This Day in Histor

Voice of Myanamar အမေရိကန်နိုင်ငံရေးသမား နန်စီပလိုစီသည် အောက်လွှတ်တော်ဥက္ကဌအဖြစ် ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ရွေးချယ်ခံခဲ့ရပြီး အမေရိကန်သမိုင်းတွင် အဆိုပါရာထူးကို ထမ်းဆောင်သည့် ပထမဆုံးသော အမျိုးသမီးဖြစ်သည်။

Read More

၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်

၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်

Read More

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ၄.၁.၂၀၂၄ ရက် ဒီနေ့ မနက် ၄ နာရီ ၂၀အချိန်က နေပြည်တော်ရှိ မြို့တော်ခန်းမ ရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အလံတင်အခမ်းအနားကို နေပြည်တော်ကောင်စီဥက္ကဌ၊ ဒုမြို့တော်ဝန်၊ နယ်လုံဝန်ကြီးနဲ့ ကောင်စီဝင်တွေတက်ရောက်ခဲ့ကြပါတယ်။ KT(VOM)

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၃ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၆၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၈၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

လက်ဆည်ကန် ဝင်းလိုက်ရုံရှေ့ က၊ လွတ်လပ်ရေး အကြိုည

  ဆူးငှက်   လွတ်လပ်ရေးနေ့ အကြိုညတွင် မန္တလေး လက်ဆည်ကန်ရပ်ရှိ ဝင်းလိုက်ရုပ်ရှင်ရုံရှေ့၌ မြို့မတူရိယာအဖွဲ့က မြို့လူထုကို သီဆို တီးမှုတ်ဖျော်ဖြေခဲ့သတဲ့။   ထိုပွဲတွင် သီချင်းတစ်ပုဒ်ကို မြို့မကတီးမှုတ်ရာတွင် ကမ္ဘာ့သင်္ကေတနည်းပညာ(music notes) တတ်မြောက် ထားကြသူများမို့ တူရိယာတီးမှုတ်သူတိုင်း၏ ရှေ့တွင် သင်္ကေတ စာရွက်များ ချထားကာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသတဲ့။ ထိုနေ့ညက ထိုသီချင်း သီဆိုသူမှာ အဆိုတော် ကိုသိန်းတန်တဲ့။ တီးမှုတ်ကြသည့် မြို့မ အဖွဲ့သားများမှာ တယော၊ ဦးရင်လေး၊ ကိုကြီးငွေ၊ မြို့မငြိမ်း၊ အကော်ဒီယမ် ကိုအေးမောင်၊ ဘေ့(စ်)ကိုဘသင်၊ ဘင်ဂျိုကော့(တ)ကိုသိန်း၊ ကလယ်ရီနက် တောင်မြို့ ဦးကိုလေး၊ ကိုတင်အေး၊ ကိုကောင်းညွန့်၊ ကိုစော၊ ဆိုက်ဆိုဖုန်းဦးသောင်း၊ ဂီတာကိုဘသိန်း၊ ကိုဘရှင်(တောင်မြို့)၊ ထရန်ပက်ကိုဘကျင်၊ ဂျက်(ဇ်)ကိုလှဒင်၊ ကိုထွန်းရှိန် တို့ဖြစ်သည်။ ထိုနေ့ညပွဲတွင် စန်္ဒရားမပါရှိခဲ့၊ ကလယ်ရီနက်တွင် ညာသံဆိုလို…

Read More

အစ္စရေး မော့ဆက်ထောက်လှမ်းရေအတွက် သူလျှိုလုပ်နေသူ ၃၄ ယောက် တူရကီမှာ ဖမ်းဆီးခံရ

  အန်ကာရာ၊ ဇန်နဝါရီ-၃-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးရဲ့ မော့ဆက်ထောက်လှမ်းရေးအဖွဲ့အတွက် သူလျှိုလုပ်မှု၊ ပြန်ပေးဆွဲဖို့ ကြံစည်နေကြောင်း စွပ်စွဲခံရသူ ၃၄ ယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း တူရကီတာဝန်ရှိသူတွေက ပြောပါတယ်။ တူရကီနိုင်ငံ မြို့တော် အန်ကာရာနဲ့ အခြားနေရာ ၅၇ ခုကို ဝင်ရောက်စီးနှင်းဖမ်းဆီးခဲ့တာ ဖြစ်ပြီး အခြားသံသယရှိသူ ၁၂ ဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း အာဏာပိုင်တွေကဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစ္စရေးဘက်က ချက်ချင်းမှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေးပေမယ့် အစ္စရေး-ဟားမတ်စ်စစ်ပွဲစတင်ပြီးနောက်ပိုင်း တူရကီနဲ့ အစ္စရေးတို့အကြား ဆက်ဆံရေး သိသိသာသာ ယိုယွင်းခဲ့ပါတယ်။ အစ္စရေးထောက်လှမ်းရေးအဖွဲ့ဟာ ကင်းထောက်၊ ရှာဖွေ၊ ချေမှုန်းရေးနည်းလမ်းနဲ့ တူရကီမှာနေထိုင်တဲ့ နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲခြင်းစတဲ့ နည်းဗျူဟာဆိုင်ရာတာဝန်တွေ လုပ်ဆောင်ဖို့ကြိုးပမ်းနေကြောင်း အာဏာပိုင်တွေက သုံးသပ်ပြီးနောက်မှာ သံသယရှိသူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ တူရကီသမ္မတ အာဒိုဂန်က တူရကီမြေမှာ ဟားမတ်စ်အဖွ့ဲ့ဝင်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမယ်ဆိုရင် ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ လွန်ခဲ့တဲ့လက သတိပေးပြောဆိုထားပါတယ်။ တူရကီဟာ…

Read More

ရုရှား နယ်စပ်မြို့ကို ယူကရိန်းက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြန်

  မော်စကို၊ ဒီဇင်ဘာ-၃-၂၀၂၃ မျိုးဆက်(VOM) နှစ်နိုင်ငံအကြား လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်နေချိန်မှာ ရုရှားနယ်စပ်မြို့ကို ယူကရိန်းရဲ့ လေကြောင်းတိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ယူကရိန်းရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၅ ယောက်သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရခဲ့တဲ့ ဘယ်လ်ဂိုရော့ဒ်မြို့မှာ ဇန်နဝါရီ ၂ ရက်က ယူကရိန်းပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တဒါဇင်ကို ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကဆိုပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ယူကရိန်းဘက်ကတော့ မှတ်ချက်ပြုပြောဆိုတာ မရှိသေးပါဘူး။ ရုရှားဟာ ယူကရိန်းကို လေကြောင်းတိုက်ခိုက်မှုအကြီးအကျယ်ပြုလုပ်ပြီးနောက်မှာ ယူကရိန်းကလည်း အခုလိုက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရုရှားဟာ ယူကရိန်းကို ငါးရက်အတွင်း ဒုံးကျည်အစင်း ၃၀၀ ၊ ဒရုန်းအစင်း ၂၀၀ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပါတယ်။ ယူကရိန်းကို ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းမှာ စတင်ခဲ့ပြီး အသံထက်မြန်တဲ့…

Read More

ဗဟိုဘဏ်က ကန်ဒေါ်လာ ၁၃ သန်းနီးပါး ထုတ်ရောင်းပေးပြီး တရုတ်ယွမ်ငွေတွေလည်း ထုတ်ပေး

  ဇန်နဝါရီ ၃ – ၂၀၂၄ SN (VOM) မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၄ ခုနှစ်၊ နှစ်ဦးမှာ အမေရိကန်ဒေါ်လာ ၁၃ သန်းနီးပါးကို ဈေးကွက်ဈေးနှုန်း (Market Rate) အတိုင်း ထုတ်ရောင်းပေးပြီး ကျပ်ငွေ အပေါင်ယူကာ ကန်ဒေါ်လာ လေးသန်းနဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေတွေကိုလည်း ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဗဟိုဘဏ်အနေနဲ့ ဇန်နဝါရီ ၁ ရက်နေ့က နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းကို အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉၃ သန်း ရောင်းချပေးခဲ့ပြီး အမေရိကန်ဒေါ်လာ လေးသန်းနဲ့ညီမျှတဲ့ တရုတ်ယွမ်ကို SWAP Facility ပေးခဲ့တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။ SWAP Facility ဆိုတာဟာ ကျပ်ငွေကို အပေါင်ယူပြီး အဲ့ဒီ့ ငွေပမာဏနဲ့ညီမျှတဲ့ နိုင်ငံခြားငွေ ထုတ်ပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။ “ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြား‌သုံးငွေတွေ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်း…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၃ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၅ ကျပ် ဝယ်ဈေး – ၂၅၅၅ ကျပ် -ယူရို ရောင်းဈေး – ၃၇၂၂ ကျပ် ဝယ်ဈေး – ၃၆၂၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၅၀ ကျပ် ဝယ်ဈေး – ၉၈.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၅ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၃ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၅၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW