၂၀၂၃ ခုနှစ်အတွက် အကယ်ဒမီပေးပွဲ ဖေဖော်ဝါရီ ၃ ရက်မှာ ကျင်းပမယ်

  ဇန်နဝါရီ ၆ – ၂၀၂၄ SN (VOM) ၂၀၂၃ ခုနှစ်အတွက် အကယ်ဒမီပေးပွဲကို လာမယ့် ဖေဖော်ဝါရီ ၃ ရက်နေ့မှာ နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်။ မနေ့ ဇန်နဝါရီ ၅ ရက်က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ ထူးချွန်ဆုပေးပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် အခုအချိန်မှာ လုပ်ငန်းအများအပြား ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်။ အကယ်ဒမီရွှေစင်ရုပ်တုမှာ တပ်ဆင်မယ့် ရွှေကြယ်တွေနဲ့ အကယ်ဒမီပေးပွဲကို တက်ရောက်လာကြမယ့် အကယ်ဒမီဆုရ အနုပညာရှင်၊ အတတ်ပညာရှင်တွေကို ရွှေစင်ရုပ်တု ရင်ထိုးတံဆိပ်တွေ…

Read More

ရူးရုံမက မိုက်လည်း မိုက်ပါမှ

    ဆူးငှက်     ၁၉၉၀ ကျော်ကာလ။ ကျွန်တော့် စာအုပ်အငှားဆိုင်လေးက ခပ်ကျဲကျဲ ဖြစ်သော်လည်း ညတိုင်လျှင် စာရေးဆရာမိတ်ဆွေတွေ ညတိုင်းလိုလို ဆုံဖြစ်ကြသည်။ ၁၉၈၈ ပြီးမှ ခင်မင်ခဲ့သော ပန်းချီစိုးဝင်းငြိမ်းရောက်လာသည်။ ဆိုင်မှာ စဖွင့်ကတည်းက အားပေးခဲ့သော ပန်းချီကိုခင်မောင်စန်းတို့ ဇနီးမောင်နှံနှင့် ပတ်သက်သည့် စာပေဗိမာန်စာမူဆုရှင် ကိုရိုးကွန့်ကမုတ်ဆိတ်မွေး ပါးသိုင်းမွေး နှုတ်ခမ်းမွေးတွေနှင့် ရောက်လာသည်။ လူထုတိုက်က ကိုကျော်စိုးဝင်း (ဆရာကြည်လင်အေး) ရောက်လာသည်။ ဆရာညိုထွန်းလူရောက်လာသည်။ ဆရာ ချမ်းမင်းအိမ်က ပြိုင်ဘီးလေးစီးကာ ရှိုးစမိုးတွေ အပြည့်နှင့်ရောက်လာသည်။ တစ်ခါတရံ ဆရာဝင်းစည်သူလည်း သူ့ကားလေးနှင့် ရောက်လာသည်။ မြို့သစ်မှာ ဆေးခန်းဖွင့်နေသည့် ဆရာကျော်စွာထက်လည်း တစ်ခါတရံရောက်လာသည်။ ပန်တျာကျောင်းဝင်း ထဲမှာနေသည့် ဆရာပိုင်စိုးဝေလည်း ရောက်လာသည်။ညနေပိုင်း စောစောမှာတော့ ဆရာမညိုညိုတင်လှ၊ ဆရာမ နှင်းဆီအောင်တို့ ရောက်လာသည်။ မနက်ပိုင်းမှာ ဆရာသိုက်ထွန်းသက်လည်း လူထုတိုက်…

Read More

အိန္ဒိယရဲ့ နေစူးစမ်းလေ့လာရေးယာဉ် မိုင်ကိုးသိန်းကျော်အကွာအဝေးရှိ သတ်မှတ်နေရာကို ရောက်ရှိတော့မယ်

