရှင်ရိုက်ကူးတဲ့ ဒေါ်ရှင်ဒေဝီကို ဒီကနေ့မှာ ထောင်ဒဏ် တသက်တကျွန်း အမိန့်ချလိုက်တယ်လို့ ရန်ကုန် သတင်းအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ (၂၀၂၃) နှစ် အောက်တိုဘာ ၁၅ ရက် တုန်းက RFA သတင်းဌာန ပြင်ပ ဆောင်းပါးရှင် ဒေါ်ရှင်ဒေဝီ ( ခင်မိုးညို) ကို ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးကားကွင်းမှာ အဖမ်းခံရတယ်လို့ သတင်းကြားသေးတယ် ၊ နောက်တော့ ဘာသတင်းမှ မကြားရတော့ဘူး ၊ အဆက်သွယ်လည်း မရတော့ဘူး ၊ ဒီကနေ့မှ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရတယ်လို့ ကြားရတယ် ၊ အကြမ်းဖက်မှုဆိုင်ရာ…

Read More

ရန်ကုန် နယ်နိမိတ်ထဲ ဝင်ရောက်မယ့် ကုန်ကားတွေ မိုးကာတွေမအုပ်ဖို့ တိုင်းအစိုးရအဖွဲ့ အမိန့်ထုတ်

ရန်ကုန် ၊ ဇန်နဝါရီ ၁၀ – ၂၀၂၄ GG( VOM) ရန်ကုန်တိုင်း နယ်နိမိတ်ထဲ ဝင်ရောက်လာမယ့် ကုန်တင်ကားတွေအားလုံး အမိုးအကာတွေ မအုပ်ဖို့ တိုင်းအစိုးရအဖွဲ့ အမိန့်ထုတ် ညွှန်ကြားလာတယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက သိရပါတယ်။ ” နိုင်ငံတော်က လုံခြုံရေးအရ မဖြစ်သင့်တာမဖြစ်အောင် တာဝန်ရှိသူအသီးသီးက လုပ်ကြတာပေါ့။ ဘာကုန်တွေပါတယ် ဘာညာ လုံခြုံရေးအရစစ်ဆေးမှာပေါ့။ အခုကအမိန့်ပြန်တမ်းထွက်တာပဲရှိသေးတယ်။ အဓိက နိုင်ငံတော်ကလုံခြုံရေးအရ လိုအပ်မယ်ထင်လို့လုပ်တာဆိုတော့သဘောထား မှတ်ချက် မပေးချင်ဘူး ” လို့ အသင်း တာဝန်ရှိသူတဦးကပြောပါတယ်။ အဆိုပါ ညွှန်ကြားစာမှာတော့ ရန်ကုန်နယ်နိမိတ်အတွင်းကို လာရောက်ပြီး ကုန်စည်ပို့ဆောင်မယ့် ကုန်တင်ယာဥ်တွေကို လုံခြုံရေးအရ စစ်ဆေးတဲ့အခါလွယ်ကူလျှင်မြန်အောင်အတွက်ဆိုပြီး ညွှန်ကြားတာဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုန်ကားမောင်းသူတစ်ဦးက “ဂိတ်ရောက်မှ အမိုးထဲ စစ်လည်းရပါတယ်။ အမိုးတွေ ရုတ်လိုက် ပြန်အုပ်လိုက်လုပ်ရတာ ကျနော်တို့အတွက်ကိ အချိနိကြန့်ကြပါတယ်။ တမျိုးပြီးတမျိုး…

Read More
VOM News

FREE
VIEW