Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၅၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read MoreDay: February 2, 2024
စစ်တွေမြို့မှာ ညမထွက်ရအမိန့် နစက ကြေညာ
ဖေဖော်ဝါရီ ၂ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ည ၉ နာရီကနေ မနက် ၄ နာရီအတွင်း အပြင်ထွက်သွားလာခြင်း မပြုလုပ်ကြဖို့ နစက က မနေ့ ဖေဖော်ဝါရီလ ၁ ရက်၊ ညနေပိုင်းက လိုက်လံကြေညာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ့ အမိန့်ကို နစက က စစ်တွေမြို့တွင်း လှည့်လည်ကာ လော်စပီကာတွေနဲ့ လိုက်လံ ကြေညာခဲ့ခြင်းဖြစ်ပြီး လိုက်နာမှုမရှိပါက ပြင်းထန်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ “သူတို့မကြေညာလည်း ညနေ ၆ နာရီနောက်ပိုင်းဆို လမ်းပေါ် ဘယ်သူမှ မရှိကြတော့ပါဘူး။ အစကတည်းကိုက လုံခြုံရေးအရ စိုးရိမ်နေရတဲ့ အနေအထားကိုး။ ပစ်ခတ်မှုတွေလည်း အချိန်မရွေး ဖြစ်နေတယ်။ လမ်းမှာဆိုရင်လည်း လုယက်မှုတွေ၊ ဓားခုတ်ခံရတာတွေလည်း နောက်ပိုင်း…
Read Moreမလေးရှား လဝက ထိန်းသိမ်းရေးစခန်းကနေ ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော် ထွက်ပြေးလွတ်မြောက်
ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ-၂-၂၀၂၄ မျိုးဆက်(VOM) မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတခုမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ နှောင်းပိုင်းက အဓိကရုဏ်းတခုဖြစ်ပွားပြီးနောက် ရိုဟင်ဂျာဒုက္ခသည် ထွက်ပြေးလွတ်မြောက်သွားပြီး အဝေးပြေးလမ်းပေါ်မှာ ကားတိုက်မိပြီး တယောက်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံအနောက်ပိုင်း ပီရက်ခ်ပြည်နယ် ဘိုင်ဒေါလူဝင်မှုကြီးကြပ်ရေးမှ ရိုဟင်ဂျာ ၁၃၁ ယောက်ဟာ မနေ့ကညမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး ရပ်စ်လင်ဂျူဆိုက ဒီနေ့ပြောပါတယ်။ လွတ်မြောက်သွားသူတွေကို ရှာဖွေရေးတွေဆက်လက်လုပ်ဖို့ အေဂျင်စီအသီးသီးက ၂၇၅ ယောက်ကို ဖြန့်ကြက်ထားပါတယ်။ လွတ်မြောက်သွားသူတွေဟာ ရိုဟင်ဂျာ ၁၁၅ ယောက်နဲ့ အခြားသော မြန်မာနိုင်ငံသား ၁၆ ယောက်တို့ဖြစ်တယ်လို့ သူက အတည်ပြုပြောဆိုပါတယ်။ ဒါဟာ မကြာသေးမီနှစ်တွေအတွင်း မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းကနေ ရိုဟင်ဂျာဒုက္ခသည်တွေ ထွက်ပြေးမှု ဒုတိယအကြိမ်ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၂၂ ခုနှစ် ဧပြီလအတွင်းကလည်း ရိုဟင်ဂျာဒုက္ခသည် ၅၈၂ ယောက်ဟာ…
Read Moreကင်ညာမှာ ဓါတ်ငွေ့တင်ကား ပေါက်ကွဲမှုကြောင့် လူ ၃၀၀ နီးပါး ဒဏ်ရာရ
နိုင်ရိုဘီ၊ ဖေဖော်ဝါရီ-၂-၂၀၂၄ မျိုးဆက်(VOM) ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီမှာ ဖြစ်ပွားခဲ့တဲ့ ဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် လူသုံးယောက်ထက်မနည်း သေဆုံးပြီး ၃၀၀ နီးပါဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂ ရက်မှာ ပြောပါတယ်။ ပေါက်ကွဲမှုဟာ အမ်ဘာစကီခရိုင်မှာ ဒေသစံတော်ချိန် ည ၁၁ နာရီ မိနစ် ၃၀ ခန့်က ဓါတ်ငွေ့တင်ကား တစီးပေါက်ကွဲ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ကြက်ခြေနီအဖွဲ့ဟာ ဒဏ်ရာရသူ ၂၇၁ ယောက်ကို ဆေးရုံပို့ပေးထားပြီး အခြား ၂၇ ယောက်ကိုသီးခြားကုသမှုပေးနေပါတယ်။ ဒါဏ်ရာရသူတွေထဲမှာ ကလေးငယ် ၂၅ ယောက်ပါတယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြောင့် နေအိမ်တွေ၊ လုပ်ငန်းတွေနဲ့ ကားတွေ ပျက်စီးခဲ့ပြီး လက်ရှိမှာတော့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သူကဆိုပါတယ်။မီးလောင်ပေါက်ကွဲမှုဟာ အနီးနားရှိ တိုက်ခန်းတွေကိုလည်း ကူးစက်ခဲ့ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူတွေက…
Read Moreအီရတ်နဲ့ ဆီးရီးယားရှိ အီရန်ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်ဖို့ အမေရိကန် အတည်ပြုပြီ
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂-၂၀၂၄ မျိုးဆက်(VOM) အီရတ်နဲ့ ဆီးရီးယားရှိ အီရန်ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်ဖို့ အစီအစဉ်တွေကို အမေရိကန်က အတည်ပြုလိုက်ပြီလို့ စီဘီအက်စ်သတင်းဌာနက တာဝန်ရှိသူတွေကို ကိုးကားပြီး ရေးသားဖော်ပြထားပါတယ်။ တိုက်ခိုက်မှုတွေကို ရက်အတန်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး ဘယ်အချိန်မှာ စတင်တိုက်ခိုက်မလဲဆိုတာကတော့ ရာသီဥတုအပေါ် မူတည်ပြီး ဆုံးဖြတ်သွားမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အမေရိကန်အနေနဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်မယ်လို့ သမ္မတဂျိုးဘိုင်ဒင်က ကြိမ်ဖန်များစွာ ကတိပြုထားပေမယ့် အီရန်နဲ့ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲ သို့မဟုတ် ဒေသတွင်းတင်းမာမှုတွေ တိုးမြင့်လာဖို့ လုပ်ဆောင်နေတာမဟုတ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဆီးရီးယားနယ်စပ်အနီး ဂျော်ဒန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုကို မောင်းသူမဲ့လေယာဉ်နဲ့ မကြာသေးမီက တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် သုံးယောက် သေဆုံးခဲ့ပြီးနောက် အီရန်ပစ်မှတ်တွေကို ဆက်လက် တိုက်ခိုက်ဖို့ အမေရိကန်က စီစဉ်နေတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုအတွက် အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွတွေလက်ချက်လို့ အမေရိကန်က ပြောဆိုထားပါတယ်။ အီရတ်ရှိ အစ္စလာမ္မစ်ခုခံရေးအဖွဲ့မှာ အီရန်က…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၂ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၅၀ ကျပ် ဝယ်ဈေး – ၃၅၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၃၅ ကျပ် ဝယ်ဈေး – ၂၅၈၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၈၄ ကျပ် ဝယ်ဈေး – ၃၈၀၇ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၁.၀၀ ကျပ် ဝယ်ဈေး – ၉၉.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၅ ကျပ် ဝယ်ဈေး – ၇၄၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၆ ကျပ် ဝယ်ဈေး – ၄၈၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (ဖေဖော်ဝါရီ- ၂ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၅၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreခင်ဦးမြို့နယ်က ၊ ကလုံရွာမှာ လူနေအိမ် ၁၄ လုံး မီးလောင် ၊ လူ သုံးယောက် သတ်ခံရ
ဖေဖော်ဝါရီ ၊ ၂ ၊ ၂၀၂၄ SP(VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ ကလုံကျေးရွာမှာ မနေ့ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းက လူနေအိမ် ၁၄ လုံး မီးလောင်ပြီး လူသုံးဦးလည်း အသတ်ခံရသေးတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က ” မနေ့က မနက်စောပိုင်းမှာ စစ်ကြောင်းတွေဝင်လာနေတယ်ဆိုပြီး ရွာလုံးကျွတ် ထွက်ပြေးကြတယ် ၊ အဲ့ဒီလို ထွက်ပြေးရတဲ့အထဲမှာ သရက်ကုန်း၊ ကင်းပြစ်၊ ကလုံ၊ ရှင်မင်းတွေ၊ ဝါးရုံကြီး၊ ရှားတော၊ မုံလှ၊ သာဝတ္ထိ၊ မြင်းကျ၊ ဥယျာဥ်၊ ကျွန်းတောကြီး စတဲ့ရွာတွေလည်းပါတယ်၊ မနက်မိုးလင်းတော့ ရွာတွေထဲမှာ လူမရှိတော့ဘူး ၊ အဲ့ဒီနောက် မနက် ၈ နာရီဝန်းကျင်လောက်မှာ…
Read Moreခမောက်ကြီးမြို့နယ် ဆိတ်ဖူး – မာရမ်း ကားလမ်းမှာ ကားတစီးပစ်ခတ်ခံရလို့ လူနှစ်ယောက် သေဆုံး
ဖေဖော်ဝါရီ ၊ ၂ ၊ ၂၀၂၄ SP (VOM) တနင်္သါရီတိုင်း ၊ ကော့သောင်းခရိုင် ၊ ကော့သောင်းမြို့နယ် ၊ ခမောက်ကြီး(မြို့နယ်ခွဲ) ၊ မာရမ်းကျေးရွာ နဲ့ ဆိတ်ဖူးကျေးရွာကြား ကားလမ်းမှာ မနေ့ ဖေဖော်ဝါရီ ၁ ရက် ၊ မနက်ပိုင်းက အိမ်စီးကား တစီးပစ်ခတ်ခံရပြီး ကားပေါ်မှာ လိုက်ပါလာတဲ့ လူနှစ်ဦးစလုံး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ပရဟိတ သမားတယောက်က ” မနေ့ မနက်က ၁၁ နာရီဝန်းကျင်လောက်မှာ ဆိတ်ဖူးကျေးရွာကနေ မာရမ်းကျေးရွာ (မာရမ်းရွာဆိုတာ မြန်မာ – ထိုင်း နှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ ရွာဖြစ်တယ်လို့ သိရပါတယ်) ကို ကားနဲ့ ပြန်အလာ လမ်းမှာ ပစ်ခတ်ခံရတာဖြစ်တယ် ၊ အဲ့ဒီ…
Read Moreညောင်လေးပင်ခရိုင်က စစ်ရှောင်တွေအတွက် အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီ လိုအပ်နေ
ဖေဖော်ဝါရီ ၂ – ၂၀၂၄ SN (VOM) ပဲခူးတိုင်း (အရှေ့ခြမ်း)၊ ညောင်လေးပင်ခရိုင်အတွင်းက စစ်ရှောင်တွေအတွက် အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့အစည်းတွေဆီက သိရပါတယ်။ ညောင်လေးပင်ခရိုင်အတွင်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှစတင်ကာ ပိုမို ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်အရေအတွက်တွေ တိုးလာနေတာဖြစ်ပြီး လက်ရှိမှာတော့ နှစ်သိန်းလေးသောင်း ရှစ်ထောင်ကျော် ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။ “အခုတလော မိုးတွေကလည်း ရွာနေတာဆိုတော့ တောထဲတောင်ထဲမှာ နေရာထိုင်ခင်း အမိုးအကာတွေလည်း မရှိကြဘူး။ အဲ့ဒါ့အပြင်ကိုမှ စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်။ ရာသီဥတုကလည်း နေပူလိုက်၊ မိုးရွာလိုက်၊ အေးလိုက်နဲ့ဆိုတော့ ကျန်းမာရေး မကောင်းတဲ့ သူတွေလည်း ရှိတယ်။ အဲ့ဒီ့အတွက် လုံလောက်တဲ့ ဆေးဝါးတွေလည်း မရှိသေးဘူး။ မိုးကလည်း ဒီလထဲ ဆက်ရွာဖို့…
Read More