အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် နေတိုးအစည်းအဝေး တက်ရောက်မယ့် အစီအစဉ် ဖျက်သိမ်း

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၃-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာ လအတန်ကြာအတွင်း တတိယအကြိမ် ဆေးရုံတက်ရမှုကြောင့် နေတိုးအဖွ့ဲ့အစည်းအဝေး တက်ရောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အသက် ၇၀ အရွယ် မစ္စတာအော်စတင်ဟာ ဝါရှင်တန်ဒီစီဒေသရှိ ဆေးရုံတရုံမှာ အရေးပေါ်ကုသမှုခံယူနေရပြီး သူဟာ ဆီးအိမ်နဲ့ပတ်သက်တဲ့ ရောဂါခံစားနေရကြောင်း ပင်တဂွန်က ထုတ်ပြန်ထားပါတယ်။

အော်စတင်ဟာ သူ့ရဲ့ တာဝန်တွေကို လက်ထောက်ကာကွယ်ရေးဝန်ကြီးဖြစ်သူကို လွှဲပြောင်းထားပါတယ်။ ဆေးရုံကနေ မြန်မြန်ဆင်းရဖို့ မျှော်လင့်ထားကြောင်းနဲ့ တာဝန်တွေကို များမကြာမီ ပြန်လည်ထမ်းဆောင်နိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာအော်စတင်ဟာ ဆီးအိမ်ပြသနာကို ဖြေရှင်းဖို့အတွက် အထွေထွေမေ့ဆေးအသုံးပြုပြီး ခွဲစိတ်မှုမဟုတ်တဲ့ ကုသမှုအတွက် ဆေးရုံတက်နေရတယ်လို့ ပင်တဂွန်ကဆိုပါတယ်။ သူဟာ မကြာသေးမီက ဆေးရုံလျှို့ဝှက်တက်ရောက်ခဲ့တဲ့ ပေါ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အမေရိကန်ရဲ့ ပထမဆုံးသော လူမည်းကာကွယ်ရေးဝန်ကြီးဖြစ်သူ အော်စတင်အနေနဲ့ ဆေးရုံမှာနေထိုင်မယ့် အချိန် သို့မဟုတ် တာဝန်ပြန်လည်ထမ်းဆောင်မယ့် အချိန်ကာလကို တာဝန်ရှိသူတွေ က ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW