မင်းကင်းမြို့နယ် ကံကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက လူနေအိမ် ၈၀ ကျော် မီးလောင်

  ဖေဖော်ဝါရီ ၊ ၇ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ် ၊ ကံကျေးရွာအုပ်စု ၊ ကံကျေးရွာမှာ ဒီကနေ့မနက်ပိုင်း ၆ နာရီက လူနေအိမ်တွေ မီးရှို့ခံရလို့ အိမ်ခြေ ၈၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က ” ဒီမနက် အစောပိုင်းကတည်းက ရွာက ပြည်သူ့စစ်အဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ ပစ်ခတ်တာတွေဖြစ်တယ် ၊ အဲဒီနောက် မနက် ၆ နာရီဝန်းကျင်မှာ ရွာကို မီးစလောင်တော့တယ် ၊ ကနဦး ကောက်ယူရရှိထားတာက လူနေအိမ် ၈၀ ကျော် ၊ စပါးတိုက် ၁၄ လုံး ၊…

Read More

တံတားဦးမြို့နယ်မှာ ပြည်ခိုင်ဖြိုး ပါတီဝင် နှစ်ယောက် ပစ်သတ်ခံရ ၊ မန်းတိုင်း တောင်ပိုင်းမှာ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေ

  ဖေဖော်ဝါရီ ၊ ၇ ၊ ၂၀၂၄ SP (VOM) ဒီရက်ပိုင်းအတွင်း မန္တလေးတိုင်းရဲ့ တောင်ပိုင်းက တံတားဦး ၊ မြင်းခြံနဲ့ မိတ္ထီလာခရိုင်ဘက်တွေမှာ နှစ်လောင်းပြိုင် ၊ သုံးလောင်းပြိုင် စတဲ့ လူသတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ အဲ့ဒီလို လူသတ်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ပရဟိတသမားတယောက်က ” မနေ့ ဖေဖော်ဝါရီ ၆ ရက် ၊ မနက် ၅ နာရီဝန်းကျင်မှာ တံတားဦးမြို့နယ် ၊ ပေါက်မြိုင်ကျေးရွာမှာ နှစ်လောင်းပြိုင် လူသတ်မှုဖြစ်တယ် ၊ အသတ်ခံရတဲ့သူတွေကတော့ အရင်က ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ၊ နောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ခဲ့တဲ့ ဦးမွန်ကျော်ဆိုသူနဲ့ ပြည်ခိုင်ဖြိုး ပါတီ ရပ်ကျေး အဖွဲ့ဝင် ဦးနိုင်ဝင်း…

Read More

ချီလီသမ္မတဟောင်း ပီနီယာ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်

ဆန်တီယာဂို၊ ဖေဖော်ဝါရီ-၇-၂၀၂၄ မျိုဆက်(VOM) ချီလီဘီလျံနာနဲ့ သမ္မတသက်တမ်းနှစ်ကြိမ်ထမ်းဆောင်ခဲ့သူ အသက် ၇၄ နှစ်အရွယ် သမ္မတဟောင်း ဆီဘတ်စတန်ပီနီယာဟာ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ကွယ်လွန်သွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံတောင်ပိုင်း လာဂိုရန်ကိုမြို့အနီး ရေကန်တခုထဲကို ရဟတ်ယာဉ်ပျက်ကျခဲ့တာဖြစ်ပြီး အခြားသုံးယောက် အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုထားပါတယ်။ ပီနီယာဟာ ကိုယ်ပိုင်ရဟတ်ယာဉ်ကို မောင်းနှင်းပျံသန်းမှုတွေ လုပ်လေ့ရှိပေမယ့် ရဟတ်ယာဉ်ပျက်ကျချိန်မှာ လေယာဉ်မှူးအဖြစ် မောင်းနှင်ခဲ့ကြောင်း ရှင်းလင်းစွာ မသိရသေးပါဘူး။ သမ္မတဟောင်း ပီနီယာသေဆုံးမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်း သုံးရက်ကြာ ကြေညာထားပါတယ်။ ကွန်ဆာဗေးတစ်နိုင်ငံရေးသမားဖြစ်သူ ပီနီယာဟာ သူ့ရဲ့ပထမဆုံးသမ္မတသက်တမ်း ၂၀၁၀ မှ ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံံစီးပွား တိုးတက်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူဟာ မိသားစုနှင့်အတူ ဖေဖော်ဝါရီလတိုင်းမျာ အားလပ်ရက်အပန်းဖြေခရီးထွက်လေ့ရှိပြီး အလောင်းကို ရဟတ်ယာဉ်ပျက်ကျပြီးနောက် ချီလီရေတပ်က ပြန်လည်ဆယ်ယူရရှိခဲ့ကြောင်း သိရပါတယ်။ Ref:BBC Photo:AFP