  ဒေလီ၊ ဇန်နဝါရီ-၆-၂၀၂၄ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော နေလေ့လာရေးမစ်ရှင်က စူးစမ်းလေ့လာရေးယာဉ်ဟာ နေကိုလေ့လာနိုင်မယ့် သတ်မှတ်နေရာကို နာရီအနည်းငယ်အတွင်း ရောက်ရှိတော့မှာဖြစ်ပါတယ်။ အိန္ဒိယအာကာသအေဂျင်စီဟာ နေကို စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာနိုင်မယ့် Aditya-L1 ဆိုတဲ့နေရာကို ဒီနေ့ နိုဝင်ဘာ ၆ ရက်မှာ နေရာချထားမှာဖြစ်ပြီး ဒီနေရာဟာ နေနဲ့ ကမ္ဘာအကြား စူးစမ်းလေ့လာရေးယာဉ် လေ့လာမယ့် နေရာဖြစ်ပါတယ်။ အဲဒီစူးစမ်းလေ့လာရေးယာဉ်ကို နေ့ကိုလေ့လာဖို့ စက်တင်ဘာ ၂ ရက်ကတည်းက လွှတ်တင်ခဲ့တာဖြစ်ပြီး သတ်မှတ်နေရာကိုရောက်ဖို့ လေးလကြာ သွားရောက်ပြီးနောက် သတ်မှတ်နေရာမှာ နေရာချဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဒီနေရာဟာ နေနဲ့ ကမ္ဘာအကြား ဆွဲငင်အားတွေကင်းမဲ့ပြီး အာကာသယာဉ် ပျံသန်းမယ့်နေရာဖြစ်ပြီး ကမ္ဘာမြေကနေ မိုင်ပေါင်း ကိုးသိန်းကျော် အကွာအဝေးမှာ တည်ရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းမှာ ဂြိုဟ်ဆင်းယာဉ်ကို ကမ္ဘာ့ပထမဆုံးအဖြစ် ဆင်းသက်နိုင်ခဲ့ပြီးနောက် ရက်နည်းငယ်အကြာမှာ နေကိုစူးစမ်းလေ့လာမယ့်ယာဉ် စေလွှတ်ခဲ့ပါတယ်။ Ref:BBC…

Read More

Honor Apparel အထည်ချုပ်စက်ရုံ ပိတ်သိမ်းမှု နစ်နာကြေးပေးမှုအပေါ် စောင့်ကြည့်နေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေ ပြော

  ဇန်နဝါရီ ၆ – ၂၀၂၄ SN (VOM) ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၃) မှာ ဖွင့်လှစ်ထားတဲ့ Honor Apparel အထည်ချုပ်စက်ရုံ ပိတ်သိမ်းမှုအတွက် နောက်ဆက်တွဲအခြေအနေ စောင့်ကြည့်နေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ Honor Apparel စက်ရုံအနေနဲ့ လည်ပတ်ဖို့ အော်ဒါမရှိတဲ့အတွက် လာမယ့် ဖေဖော်ဝါရီ ၁ ရက်ကစပြီး စက်ရုံပိတ်သိမ်းမယ်လို့ အလုပ်သမားတွေကို အသိပေးကြေညာစာ ထုတ်ထားပါတယ်။ စက်ရုံပိတ်သိမ်းတော့မှာဖြစ်လို့ ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိကို နို့တစ်ကာလအဖြစ် သတ်မှတ်လိုက်ပြီး နို့တစ်ကာလပြီးဆုံးရင် ဥပဒေပါ ညွှန်ကြားချက်အတိုင်း စက်ရုံ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ပေးချေမယ်လို့ သိရပါတယ်။ “သူ့ ကြေညာလွှာမှာတော့ ဥပဒေပါအတိုင်း နစ်နာကြေးကိုပေးမယ်လို့ ကြေညာထားတယ်။ အဲ့တော့ အဲ့ဒီ့အတိုင်း ပေးချေတယ်၊ မပေးချေဘူးဆိုတာက…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၆ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၀ ကျပ် ဝယ်ဈေး – ၂၅၅၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၅ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၆ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၈၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၈၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

ဂျပန်မှာ ငလျင်ကြောင့် ပျောက်ဆုံးနေသူ ၂၄၀ ကျော်ကို အပူတပြင်း ရှာဖွေနေ

  တိုကျိုု၊ ဇန်နဝါရီ-၆-၂၀၂၄ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် ပျောက်ဆုံးနေသူ ၂၄၂ ယောက်ကို ကယ်ဆယ်ရေးသမားတွေက အပူတပြင်းရှာဖွေနေကြပါတယ်။ ကြာသပတေးနေ့နှောင်းပိုင်းကစပြီး ပျောက်ဆုံးနေသူတွေကို ၇၂ နာရီအတွင်း ကယ်တင်နိုင်ဖို့ အရေးကြီးတဲ့ အချိန်လည်းဖြစ်ပါတယ်။ ဝေးလံခေါင်သီတဲ့ နိုတိုကျွန်းဆွယ်မှာ ရစ်ချ်တာစကေး ၇ ဒသမ ၆ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးသူ ၉ ၂ ယောက်ထိရှိလာပြီဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီဖို့ ဂျပန်တပ်ဖွဲ့ဝင်တွေကို နှစ်ဆတိုးပြီး ၄၆၀၀ ထိဖြန့်ကြက်ထားပါတယ်။ ပျောက်ဆုံးနေသူအများစုကတော့ ဆူဇူနဲ့ ဝါဂျီမာမြို့တို့မှာရှိတဲ့ ပြိုကျနေတဲ့အိမ်တွေအောက်မှာ ပိတ်မိနေတယ်လို့ ယူဆရပါတယ်။ ငလျင်ကြောင့် မြေပြိုမှုနဲ့ လမ်းပိတ်ဆို့တာတွေဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်းများစွာဟာ လျှပ်စစ်မီးနဲ့ ရေပြတ်လပ်နေပြီး လူရာပေါင်းများစွာဟာလည်း အကူအညီတွေမရရှိသေးပါဘူး။ ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ဖို့ လက်လျှော့သွားမှာမဟုတ်ဘူးလို့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက သဘောဝဘေးတုံ့ပြန်ရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်ပြောပါတယ်။ နှစ်သစ်ကူးနေ့မှာလှုပ်ခတ်ခဲ့တဲ့…

Read More

This Day in History

  Voice of Myanmar ၂၀၀၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် အငြင်းပွားမှုများကို ဥပဒေကြောင်းအရဖြေရှင်းပြီးနောက် ဂျော့ချ်ဒဗလျူဘုရှ်ကို အမေရိကန်၏ ၄၃ ယောက်သမ္မတအဖြစ် ကွန်ဂရက်က ၂၀၀၁ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် အတည်ပြုခဲ့သည်။  

Read More

သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လည် လွတ်မြောက်ခြင်း မရှိသေး

  ဇန်နဝါရီ ၅ – ၂၀၂၄ SN (VOM) မနေ့ ဇန်နဝါရီ ၄ ရက်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်မှာ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လည် လွတ်မြောက်ခြင်း မရှိသေးဘူးလို့ သူမရဲ့ ပင်တိုင်မိတ်ကပ်ဆရာတယောက်ဖြစ်တဲ့ စွာစွာ (Makeup Artist) က ပြောပါတယ်။ “သတင်းအမှားတွေက တော်တော်ကို ရှင်းလိုက်ရတယ်။ ဒီနေ့အထိကို ရှင်းနေရတုန်း။ တကယ်လို့ ကျွန်မတို့ဘက်က တိတိကျကျသတင်းရရင်တော့ ပြောမှာပါ။ သူမလွတ်သေးတာ သေချာပါတယ်။ ကျွန်မတို့ပြောတာ ယုံပါ။ ကျွန်မတို့က သူတို့နဲ့ မိသားစုလိုနေတာဆိုတော့လေ။ သူတို့အိမ်ကိုလည်း အမြဲတမ်း အဝင်အထွက်ရှိတယ်။ အန်တီနဲ့လည်း ဖုန်းအမြဲအဆက်အသွယ်ရှိတော့ မီဒီယာတွေတင်တာ ကျွန်မတို့လည်း မယုံဘူးလေ။ အိမ်ကိုရောက်ပြီဆိုမှ အတည်ပြုရတာ။ အန်တီကလည်း ကျွန်မကို အာဏာကုန်လွှဲထားတာ။ လွှဲထားတယ်ဆိုတာက တကယ်လို့ သင်ဇာ ထွက်လာပြီဆိုလို့ရှိရင်…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၅ ရက်၊ ညနေ ၄ နာရီ)

    Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW