အမြန်လမ်း ယာဉ်တိမ်းမှောက်မှု သံဃာတော်တပါး အပါအဝင် သုံးယောက် သေဆုံး

  ဇန်နဝါရီ ၄ – ၂၀၂၄ SN (VOM) ဒီကနေ့ မနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ဘုန်းကြီးတပါး အပါအဝင် သုံးယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၈၆/၆) နဲ့ (၂၈၆/၇) ကြားမှာ ဒီကနေ့ ဇန်နဝါရီ ၄ ရက်၊ မနက် ၇ နာရီခွဲ ဝန်းကျင်က ISUZU အမျိုးအစား အစိမ်းရောင်ယာဉ်တစီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး သံဃာတော် တပါး၊ အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက်၊ စုစုပေါင်း သုံးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ရှေ့ဝဲဘက် ဘီးပေါက်ပြီး ကားမှောက်သွားတာပါ။ ဟိုင်းဝေးသွားတော့မယ်ဆိုရင် ကိုယ့်ကား ကြံ့ခိုင်ရေးနဲ့ တာယာ ကောင်းမကောင်း စစ်ဆေးသင့်ပါတယ်။ သတ်မှတ်ကီလိုအတိုင်း မောင်းရင်တော့…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၄ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဟာသလူရွှင်တော် ၁၀ ယောက် လူမှုထူးချွန်တံဆိပ် (တတိယအဆင့်) ချီးမြှင့်ခံရ

  ဇန်နဝါရီ ၄ – ၂၀၂၄ SN (VOM) ဒီကနေ့ ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) မှာ နစက က ဟာသလူရွှင်တော် ၁၀ ယောက်ကို လူမှုထူးချွန်တံဆိပ် (တတိယအဆင့်) ချီးမြှင့်ခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။ ဟာသ လူရွှင်တော်တွေဖြစ်ကြတဲ့ ဦးမိုးဒီ (ခ) ဦးသန်းထွန်း၊ ဦးမန်းကျော် (ခ) ဦးကြည်မောင်၊ ဦးငြိမ်းချမ်း (ခ) ဦးလှကြိုင်၊ ဦးဥဩ (ဟင်္သာတ) (ခ) ဦးအုန်းသန်း၊ ဦးစံမိုး (ခ) ဦးစံရင်၊ ဦးရွှေဂဲ (ခ) ဦးစိန်သောင်း၊ ဦးဖိုးဆောင်း၊ ဦးဥဩ (ရန်ကုန်) (ခ) ဦးအေးသောင်း၊ ဦးပေါ်လေး (ခ) ဦးမြင့်အေး၊ ဦးနေကျော် (ခ) ဦးတင်ဟန်တို့ကို လူမှုထူးချွန်တံဆိပ် (တတိယအဆင့်) ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့…

Read More

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာတောင်ပိုင်းမှာ ၂၄ နာရီအတွင်း လူ ၁၀၀ ကျော်သေဆုံး

  တဲလ်အဗစ်၊ ဇန်နဝါရီ-၄-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေတာကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၁၀၀ ကျော်ထိရှိခဲ့ပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့နေ့က သေဆုံးသူ ၁၂၈ ယောက်ထိရှိခဲ့တာကြောင့် လက်ရှိချိန်ထိ သေဆုံးသူစုစုပေါင်း ၂၂၃၁၃ ယောက်ထိရှိလာကြောင်း ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဂါဇာတောင်ပိုင်း ခန်းယွန်နစ်မြို့မှာ ဟားမတ်စ်တို့နဲ့ တိုက်ပွဲတွေပြင်းထန်နေကြောင်း အစ္စရေးကပြောပါတယ်။ အစ္စရေးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း စစ်ရှောင်တွေ ခိုလှုံနေတဲ့ ဆေးရုံဝန်းကျင်ကို တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒီတိုက်ခိုက်မှုအတွင်း အသက် ၅ နှစ်အရွယ် ကလေးငယ်တယောက်အပါအဝင် လူငါးယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း လခြမ်းနီအဖွဲ့က ထုတ်ပြန်ထားပြီး အစ္စရေးအနေနဲ့ အရပ်သားတွေ ဘေးကင်းရေးဦးစားပေးဖို့ တိုက်တွန်းထားပါတယ်။ ဒီအတောအတွင်း လက်ဘနွန်မှာ အစ္စရေးရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း ဟားမတ်စ်အဖွဲ့ရဲ့ လက်ထောက်ခေါင်းဆောင်တယောက် သေဆုံးခဲ့ပါတယ်။ Ref:NHK Photo:Getty…

Read More

ဒဂုံ (မြောက်ပိုင်း) က အိမ်‌မွေးတိရစ္ဆာန်ဂေဟာ မီးလောင်မှု တိရစ္ဆာန် တရာနီးပါး သေဆုံး

  ဇန်နဝါရီ ၄ – ၂၀၂၄ SN (VOM) ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ (၄၈) ရပ်ကွက်၊ အောင်ဆန်းသူရိယလှသောင်းလမ်းမှာရှိတဲ့ “ဆုဇင်” အိမ်မွေးတိရစ္ဆာန်ဂေဟာ (Su Zin Pet Hotel) မှာ မနေ့ ဇန်နဝါရီ ၃ ရက်၊ ည ၇ နာရီ၊ ၄၄ မိနစ်ဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး တိရစ္ဆာန်၈၀ ဝန်းကျင် မီးထဲပါသွားခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။ “ခွေးတွေ၊ ကြောင်တွေကို လှောင်အိမ်လေးတွေနဲ့ ထားထားတော့ ထွက်မပြေးနိုင်ဘူးလေ။ ညဘက် လူအစောင့်လည်း မရှိဘူးလို့ကြားတယ်။ တံခါးတွေလည်း ပိတ်ထားတော့ စ ဖြစ်ဖြစ်ချင်း ရပ်ကွက်က လူတွေက အထဲဝင်ဖို့ကို ဘယ်လိုမှ ဝင်မရဘူး။ ဝင်လို့ ရတော့လည်း မီးကတအားများလာတော့ လှောင်အိမ်တွေ တခုချင်းစီလည်း လိုက်မဖွင့်နိုင်ဘူးလေ။…

