ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၂ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၈၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဖေဖော်ဝါရီ လကုန်ပိုင်းအထိ မိုးရွာသွန်းမှုတွေ ဆက်လက် ရှိနေနိုင်

ဖေဖော်ဝါရီ ၂၂ – ၂၀၂၄ SN (VOM) အခု ဖေဖော်ဝါရီ လကုန်ပိုင်းအထိ တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးရွာသွန်းမှုတွေ ဆက်လက် ရှိနေနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ မိုးအများဆုံး ရွာသွန်းနိုင်ခြေရှိတဲ့ ဒေသတွေကတော့ မြန်မာနိုင်ငံ (မြောက်ပိုင်း) ရှိ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း) နဲ့ မြန်မာနိုင်ငံ (တောင်ပိုင်း) ရှိ တနင်္သာရီတိုင်းတို့ဖြစ်ပြီး ကျန်တဲ့ နေရာတွေကတော့ တိမ်ဖြစ်ထွန်းတာတွေလောက်သာ ရှိနိုင်တယ်လို့ ဦးလှထွန်းက ပြောပါတယ်။ “မြန်မာနိုင်ငံ (မြောက်ပိုင်း) ကချင်တို့ စစ်ကိုင်းတိုင်း (အထက်ပိုင်း) အဲ့ဘက်မှာကတော့ ရွာဖို့အလားအလာ နည်းနည်းများတယ်။ လေး၊ ငါးရက်လောက်တော့ ရွာဖို့ရှိတယ်။ တောင်ပိုင်းစွန်း တနင်္သာရီကတော့ လကုန်လောက်အထိ ခန့်မှန်းထားတယ်။ ဒီကာလ ရွာတဲ့မိုးကတော့ အရမ်းများတာတော့ မရှိပါဘူး။ တခုရှိတာက မြန်မာနိုင်ငံ မြောက်ဖျားစွန်းတွေ…

Read More

မန္တလေး – မုံရွာ ကားလမ်းပေါ်မှာ ဒီရက်ပိုင်းအတွင်း မိုင်းတွေပေါက်ကွဲလို့ ခရီးသည် ရှစ်ဦးထက်မနည်း ဒဏ်ရာရ

ဖေဖော်ဝါရီ ၊ ၂၂ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ရေပိုးစားကျေးရွာအနီး မန္တလေး – မုံရွာ ကားလမ်းပေါ်မှာ ဖောက်ခွဲဖျက်ဆီးဖို့ အသင့်ထောင်ထားတဲ့ မိုင်းအလုံး ၃၀ နီးပါးကို မနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်း ၉ နာရီဝန်းကျင်က နစက လုံခြုံရေးအဖွဲ့တွေက ရှင်းလင်းဖယ်ခဲ့ရတယ်လို့ ချောင်းဦးမြို့နယ် ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ရေပိုးစားကျေးရွာနေ ဒေသခံတယောက်က ” မန္တလေး – မုံရွာ ကားလမ်းပေါ်မှာ လက်လုပ်မိုင်းမျိုးစုံ အလုံး ၂၇ လုံး ကျော်ထောင်ထားတယ် ၊ လမ်းရဲ့ လမ်းလယ်မျဥ်းပေါ်မှာ တည့်တည့် ထောင်ထားတယ် ၊ ပြီးခဲ့တဲ့ ၂၀၂၁…

Read More

တရုတ်ဘက် နေထိုင်ခွင့် သက်တမ်းလွန်တဲ့ မြန်မာနိုင်ငံသားတွေကို စစ်ဆေး ဖမ်းဆီးမှု များလာ

