ဖေဖော်ဝါရီ ၂၃ – ၂၀၂၄ SN (VOM) ဟိန္ဒူဘာသာမှာ “သိုက်” ဆိုတဲ့ အယူအဆ မရှိတဲ့အတွက် ဟိန္ဒူဘုရားတွေရဲ့ အမည်နာမနဲ့ ပူးသယောင်၊ ကပ်သယောင် ပြုလုပ်သူတွေဟာ လူလိမ်စစ်စစ်တွေသာဖြစ်တယ်လို့ ဟိန္ဒူလူငယ်တွေအကြား ဝေဖန်မှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အနုပညာရှင်အသိုင်းအဝိုင်းမှ အမျိုးသမီးတယောက်ဟာ သိုက်ချော့တယ်လို့ ဆိုပြီး ဟိန္ဒူရိုးရာ အမျိုးသမီးအဝတ်အစားတွေကို ဝတ်ဆင်ကာ ပူးကပ်နေတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုတွေ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး အဲ့ဒီ့နောက် ဟိန္ဒူဘာသာရေးအသိပညာအဖွဲ့ကလည်း အသိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ “ထုတ်ပြန်ချက်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ တချို့ ဓာတ်၊ နတ်၊ သိုက်လောက က လူတွေက ဟိန္ဒူဘာသာရဲ့ မွန်မြတ်လှတဲ့ဘုရားရှင်တွေကို မသင့်တော်တဲ့လုပ်ရပ်တွေနဲ့ ရောယှက်နေကြတာကိုတွေ့ရလို့ပါ။ ဒီလို ရောယှက်မှုတွေက အလွန်အင်မတန် သရုပ်ပျက်သလို သာသနာ့ပုံရိပ်ကိုလည်း ညှိုးနွမ်းစေလို့ပါ။ အဓိကကတော့ မအေမီဈာန်ရဲ့…
Read MoreDay: February 23, 2024
ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၃ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၃၈၀၀၀ ကျပ် ဝယ်ဈေး ၃၈၉၈၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၃၈၀၀၀ ကျပ် ဝယ်ဈေး ၃၆၉၈၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreနဂါးနဲ့ ဆင်တူတဲ့ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၂၄၀ က ကျောက်ဖြစ်ရုပ်ကြွင်းကို သိပ္ပံပညာရှင်တွေ ထုတ်ဖော်ပြသ
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၃-၂၀၂၄ မျိုးဆက်(VOM) သိပ္ပံပညာရှင်တွေဟာ ထရိုင်ရာစစ်ခေတ်က ၁၆ ပေအရှည်ရှိ နဂါးလို့ ယူဆရတဲ့ ရေနေတွားသွားသတ္တဝါ တကောင်ရဲ့ အကောင်းအတိုင်းရှိနေသေးတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းသစ်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ တွေ့ရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ခဲ့တဲ့ သတ္တဝါဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၂၄၀ ကဖြစ်ပြီး လည်ပင်းအလွန်ရှည်လျားတာကြောင့် နဂါးတကောင်လို အသွင်မျိုးဖြစ်ကာ တရုတ်နိုင်ငံတောင်ပိုင်းရှိ ထုံးကျောက်လှိုဏ်ဂူတွေထဲက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီမျိုးစိတ်ဟာ ၂၀၀၃ ခုနှစ်မှာ စတင်ဖော်ထုတ် တွေ့ရှိခဲ့တဲ့ ဒိုင်နိုဆယ်ဖယ်လိုဆောရပ်စ် မူလမျိုးစိတ်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားပြီး သမိုင်းမတင်ခင်ခေတ်က ထူးဆန်းတဲ့သတ္တဝါတကောင်ရဲ့ ခန္ဓာဗေဒဖွဲ့စည်းမှုကို အပြည့်အစုံဆုံး တွေ့ရှိခဲ့တာဖြစ်ပါတယ်။ “ ဒါဟာ သိပ္ပံပညာရှင်တွေအတွက် ပထမဆုံးအကြိမ်တွေ့ရှိတာဖြစ်ပြီး ဒါဟာ အရမ်းထူးဆန်းတဲ့ သတ္တဝါတကောင်ဖြစ်တယ်” လို့ ကျောက်ဖြစ်ရုပ်ကြွင်းကို လေ့လာနေတဲ့ နိုင်ငံတကာအဖွဲ့မှာပါဝင်သူ စကော့တလန် အမျိုးသားပြတိုက်က ဒေါက်တာ နစ်ခ်ဖရာဆာက ပြောပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်းမှာ ခြေလက်တွေပါဝင်ပြီး လည်ပင်းဟာ…
Read Moreအငြင်းပွားမှုတွေကြောင့် ကမ္ဘာ့အသက်အကြီးဆုံးခွေးရဲ့ ဆုတံဆိပ်ကို ဂင်းနစ်စံချိန်အဖွဲ့ ပြန်ရုပ်သိမ်း
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၃-၂၀၂၄ မျိုးဆက်(VOM) ကမ္ဘာ့အသက်အကြီးဆုံး ခွေးအဖြစ် သတ်မှတ်ခံထားရတဲ့ ခွေးလေး ဘော်ဘီနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေကြောင့် အသက်အကြီးဆုံးအဖြစ် သတ်မှတ်ချက်ကို ရုပ်သိမ်းဖယ်ရှားခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်က သေဆုံးခဲ့တဲ့ ခွေးလေးဘော်ဘီဟာ ကမ္ဘာ့အသက်အကြီးဆုံးခွေးအဖြစ် အခိုင်အမာပြောဆိုထားတဲ့ အတိုင်း အသက်အရွယ်အကြီးဆုံးဖြစ်ကြောင်း လုံလောက်တဲ့ သက်သေမရှိဘူးလို့ ဂင်းနစ်စံချိန်အဖွဲ့က ထုတ်ပြန်ပါတယ်။ ဘော်ဘီရဲ့ အသက်အရွယ်ဟာ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ချီးမြှင့်ခဲ့တဲ့ မှတ်တမ်းဝင်ဆုကို ပေးအပ်ဖို့ လုံလောက်သော အထောက်အထားမရှိကြောင်း တိုင်ကြားကန့်ကွက်မှုတွေရှိခဲ့တယ်လို့ ဂင်းနစ်စံချိန်အဖွဲ့က ပြောပါတယ်။ လက်ရှိမှာ ကမ္ဘာ့အသက်အကြီးဆုံးခွေးအဖြစ် ဘယ်ခွေးက စံချိန်သစ်တင်နိုင်မယ်ဆိုတာကို မဆုံးဖြတ်ရေးသေးကြောင်း ဂင်းနစ်စံချိန်အဖွဲ့က ပြောပါတယ်။ ဘော်ဘီဟာ ပေါ်တူဂီမှဖြစ်ပြီး အဲဒီခွေးမျိုးစိတ်ဟာ ပုံမှန်အားဖြင့် အသက် ၁၂ နှစ်ကနေ ၁၄ နှစ်ထိသာ အသက်ရှည်ကြပါတယ်။ အသက်အကြီးဆုံးအဖြစ် ဆုပေးအပ်ချိန်မှာ ဘော်ဘီဟာ အသက် ၃၀ ရှိတယ်လို့ ဆိုပါတယ်။…
Read Moreပုဇွန်တောင်မှာ ရထားနှစ်စင်းတိုက်မှုဖြစ်ပွားပြီး ခုံးကျော်တံတားတစင်း ကျိုးကျ ပျက်စီး
ဖေဖော်ဝါရီ ၂၃ – ၂၀၂၄ SN (VOM) ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်၊ မနက် ၄ နာရီခွဲဝန်းကျင်က ရထားနှစ်စင်းတိုက်မိမှု ဖြစ်ပွားခဲ့ပြီး ခုံးကျော်တံတားတစင်း ကျိုးကျပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ရေကျော်ဝတ်ကျောင်းလမ်းနဲ့ ဘင်္ဂါလီစု ကူးတဲ့ ရထားလမ်း ခုံးကျော်တံတားအနီးမှာ ရထားနှစ်စင်း တိုက်မိခဲ့တာဖြစ်ပြီး အဲ့ဒီ့ဖြစ်စဉ်ကြောင့် ခုံးကျော်တံတား ထက်ပိုင်းကျိုးသွားခဲ့တယ်လို့ သိရပါတယ်။ “လူထိခိုက်တာတော့ မတွေ့ရဘူး။ တံတား ကျိုးသွားတာတော့အမှန်ပဲ။ တံတားကျိုးသွားတော့ လူတွေ ရုံးတက်ရုံးဆင်း ဒုက္ခရောက်ကြပြီပေါ့” လို့ ဒေသခံတယောက်က ပြောပါတယ်။ အခုလို ရထားနှစ်စင်း တိုက်မိခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ VOM အနေနဲ့ မီးရထား တာဝန်ရှိသူတယောက်ကို ဖုန်းဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။ အသေးစိတ် အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပါဖြစ်ပါတယ်။ Photo Crd:…
Read Moreတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူရန် အသိပေးချက်
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူရန် အသိပေးချက်
Read Moreမြန်မာ – တရုတ် နယ်စပ်၊ တရုတ်ဘက်ခြမ်းမှာ လိုက်နာရမယ့် အချက်တွေ တရုတ်ဘက်က အသိပေး ထုတ်ပြန်
ဖေဖော်ဝါရီ ၂၃၊ ၂၀၂၄ Shy V (VOM) ကျယ်ဂေါင် နယ်စပ် ဧရိယာ အတွင်း အချိန်ကြာကြာ ဖရိုဖရဲ ရပ်ထားတဲ့ ကားတွေကို ဥပဒေအရ ယာဉ်ထိန်းတွေ သိမ်းသွားမှာ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်နေ့က တရုတ်ဘက် အသိပေးပေးစာ ထုတ်ပြန်ထားပါတယ်။ “ဟုတ်တယ်။ ကျယ်ဂေါင်က ကားတွေကို ဒီ လမ်းဘေးမှာ ရပ်ထားတယ်ပေါ့နော်။ ဒီ သုံး ရက် ခွင့် ပြုပေးတယ်ပေါ့နော်။ အဲဒီမှာ လာမယူ လို့ ရှိရင် ဒီ ကျယ်ဂေါင် လမ်းဘေးမှာ ရပ်ထားတဲ့ ကားတွေကို တရုတ်က သိမ်းမှာ ဟုတ်တယ်။” နယ်စပ် ဒေသခံ တယောက် က ပြောပါတယ်။ ဒါ့ အပြင် မူဆယ် ထွက်ပေါက် ကနေ တရုတ်နိုင်ငံဖက် နယ်စပ်ဖြတ်သန်းခြင်းဆိုင်ရာ…
Read Moreယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၃ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreအေဒင်ပင်လယ်ကွေ့မှာ ဗြိတိန်ပိုင် သင်္ဘောတစင်းကို ဟူသီအဖွဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြန်
ဆာနား၊ ဖေဖော်ဝါရီ-၂၃-၂၀၂၄ မျိုးဆက်(VOM) အေဒင်ပင်လယ်ကွေ့မှာ ဗြိတိန်ပိုင် ကုန်တင်သင်္ဘောတစင်းဟာ ဟူသီသူပုန်တွေပစ်ခတ်လိုက်တဲ့ ဒုံးကျည်နှစ်စင်း ထိမှန် ပျက်စီးသွားပြီး ဒဏ်ရာရသူအနည်းငယ်ရှိတယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ ယီမင်နိုင်ငံ အေဒင်ဆိပ်ကမ်းမြို့ကနေ အရှေ့တောင်ဘက်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး သင်္ဘောဟာ ဆက်လက်ခုတ်မောင်းသွားပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် သင်္ဘောပေါ်မှာမီး လောင်မှုဖြစ်ခဲ့တယ်လို့ ဗြိတိန်အာဏာပိုင်တွေက ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို ဟူသီသူပုန်အဖွဲ့က အတည်ပြုထားပြီး အမေရိကန်စစ်သင်္ဘောတစင်းကိုလည်း ဒုံးကျည်တွေနဲ့ ပစ်ခတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေဟာ ဂါဇာစစ်ပွဲမှာ ဟားမတ်စ်တို့ကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ဒေသတွင်းမှာ သွားလာတဲ့နေတဲ့ ကုန်တင်သင်္ဘောတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုရဲ့ ၁၂ရာခိုင်နှုန်းရှိနေတဲ့ အဲဒီဒေသရေလမ်းကြောင်းမှာ ဟူသီတို့ရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာအဖွဲ့တွေက တပ်ဖြန့်ပြီး ကင်းလှည့်မှုတွေ လုပ်ဆောင်နေကြပါတယ်။ Ref:BBC Photo:…
Read MoreThis Day in History
Voice of Myanmar ဆီးရီးယားတွင် လက်ဝဲယိမ်းစစ်တပ်အရာရှိများက ၁၉၆၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်၌ ဆိုရှယ်လစ်အစိုးရကို ဖြုတ်ချ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး နိုင်ငံ၏နယ်စပ်များကို ပိတ်ပစ်ခဲ့သည်။
Read More