Read More

နစက အာဏာရယူပြီးနောက် အကျဥ်းသား ကိုးသောင်းနီးပါး လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့

  ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက် KK(VOM) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ (၁၁၄)‌ ယောက်ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးခဲ့သလို မြန်မာနိုင်ငံသား အကျဉ်းသား/အကျဉ်းသူ (၉၆၅၂) ယောက်ကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းခွင့်ပြုတယ်လို့ နစက က သတင်း ထုတ်ပြန်ထားပါတယ်။ အင်းစိန်အကျဥ်းထောင်က အကျဥ်းသားတွေကို နေ့လယ်၁၂ နာရီကျော်က စတင်ပြီး YBS ခရီးသည်တင်ယာဥ်တွေပေါ်တင်ပြီး စတင်လွှတ်ပေးခဲ့ပါတယ်။ “ဦးလေးသားက ပုဒ်မ ၅၀၅ နဲ့ထောင်ကျနေတာ တနှစ်ကျော်ပြီ ဒီနေ့ ပြန်လွှတ်တဲ့အထဲမှာပါတယ် အခုလို လွှတ်ပေးတဲ့အတွက် ဝမ်းသာပါတယ်”လို့ ရွှေပြည်သာမြိုနေသူတဦးက ပြောပါတယ်။ အင်းစိန်အကျဥ်းထောင်က…

Read More

ကချင်ပြည်နယ် လိုင်ဇာအနီး ထောက်ပို့ရဟတ်ယာဉ် ပျက်ကျလို့ ခြောက်ယောက်သေဆုံး

  ဇန်နဝါရီ ၊ ၄ ၊ ၂၀၂၄ SP ( VOM) ကချင်ပြည်နယ် ၊ လိုင်ဇာမြို့နားက နာဖော့ နစက စစ်အခြေစိုက် စခန်းကို ရိက္ခာတွေ ထောက်ပို့ပေးခဲ့တဲ့ ထောက်ပို့ရေး ရဟတ်ယာဉ် တစင်းဟာ မနေ့ ဇန်နဝါရီ ၃ ရက် မနက် ၁၁ နာရီဝန်းကျင်က ပျက်ကျခဲ့ပြီး လိုက်ပါခဲ့တဲ့ လူခြောက်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်လို့ KIA သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ အဲ့ဒီ ရဟတ်ယာဉ်ကို မြေပြင်ကနေ ပစ်ချခဲ့တာဖြစ်တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ကချင်ပြည်နယ် ဒေသခံတယောက်က ” ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဝိုင်းမော်နယ်ထဲကို ထောက်ပို့ ရဟတ်ယာဉ် တစီး ရိက္ခာတွေလာချပေးတယ် ၊ နေရာမှားပြီး ချသွားတယ် ၊ ရွှေဖီဦးး…

Read More

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

Read More

အီရန်တပ်မှူးရဲ့ အုတ်ဂူအနီး ဗုံးပေါက်ကွဲမှုကြောင့် လူ ၉၅ ယောက်သေဆုံး

  တီဟီရန်၊ ဇန်နဝါရီ-၄-၂၀၂၄ မျိုးဆက်(VOM) လွန်ခဲ့တဲ့ လေးနှစ်က အမေရိကန်ရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အီရန်တော်လှန်ရေးအစောင့်တပ်မှူး ကာဆမ်ဆိုလိုင်မာနီရဲ့ အုတ်ဂူအနီးမှာ ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားမှုကြောင့် လူ ၉၅ ယောက် ထက်မနည်း သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ သူသေဆုံးမှုနှစ်ပတ်လည်အခမ်းအနားနဲ့ ဂုဏ်ပြုဖို့အတွက် ကာမန်မြို့ ဆာဟတ်အယ်လ်ဇာမန် ဗလီအနီးမှာ လူတွေ ရာနဲ့ချီတဲ့လူတွေ အုတ်ဂူကို လာရောက်ချိန်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒါဟာ အီရန်မှာ ၄၂ နှစ်အတွင်း လူအသေအပျောက်အများဆုံး လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ပြီး ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာ ရှင်းလင်းစွာမသိရသေးပါဘူး။ အီရန်ဘာသာရေးခေါင်ဆောင် ခါမေနီကတော့ ဒီတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး ပြင်းထန်တဲ့ လက်တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးထားပါတယ်။ ဒီတိုက်ခိုက်မှုဟာ မကြာသေးမီနှစ်တွေအတွင်း အီရန်မှာ အရပ်သားနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တဲ့ အိုင်အက်စ်အဖွဲ့နဲ့ ဆွန်နီဂျီဟတ်အဖွဲ့တွေရဲ့ လက်ချက်လို့ ယူဆရပါတယ်။…

Read More

မန္တလေးမြို့က ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမြင်ကွင်း

ဇန်နဝါရီ – ၄ – ၂၀၂၄ SA (Voice Of Myanmar) ဒီကနေ့မှာကျရောက်တဲ့ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းနားကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က မန္တလာသီရီအားကစားကွင်းအတွင်းမှာ ကျင်းပခဲ့ပါတယ်။

Read More
VOM News

FREE
VIEW