Read More

အပြိုင်အဆိုင် စစ်သားစုဆောင်းနေတာဟာ တိုင်းပြည်အတွက်စိုးရိမ်စရာ

ဖေဖော်ဝါရီ ၇၊ ၂၀၂၄ GG+Shv(VOM) လွတ်လပ်ရေးရဲ့ ဖွားဖက်တော်လို့ ဆိုရမယ့် ပြည်တွင်းစစ်ဟာ နှစ်ပေါင်း ၇၀ ကျော် ၈၀နီးနီး သက်တမ်းရှိပေမယ့် မအိုသေးဘဲ မီးခဲပြာဖုံးချိန်ခဏ ငြိမ်သလိုရှိပြီး ခုကာလမှာ အရှိန်ပြင်းပြင်းနဲ့ ပြန်လည်တောက်လောင်နေပါတယ်။ မိမိတို့ရပိုင်ခွင့်ေတွ အပြည့်အဝ မရသေးလို့ဆိုပြီး အစိုးရအဆက်ဆက်ကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ဒီနှစ်ပိုင်းတွေမှာ စစ်အင်အားဖြည့်တင်းတဲ့အနေနဲ့ စစ်သားစုဆောင်းကြသလို နစကဖက်ကလည်း အရံအင်အားအနေနဲ့ ပြည်သူ့စစ်ဆိုတာတွေ ဖွဲ့စည်းပေးပြီး လက်နက်တပ်ဆင်ပေးတာတွေ တွေ့လာရပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဖြစ်တဲ့ TNLA, KIA နဲ့ SSPP/SSA အဖွဲ့ တွေက ကိုယ့်လူမျိုး အလိုက် စစ်သားစုဆောင်းနေတာတွေ ရှိလာပြီး MNDAA အဖွဲ့ကတော့ ကိုးကန့် လူမျိုးအပြင် အခြားတိုင်းရင်းသား လူမျိုးတွေထဲကလည်း စစ်သားစုဆောင်းတာ ရှိပါတယ်။ သူတို့ သိမ်းထားတဲ့ ဒေသတွေမှာ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၇ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၀၀ ကျပ် ဝယ်ဈေး – ၃၄၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၅ ကျပ် ဝယ်ဈေး – ၂၅၅၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၀ ကျပ် ဝယ်ဈေး – ၄၈၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ- ၇ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဂါဇာ အပစ်အခတ်ရပ်စဲရေးမူဘောင် ဟားမတ်စ်တို့ တုံ့ပြန်လာ

ဂါဇာစီးတီး၊ ဖေဖော်ဝါရီ-၇-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူဘောင်အဆိုပြုချက်ကို ဟားမတ်စ်တို့က တုံ့ပြန်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အစ္စရေး၊ အမေရိန်၊ ကာတာနဲ့ အီဂျစ်တို့ရေးဆွဲထားတဲ့ အဲဒီသဘောတူညီချက် အသေးစိတ်ကို တာဝန်ရှိသူတွေက ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ ဒါပေမယ့် အဆိုပြုချက်မှာ အစ္စရေးဓါးစာခံတွေနဲ့ ပါရလက်စတိုင်းအကျဉ်းသားတွေ လဲလှယ်ရေးအပါအဝင် သီတင်းခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး ပါဝင်တယ်လို့ သိရပါတယ်။ ဟားမတ်စ်တို့ရဲ့ တုံ့ပြန်မှုကို ပြန်လည်သုံးသပ်နေတယ်လို့ အစ္စရေးနဲ့ အမေရိကန်က ပြောပါတယ်။ တုံ့ပြန်မှုတွေနဲ့ပတ်သက်ပြီး အစ္စရေးတာဝန်ရှိသူတွေနဲ့ ဒီနေ့ဆွေးနွေးမယ်လို့ အရှေ့အလယ်ပိုင်းကို ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောပါတယ်။ ဟားမတ်စ်အဖွဲ့ဟာ မူဘောင်နဲ့ပတ်သက်ပြီး အပြုသဘောဆောင်ပေမယ့် ဂါဇာကမ်းမြှောင်ဒေသ ပြန်လည်တည်ဆောက်ရေး၊ နေထိုင်သူများ နေရပ်ပြန်လာရေး၊ ဒုက္ခသည်တွေအတွက် ပြဌာန်းချက်အချို့ကို တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ Ref:BBC Photo:Getty Images

Read More

This Day in History

  Voice of Myanmar ဂျော်ဒန်တွင် အဗ္ဗဒူလာ-၂ သည် ခမည်းတော်ဖြစ်သူ ဟူစိန်ကွယ်လွန်ပြီးနောက် နာရီပိုင်းအကြာ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ဂျော်ဒန်ဘုရင်ဖြစ်လာခဲ့သည်။  

Read More

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ ဒီရက်ပိုင်းအတွင်း မြေမြုပ်မိုင်း ပေါက်ကွဲမှုတွေ အဖြစ်များ

ဖေဖော်ဝါရီ ၊ ၇ ၊ ၂၀၂၄ SP (VOM) ဒီရက်ပိုင်းအတွင်း မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်းမှာ မြေမြုပ်မိုင်း ပေါက်ကွဲမှုဖြစ်စဥ်တွေ အဖြစ်များနေပြီး အဲ့ဒီ ဖြစ်စဥ်တွေကြောင့် အရပ်သားတွေ ထိခိုက် သေဆုံး ၊ ဒဏ်ရာရတာ များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ရက်ပိုင်းက ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ၊ မြောက်ခင်ရန်းရွာနားမှာ မြေမြုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပြီး ပြည်သူ့စစ်ရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ အမျိုးသမီး မိသားစု တစု မိုင်းထိတယ် ၊ ခြေတောက်တွေ နှစ်ဖက်စလုံးပြတ်သွားတယ် ၊ အဲ့ဒီရွာနားမှာ မြေမြုပ်မိုင်း ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် သေဆုံးရသူ လေးဦးနဲ့ ကိုယ်ခန္ဓာပြတ်တောက် ဒဏ်ရာရသူ ၁၁ ဦးရှိတယ် ၊ အဲ့ဒီ အပြင် ဆိပ်ဖြူမြို့နယ် ၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်ဘက်တွေမှာ…

Read More

နေပြည်တော်နဲ့ မကွေးတိုင်းအတွက် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ (လုံနယ်)ဝန်ကြီးများပြောင်းလဲ

နေပြည်တော်နဲ့ မကွေးတိုင်းအတွက် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ (လုံနယ်)ဝန်ကြီးများပြောင်းလဲ

Read More
VOM News

FREE
VIEW