ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၃-၂၀၂၄
မျိုးဆက်(VOM)
ကမ္ဘာ့အသက်အကြီးဆုံး ခွေးအဖြစ် သတ်မှတ်ခံထားရတဲ့ ခွေးလေး ဘော်ဘီနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေကြောင့် အသက်အကြီးဆုံးအဖြစ် သတ်မှတ်ချက်ကို ရုပ်သိမ်းဖယ်ရှားခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်က သေဆုံးခဲ့တဲ့ ခွေးလေးဘော်ဘီဟာ ကမ္ဘာ့အသက်အကြီးဆုံးခွေးအဖြစ် အခိုင်အမာပြောဆိုထားတဲ့ အတိုင်း အသက်အရွယ်အကြီးဆုံးဖြစ်ကြောင်း လုံလောက်တဲ့ သက်သေမရှိဘူးလို့ ဂင်းနစ်စံချိန်အဖွဲ့က ထုတ်ပြန်ပါတယ်။
ဘော်ဘီရဲ့ အသက်အရွယ်ဟာ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ချီးမြှင့်ခဲ့တဲ့ မှတ်တမ်းဝင်ဆုကို ပေးအပ်ဖို့ လုံလောက်သော အထောက်အထားမရှိကြောင်း တိုင်ကြားကန့်ကွက်မှုတွေရှိခဲ့တယ်လို့ ဂင်းနစ်စံချိန်အဖွဲ့က ပြောပါတယ်။ လက်ရှိမှာ ကမ္ဘာ့အသက်အကြီးဆုံးခွေးအဖြစ် ဘယ်ခွေးက စံချိန်သစ်တင်နိုင်မယ်ဆိုတာကို မဆုံးဖြတ်ရေးသေးကြောင်း ဂင်းနစ်စံချိန်အဖွဲ့က ပြောပါတယ်။
ဘော်ဘီဟာ ပေါ်တူဂီမှဖြစ်ပြီး အဲဒီခွေးမျိုးစိတ်ဟာ ပုံမှန်အားဖြင့် အသက် ၁၂ နှစ်ကနေ ၁၄ နှစ်ထိသာ အသက်ရှည်ကြပါတယ်။ အသက်အကြီးဆုံးအဖြစ် ဆုပေးအပ်ချိန်မှာ ဘော်ဘီဟာ အသက် ၃၀ ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သူ မွေးဖွားရာ ခုနှစ်သက္ကရာဇ်ကို အတိအကျသက်သေပြနိုင်တဲ့ ခိုင်လုံတဲ့ အထောက်အထားမရှိကြောင်း ဂင်းနစ်အဖွဲ့က ပြောဆိုထားပြီး လွန်ခဲ့တဲ့လမှာ စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ပြီးနောက် ဆုကိုရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။ ဘော်ဘီသည် အသက် ၃၁ နှစ်နှင့် ၁၆၅ ရက် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် သေဆုံးခဲ့ပါတယ်။
Ref:BBC
Photo: Guinness World Records