  ဖေ‌ဖော်ဝါရီ ၂၂၊ ၂၀၂၄ Shy V (VOM) တရုတ် နယ်စပ်ဘက်ခြမ်းမှာ နေထိုင်ခွင့် သက်တမ်းလွန်တဲ့ မြန်အာနိုင်ငံသားတွေကို လတ်တလော စစ်ဆေး ဖမ်းဆီးမှု များလာကြောင်း တရုတ်ဘက်ခြမ်းမှာ နေထိုင်တဲ့ မြန်မာ နိုင်ငံသား တွေဆီက သိရပါတယ်။ “နေထိုင်ခွင့် သက်တမ်း ကုန်တဲ့ သူတွေကို စစ်ဆေး ဖမ်းဆီးတာတွေ လုပ်နေတာ။ အခုဒီရက်ပိုင်းမှာပဲ အဲလို ဖြစ်နေတာ။တပတ်ကျော်ကျော် လောက်ရှိပြီ ထင်တယ်။ QR ကုတ် လုပ်ပေးတာကတော့ ဧည့်စာရင်း တိုင်တာပဲလေ။ သူက နေထိုင်ခွင့် ပေးတာ မဟုတ်ဘူး။” လို့ တရုတ်ဘက် ရွှေလီမှာ နေထိုင်သူ မြန်မာနိုင်ငံ သားတ‌ယောက်က ပြောပါတယ်။ မြန်မာဘက်ခြမ်းက ၇ ရက် တပတ် ကဒ်နဲ့ ဝင်လာကြပြီး ပြန်မထွက်တော့ပဲ အလုပ်လုပ်နေကြတော့ တရုတ်ဘက်က မူဝါဒ၊…

Read More

ကွမ်ကျိုးမှာ တံတားကို ကုန်တင်သင်္ဘောဝင်တိုက်မိလို့ ကားငါးစီး မြစ်ထဲကျ၊နှစ်ယောက်သေပြီး သုံးယောက် ပျောက်နေ

  ပေကျင်း၊ ဖေဖော်ဝါရီ-၂၂-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့မှာ တံတားတစင်းကို ကုန်တင်သင်္ဘောက ဝင်တိုက်ပြီး ကျိုးကျသွားတာကြောင့် ဘတ်စ်ကားတွေအပါအဝင် ကားငါးစီး မြစ်ထဲကို ထိုးကျသွားခဲ့ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်က ဖြစ်ပွားခဲ့တဲ့ အဲဒီမတော်တဆမှုကြောင့် လူနှစ်ယောက်သေဆုံးပြီး တယောက် ဒဏ်ရာရကာ သုံးယောက်ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တရုတ်နိုင်ပိုင် စီစီတီဗီသတင်းဌာနက ဖော်ပြထားပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သင်္ဘောကပ္ပတိန်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး တံတားပျက်စီးမှုကြောင့် အနီးတဝိုက်ရှိ ဒေသခံတွေကို အာဏာပိုင်တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားရပါတယ်။ ဒီတံတားကို အဆင့်မြှင့်တင်ဖို့ စီစဉ်ထားပေမယ့် သုံးကြိမ်တိုင်း ရွှေ့ဆိုင်းခဲ့ကြောင်း စီစီတီဗီသတင်းဌာနက ဖော်ပြထားပါတယ်။ တံတားရဲ့ ဘေးကင်းလုံခြုံမှုအတွက် တိုက်မိတာတွေက ရှောင်ရှားအတွက် အဆင့်မြှင့်တင်ဖို့ လိုအပ်ကြောင်း ပြည်နယ်အာဏာပိုင်တွေက ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ တင်ပြခဲ့ပါတယ်။ အဆင့်မြှင့်တင်မှုတွေကို ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ပြုလုပ်ဖို့…

Read More

ရခိုင်မှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်ဦးရေ တိုးလာနေပေမယ့် ဝင်ရောက်ကူညီဖို့ အခက်အခဲနဲ့ ကန့်သတ်ချက်တွေ ရှိနေ

  ဖေဖော်ဝါရီ ၂၂ – ၂၀၂၄ SN (VOM) လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဝင်ရောက်ကူညီခွင့် ကန့်သတ်ချက်တွေနဲ့ ဆေးဝါးကုသဖို့ အခက်အခဲတွေ ရှိနေတယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက မနေ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ နစကတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ တိုးလာနေပေမယ့် ဝင်ရောက်ကူညီခွင့်ကန့်သတ်ချက်တွေ ရှိနေတယ်လို့ United Nations OCHA Myanmar က ထုတ်ပြန် ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လကုန်ကတည်းက တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ထွက်ပြေးခဲ့ရတဲ့ အိုးအိမ်စွန့်ခွာရသူတွေထဲက လူဦးရေ နှစ်သောင်းသုံးထောင် နီးပါးဟာ မြို့နယ် ၁၅ မြို့နယ်အတွင်းက နေရာ…

Read More

မြန်မာကရလာတဲ့ နျူကလီးယားဓါတ်သတ္တုတွေ ရောင်းချဖို့ကြိုးပမ်းတဲ့ ဂျပန်ယာကူဇာခေါင်းဆောင်ကို အမေရိကန် စွဲချက်တင်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၂-၂၀၂၄ မျိုးဆက်(VOM) မြန်မာနိုင်ငံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဆီက ရရ်ှိခဲ့တဲ့ နျူကလီးယား ဓါတ်သတ္တုပစ္စည်းတွေကို သယ်ဆောင်ရောင်းချဖို့ ကြိုးပမ်းတဲ့ ဂျပန် ယာကူဇာဂိုဏ်းခေါင်ဆောင် တယောက်ကို အမေရိကန် တရားရေးဌာနက စွဲချက်တင်လိုက်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။ အသက် ၆၀ အရွယ် တာကိရှီအီဘီဆာဝါဆိုသူဟာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့အတွက် အီရန်ကို လွှဲပြောင်းပေးမယ်လို့ ယူဆရတဲ့ ယူရေနီယံနဲ့ ပလူတိုနီယမ်တို့ကို ရောင်းချဖို့ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ မစ္စတာအီဘီဆာဝါနဲ့ အမှုတွဲ ထိုင်းနိုင်ငံသားတယောက်တို့ကို လက်နက်နဲ့ မူးယစ်ဆေးဝါး စွဲချက်တွေကြောင့် ၂၀၂၂ ခုနှစ် ဧပြီလမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး နောက်ဆုံးစွဲချက်တွေအရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ်တသက်တကျွန်း ကျခံရမှာဖြစ်ပါတယ်။ ဘရွတ်ကလင်း အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မစ္စတာ အီဘီဝါဆာဟာ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်းနဲ့အမေရိကန်တို့မှာ လှုပ်ရှားနေတဲ့ ဂျပန်ယာကူဆာဂိုဏ်း ထိပ်တန်းတာဝန်ရှိသူလို့ အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။ မစ္စတာ အီဘီဆာဝါနဲ့…

Read More

စစ်ကိုင်းမှာ ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်သရုပ်ပြ အခမ်းအနား ကျင်းပ

  စစ်ကိုင်း၊ ဖေဖော်ဝါရီ- ၂၂- ၂၀၂၄ SA(VOM) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်မှာရှိတဲ့ စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာနမှာ ငလျင်ဘေး အန္တရာယ် ဇာတ်တိုက်သရုပ်ပြခြင်း အခမ်းအနား အစီအစဥ်ကို ဒီကနေ့မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ အခမ်းအနားအစီအစဥ်မှာ ငလျင်လှုပ်ခတ်မှုကြောင့် လမ်းမပေါ်မှာ သွားလာနေတဲ့ ယာဥ်တစီးက မြေပြိုမှုဖြစ်လို့ (accident) ဖြစ်ပွားပြီး မီးလောင်နေတဲ့အတွက် မီးသတ်တပ်ဖွဲ့က (3D Nozzle) အသုံးပြုပြီး (Coling System) အအေးပေးခြင်းနဲ့ မီးငြှိမ်းသတ်ခြင်း ယာဥ်အတွင်းမှာ သတိလစ်ပြီး ညပ်နေတဲ့ လူနာကို ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေက နယ်သာလန်နိုင်ငံထုတ် (Hydraulic Rescue Tool) တွေနဲ့ ကယ်ထုတ်ခြင်း လမ်းပိတ်နေတဲ့ ယာဥ်ကို (191- Rescue Truck ) 5 – Tone ကရိန်းကို အသုံးပြုပြီး ဖယ်ရှားခြင်း…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၂၂ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၀၀ ကျပ် ဝယ်ဈေး – ၃၅၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၆၀ ကျပ် ဝယ်ဈေး – ၂၆၁၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၆၅ ကျပ် ဝယ်ဈေး – ၃၇၈၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၅၀ ကျပ် ဝယ်ဈေး – ၉၈.၅၂ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၅ ကျပ် ဝယ်ဈေး – ၇၄၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၅ ကျပ် ဝယ်ဈေး – ၄၈၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၂ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW