မြေအောက်ပိတ်မိနေတဲ့ အီသီယိုးပီးယား မိုင်းလုပ်သား ၂၀ ကျော်ကို ကယ်တင်နိုင်ရေး အပူတပြင်း ကြိုးပမ်းနေ

အာဒစ်အာဘာဘာ၊ ဖေဖော်ဝါရီ-၁၃-၂၀၂၄
မျိုးဆက်(VOM)

အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်းရှိ ဝေးလံခေါင်သီတဲ့ ရွာတရွာမှာ မိုင်းလုပ်သား ၂၀ ကျော် ပိတ်မိနေတာကို ကယ်ဆယ်ရေးသမားတွေက အပူအပြင်းရှာဖွေ ကယ်ဆယ်ဖို့ ကြိုးပမ်းနေကြပါတယ်။

ဒီလန်တာခရိုင်က မိုင်းတွင်းလုပ်သားတွေဟာ ကျဉ်းမြောင်းတဲ့ လှိုဏ်ဂူတခုပြိုကျပြီး ပိတ်မိနေတာ သုံးရက်ကြာရှိနေပြီး ပိတ်မိနေသူအရေအတွက်ကို တာဝန်ရှိသူတွေက ချက်ချင်းအတည်မပြုနိုင်သေးပါဘူး။

မတ်စောက်တဲ့ နေရာအနေအထားကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အခက်အခဲဖြစ်နေပါတယ်။ ဒီဒေသဟာ စက်ယန္တရားကြီးတွေရောက်ရှိဖို့ ခက်ခဲတာကြောင့် အဖိုးတန်တွင်းထွက်ရှာဖွေရေးမှာ လူရာပေါင်းများစွာနဲ့ တူးဖော်လေ့ရှိပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ လက်ရှိချိန်ထိ ခရီးမရောက်သေးပေမယ့် အသက်ရှင်နေသူတွေကို ရှာဖွေကယ်နိုင်မယ်လို့ တာဝန်ရှိသူတွေက မျှော်လင့်နေကြပါတယ်။ ယခင်မတော်တဆမှုမှာတော့ ခုနှစ်ရက်ကြာပြီးနောက် ပိတ်မိနေသူတယောက်ကို အသက်ရှင်လျက်ပြန်လည် ကယ်တင်နိုင်ခဲ့ပါတယ်။

အီသီယိုးပီးယားနိုင်ငံမှာ ဘေးကင်းမှုဆိုင်ရာ စည်းမျဉ်းတွေ အားနည်းမှုနဲ့ လိုက်နာမှုမရှိတာတွေကြောင့် အခုလို လုပ်ငန်းခွင်မတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။

Ref:BBC
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW